Sunday 29 January 2017

ကွမ်တန်းမှ  အလှူရှင်တစ်ဦးနှင့်  သော်သော် (ခ)မသင်းသင်းကြည်တို့မှ နိစ္စဒါနပရဟိတအသင်းအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန်အတွက် RM60 ကို လှူ ဒါန်းပါတယ်ခင်ဗျာ။ ဝမ်းမြောက်ဝမ်းသာ  သာဓုခ်ါဆိုပါတယ်ခင်ဗျာ။ 

ကိုရဲလှိုင်ဝင်း(ခ) ကိုတာယာပွကြီး (ကွမ်တန်းနိစ္စဒါနပရဟိတအသင်း)




Image may contain: 1 person, text



Wednesday 25 January 2017

ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်တည့်တံ့ပါစေခြင်းအကျိုးငှါ ဘုရားမြတ်စွာသာသနာရဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော စေတီတော်တစ်ဆူကို အများဝေနေယျာတို့ ကြည်ညိုသဒ္ဓါပွားကာ ဖူးမြှော်နိုင်ကြစေရန် မလေးရှားနိုင်ငံ အီပို့မြို့တွင် ထိုမြို့ရှိ #ကာယကံမေတ္တာရှင်လူမှုကူညီရေးအသင်း မှဦးဆောင်၍ မလေးရှားမှ ပရဟိတအသင်းတွေ စုပေါင်း၍ ဘုရားထီးတော်တင်ပွဲ အောင်မြင်စွာပြီးဆုံးသွားပါပြီဗျာ။ ဤကောင်းမှုအစုစုအား မိဘပြည်သူ မိဆ်ဆွေသင်္ဂဟအပေါင်းတို့အား အမျှ၃ ပေးဝေပါသည် နတ်လူသာဓု ခေါ်စေသောဝ်...............

 



ကွမ်တန်းနိစ္စဒါနပရဟိတအသင်း

Sunday 22 January 2017

                 




Image may contain: text
Image may contain: sky and outdoor

အီပို့မြို့တွင် တည်ထားကိုးကွယ်သော ရာမညဝံသဝီဇယစေတီတော်မြတ်၏ ထီးတော်သစ်တင်လှူရန်အတွက် ကွမ်တန်းမြို့ နိစ္စဒါန အသင်းမှ rm 3500 ထည့်ဝင်လှူဒါန်းပါသည် ဤသို့ပါဝင်၍လှူဒါန်းပေးကြပါသော ကွမ်တန်းမြို့ နိစ္စဒါန အသင်းသူ အသင်းသားများ ကွမ်တန်းမြို့စေတနာရှင် အားလုံးတို့သည် ကိုယ်ကျန်းမာ၍စိတ်ချမ်းသာပြီး ဒီထက်မကလှူနိုင် တမ်းနိုင်ပြီး သာသနာတော်ကြီးကို  ထောက်ပံ့စောင့်ရှောက်နိုင်ကြပါစေ။ ပရဟိတအလုပ်တွေကိုလည်း ဒီထက်မက လုပ်ဆောင်နိုင်ပါစေ။ နိစ္စဒါန လူမှုကူညီရေးပရဟိတအသင်းကြီး နှစ်တစ်ရာမက အဓွန့်ရှည်ပါစေ။ သာဓု သာဓု သာဓု....................


