Sunday 9 October 2016

Mr.Lim Kam Chooi မှ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM50ကိုပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ..။
သာဓု..သာဓု..သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)



ပျော်ရွင်စွာ နေတတ်အောင် လေ့ကျင့်ပါ (စိတ်ထိခိုက်ခံစားမှုဆိုတာ ခဏပါ)
တကယ်တော့ ကိုယ်ငမ်းငမ်းတက် ရှာဖွေခဲ့ဖူးတဲ့ အောင်မြင်မှု ကျဆုံးမှုတွေဟာ ပြန်တွေးကြည့်ရင် ရယ်စရ...ာ ကောင်းလွန်းလှပါတယ်. . . ။
အောင်မြင်မှုတစ်ခုရဖို့ လောဘဒေါသမောဟတွေနဲ့ အပြင်းအထန်အားထုတ်ရတယ်။ အဲ့ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ လောဘဒေါသမောဟတွေနဲ့ပဲ ဆက်ပြီး အားထုတ်ရတယ်။ အဲ့ဒီအောင်မြင်မှုကြီး ပြိုလဲသွားမှာကိုလည်း စိုးရိမ်သောကဗျာပါဒတွေနဲ့ တစ်ချိန်လုံး လုံးထွေးရစ်ပတ် ပူလောင်နေရတယ်. . .။
နောက်ဆုံးမှာတော့ လောဘတွေ ဒေါသတွေ မောဟတွေအကြောင်း. . .
မာန်တွေ မာနတွေအကြောင်း. . .
ဖြစ်ပြီးရင် ပျက်တတ်တဲ့အကြောင်း. . .
ဘယ်အရာမှ မတည်မြဲတဲ့အကြောင်း. . .
ဘဝဆိုတာ အချစ်အမုန်းအပြုံးတွေနဲ့ မနားတမ်း ကူးခတ်နေရတဲ့ ပင်လယ်တစ်ခုသာဖြစ်ကြောင်း. . .
အကြောင်း. . .အကြောင်း. . . အကြောင်း. . .တွေ
နားလည်ခဲ့မယ်ဆိုရင် . . .။

kuantan Min Yar Zar (ပြန်လည်မျှဝေခြင်း)

No comments:

Post a Comment