Thursday 19 January 2017

ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်တည့်တံ့ပါစေခြင်းအကျိုးငှါ ဘုရားမြတ်စွာသာသနာရဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်သော စေတီတော်တစ်ဆူကို အများဝေနေယျာတို့ ကြည်ညိုသဒ္ဓါပွားကာ ဖူးမြှော်နိုင်ကြစေရန် မလေးရှားနိုင်ငံ အီပို့မြို့တွင် ထိုမြို့ရှိ #ကာယကံမေတ္တာရှင်လူမှုကူညီရေးအသင်း မှဦးဆောင်၍ တည်ထားကောင်းမှုပြုခဲ့ကြပါသည်။
အနေအထားအရ.. ,
မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ဘာသာရေးအဆောက်အဦးများ ၊ စေတီတော်များကို တည်ထားကိုးကွယ်ခွင့် ရဖို့ရန်မှာ လွန်စွာခဲယဉ်းလှသည့်အလျောက် တရားပွဲများကိုပင် ခက်ခဲစွာပြုလုပ်ကြရပါသည်။ "ဗုဒ္ဓုပ္ပတော ဒုလ္လဘော လောကသ္မိံ ၊ သဒ္ဓမ္မော သာသနံ အတိဒုလ္လဘံ" ဟူသည့်အတိုင်း ဟောသူ နာသူပြည့်စုံမူလည်း ဖြစ်လတ်ပစ္ဆာန် အကြောင်းခံ၍ အလွန်ခဲယဉ်းသည့်ကြားက ကိုးကွယ်စရာ ဥဒိဿစေတီတော်တစ်ဆူတည်ထား ကိုးကွယ်ခွင့်ရကြသည်မှာ လွန်စွာကျေနပ်အားရစရာကောင်းလှ၍ ဆရာတော်များအမှုးထားကာ ဖြစ်အောင်ဦးဆောင်ပြုလုပ်သူများ၏ ဇွဲလုံ့လနှင့်အီပို့မြို့ခံ ရွေ့ပြောင်းမြန်မာလုပ်သားများ၏ (သဒ္ဓါတရား) ညီညွတ်မှုအင်အားကို လွန်စွာလေးစားဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
မြန်မာသံရုံး မိသားစုများအပါအဝင် မလေးရှားနိုင်ငံရှိ ပြည်နယ်အသီးသီးမှ ပရဟိတအဖွဲ့အစည်းများမှလည်း မိမိတို့တတ်အားသမျှ ကာယအား ဉာဏအား စေတနာသဒ္ဓါအားတို့ဖြင့် ဝိုင်းဝန်းအားဖြည့်ပံ့ပိုးပေးကြရာတွင် မိမိတို့ပါဟန်းပြည်နယ်ရှိ #နိစ္စဒါနလူမှုကူညီရေးအသင်း(ကွမ်တန်းမြို့)မှလည်း အခြေအနေအကြောင်းအရပ်ရပ်ကြောင့် ကာယအားဖြင့်ကုသိုလ်ယူ မပါဝင်နိုင်ကြစေကာမူ အုတ်တစ်ချပ် သဲတစ်ပွင့်အနေအားဖြင့် ပါဝင်မှုပြုနိုင်စေရန်ရည်သန်၍ စေတနာသဒ္ဓါစွမ်းအားဖြင့် RM3500ကို ပံ့ပိုးကူညီလှူဒါန်းမှု ပြုခဲ့ကြပါသည်။
ဤကောင်းမှုစေတနာကုသိုလ်သည် ကွမ်တန်းမြို့ရှိ နိစ္စဒါနအသင်းသူ/သားများနှင့် အသင်းသို့ပါဝင်လှူဒါန်းကြပါသော စေတနာရှင်များ၏ သန့်ရှင်းစွာရအပ်သော လုပ်အားခချွေးနဲစာများကို အခြေခံထားခြင်းဖြစ်ရာ စေတီတော်တည်ဆောက်ရာတွင် တတတ်တအား(လုပ်အားဒါန)လည်း ဖြစ်ပါစေ ။
အသင်းသူ/သားများနှင့်ကွမ်တန်းမြို့ရှိ ရွှေမြန်မာများအားလုံး ကုသိုလ်အမျှရကြပါစေ။
ဝမ်းမြောက်သောစိတ်ဖြင့် သာဓုခေါ်ဆိုနိုင်သူများလည်း ဖြစ်ကြပါစေ။
ကိုယ်တိုင်လည်း အမျှပေးဝေနိုင်သူများ ဖြစ်နိုင်ကြပါစေ။
"ငါတို့ဖြစ်ရ ဤလောကဝယ် ၊ ဘဝသမိုင်း မရိုင်းစေရန် ၊ စိတ်မာန်မချ မာနမပါ ၊ တို့စွမ်းရာဖြင့် တို့သာသနာ ၊ တို့ပြည်ရွာကို သာယာစေမှု ၊ လုံ့လပြုအံ့။"
သာဓု.. သာဓု... သာဓု...။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
Image may contain: sky and outdoor Image may contain: text

Monday 16 January 2017

No automatic alt text available.No automatic alt text available.

No automatic alt text available.No automatic alt text available.

Image may contain: text

12/1 ---2017
ယခုလအသင်းဝင်များထံမှ လက်ရှိကောက်ခံရရှိငွေနှင့် လက်ရှိရံပုံငွေစာရင်း.။ အလှူငွေထည့်ဝင်ထားပြီးသော အသင်းဝင်များအနေဖြင့် ဤစာရင်းတွင်မပါဝင်ပါက Nicca Dâna အကောင့်သို့ cb မှ ဖြစ်စေ ကိုဇော်မျိုးထံသို့ viber ကဖြစ်စေ အကြောင်းကြား အသိပေးကြပါခင်ဗျာ ။ ။
adim ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)


Friday 13 January 2017

Image may contain: text


ကျွန်တော်များ နိစ္စဒါနပရဟိတအသင်းတွင် လိုအပ်ရာနေရာများတွင် ပြန်လည်၍အသုံးပြုနိုင်စေရန်..
88foodcourt ရွှေညီကိုများမှ RM300
ဒေါ်ချိုပြုံးမှ RM100
ကိုအောင်ထူး(ငါးဒိုင်-ဘာတူးတီဂါး)မှ RM50 တို့ကို ပရဟိတစိတ်ထားဖြင့် တတ်အားသမျှ ပါဝင်ကာ လှူဒါန်းခဲ့ကြပါတယ်ခင်ဗျာ.။

သာဓု သာဓု သာဓု..

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Image may contain: text and nature

တစ်ခါတစ်လေ ကိုယ်ကဘာမှမလုပ်ပဲ
ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်..

တစ်ခါတစ်လေ ကိုယ်ကလုံးဝမသိလိုက်ပဲ
ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့သူတွေရှိနေတတ်တာ..

တစ်ခါတစ်လေ ကိုယ်တောင်မသိလိုက်ရပါပဲ
ကိုယ်ဟာ လူယုတ်မာကြီးဖြစ်နေပြန်ပါရော့..

တစ်ခါတစ်လေကျတော့ကိုယ်မလုပ်ဖုးတဲ့
အရာတွေတောင်
သူတို့ပါစပ်ထဲမှာတင်ကိုယ်ဟာ လုပ်မိသလိုမျိုး..

အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်းမလိုအပ်သလို
ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

အရေးတယူလိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
ပြန်တုန့်ပြန်ဖို့လည်း စိတ်ကူးမရှိပါဘူး..

ကိုယ်ကဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့
မကောင်းစေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ..

အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့ခါ
သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...။။

credit: :


Friday 6 January 2017

နိစ္စဒါနပရဟိတအသင်း၏ လူမှုကူညီရေးလုပ်ငန်းများတွင် လိုအပ်ရာ၌ပြန်လည်အသုံးပြုနိုင်ရန်..
မသော်သော် RM 30
မခင်အုန်းကြည် RM 20
ကွမ်တန်းအလှူရှင်တဦး RM 30
မနန်း(777) RM 40 တို့မှ အသီးသီးအလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်ခင်ဗျာ ။
သာဓု သာဓု သာဓု..

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)




မေတ္တာသည်သာ
★ မေတ္တာစိတ်ထား ထိုတရား
နှလုံးသား၌ ကိန်းပါစေ ။
★ မေတ္တာတရား လူ့စွမ်းအား
ပြန့်ပွားအားလုံး ရပါစေ ။
★ မေတ္တာပြည့်ဝ လူ့ဘဝ
အရတော်၍ လှပါစေ ။
★ မေတ္တာထုံမွှမ်း ဘဝလမ်း
ဘေးဘျန်းအေးချမ်း ကြပါစေ ။
★ မေတ္တာနှလုံး ကိုယ်စီသုံး
အဆုံးနိဗ္ဗာန် ရပါစေ ။
★ အေးချမ်းဘဝ နေလိုက
မေတ္တာသည်သာ ထာဝရ ။


ဇော်မျိုး

Tuesday 3 January 2017

Image may contain: 1 person

နီးလျက်နဲ့ ဝေး
************
သိစမ်းကွဲ့ အိုချစ်ဆွေရယ်
ကမ္မဋ္ဌာန်းဆို အလွယ်လေး
နီးလျက်နဲ့ ဝေး ။ ။
ရှင်ဖြစ်မဲ့ သာမဏေလျာကို
ဆံချစဉ် သင်ကာပေး
တစပဉ္စက လေး ။ ။
ဤငါးပါး ရှုဆင်ခြင်လျှင်
သာမဏေပင် ဉာဏ်ရောင်တောက်
ထွက်ပေါက်ရဲ့ တွေး ။
အသုဘကမ္မဋ္ဌာန်းအကြောင်း ရေးထားတဲ့ ပို့စ်တစ်ခုမှာ မန့်ခဲ့တာလေးပါ။ ရေးတုန်းကတော့ စိတ်ကူးပေါ်လို့ ရုတ်တရက်ချရေးလိုက်တာ။ ခုပြန်ပေါ်လာလို့ ကိုယ့်ရေးခဲ့တဲ့ မန့်လေး အသေအချာပြန်ကြည့်လိုက်တော့မှ အင်း.... ဘယ်လိုပြောရမလဲ..ဟုတ်တယ်ဗျ။ နီးလွန်းလို့ကျနော်တို့ သတိမထားမိခဲ့ကြတာနေမှာ..းးးး
ကဲကြည့်ဦးဗျ....
"ဣမသ္မိံ ကာယေ ကေသာ ၊ လောမာ ၊ နခါ ၊ ဒန္တာ ၊ တစော"
ဒါက ကျနော်ဘုရားရှိခိုးတိုင်း အမြဲရွတ်ဆိုနေကျလေးပါ ။
မြန်မာလိုတော့ "ဤကိုယ်ကာယ၌ရှိသော ဆံပင် ၊ အမွှေး ၊ ခြေသည်း လက်သည်း ၊ သွား ၊ အရေပြား" လို့ ဆိုတယ်ပေါ့ ။
ဒါကို ဆရာတော်ကြီး(မဟာဂန္ဓာရုံဆရာတော်ကြီးထင်၏)က လင်္ကာလေးနဲ့ မှတ်ရလွယ်အောင် သင်ပေးထားတာရှိပါတယ်။ ရပြီးသားသူတွေကတော့ ရှိစေ... မရသေးတဲ့သူတွေလည်း မှတ်ထားပြီး ရအောင်ကျက်ထားသင့်ပါတယ်။ ပြီးမှ အလုပ်ခွင်မှာ အသုံးချကြည့်ပေါ့ ။
ငါ၏ကိုယ်မှာ နံ့သာမွှေးကြိုင်
မြဲခိုင်လှစွာ ၊ ကောင်းရာမမြင်
ဆံပင်သာရှိ ၊ မွှေးညင်းရှိ၍
ခြေသည်းလက်သည်း ၊ ခြေ၊လက်သည်းနှင့်
သွားလည်းတထွေ ၊ အရေတစ်မျိုး
ညှီနံ့ဆိုးသည် ၊ အသိုးအပုပ်ကြီးပါတကား။ ။
( "ကာယဂတာသတိ" လို့ခေါ်တယ်။ ဒီငါးမျိုးတည်းကိုတော့ "တစပဉ္စကကမ္မဋ္ဌာန်း" လို့ခေါ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက်ဆိုရင်တော့ "သုံးဆယ်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်း" ပေါ့ ။ "စက်ဆုပ်ရွံ့ရှာဖွယ်ရာ မနှစ်မြို့ဖွယ်ရာကောင်းသော ဆံပင်စသော သုံးဆယ့်နှစ်ပါးသော အစုအဝေးတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော တစ်လံမျှရှိသည့် ဤကိုယ်ကာယကို အခြေခံထား၍ ရှုပွားခြင်းဖြစ်သည်။ )
သေချာတာကတော့ ဒါကိုစွဲစွဲမြဲမြဲနဲ့ အသိဉာဏ်ယှဉ်ပြီး ရွတ်ဆိုနေလေ့ရှိတဲ့သူဟာ ထူးထူးခြားခြား တရားအားထုတ်ချင်စိတ်တွေဖြစ်လာတတ်သလို နေ့စဉ် လှတာလေးမှကြည့်ချင် မြင်ချင် ၊ လိုချင်တဲ့သူများနှင့် ရုပ်အဆင်းလှပဖို့ကို ဦးစာပေးပြင်ဆင်နေတတ်တဲ့သူများလည်း စိတ်နေစိတ်ထားတွေ သိသိသာသာပြောင်းလဲလာတာပါပဲ ။
စိတ်ထားတွေတည်တည်ကြည်ကြည်နဲ့ သမာဓိလည်းဖြစ်လွယ်တဲ့ အနေအထားလည်း ရှိနေပြန်ပါတယ် ။ ဒီကာယဂတာသတိကမ္မဋ္ဌာန်းကို စီးဖြန်းမဲ့သူဟာ အစီအရင်အားဖြင့် နည်း(၂)နည်းကို လေ့လာသိထားဖို့လိုပါမယ် ။
(၁) "ဥဂ္ဂဟကောသလ္လ" တဲ့ သင်ယူမှုကျွမ်းကျင်ရပါမယ်။
(၂) " မနသိကာရကောသလ္လ" တဲ့ နှလုံးသွင်းမှုစသည်၌လည်း ကျွမ်းကျင်မှုရရန်လိုအပ်ပါတယ်။
စိတ်ဝင်စား၍ထိုကမ္မဋ္ဌာန်းကို လေ့လာကျင့်ကြံလိုသူများ ပရိယတ်ကျွမ်းကျင်တော်မူသော ဆရာတော်ဘုရားများနှင့် ပရိယတ်- ပဋိပတ် ကျွမ်းကျင်တော်မူကြကုန်သော ဆရာတော်ဘုရားကြီးများအထံ၌ မေးမြန်းလျှောက်ထားကြပါကုန်..။
စကားကြွင်း။ ။
{{*(အလွန်လူသိနဲလှ၍ မြန်မာပြည်၌ ထင်ရှားသော ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ်၌ မှတ်တမ်းတင်ထားခြင်းမရှိခဲ့သော ဧရာဝတီ-ငပုတောမြို့နယ် ကိုးတောင်ကျေးရွာမှ ဆရာတော်ဘုရားကြီး(ယခုပျံလွန်ပြီး) ဟာ အသုဘကမ္မဋ္ဌာန်းကို စီဖြန်းရာကနေ တရားပေါက်တော်မူခဲ့ပြီး ၄င်းကိုယ်တိုင်ရေး ထေရုပ္ပတိ၌ အကယ်၍ လက်ကိုကြည့်လျှင် အလိုရှိက အထဲမှ ရိုးတွင်းချဉ်ဆီထိပင် ဖောက်၍မြင်နိုင်ကြောင်း နှင့် ထိုအကျင့်ကို ဆရာကောင်းမရှိဘဲ(ဘုရားလမ်းညွှန်သော ကမ္မဋ္ဌာန်းရှုပွားနည်းကို နားမလည်ဘဲ) ကျင့်ပါက အလွန်အန္တရာယ်များကြောင်း ဆိုထားတာ တွေ့ရပါတယ်)*
ဒါက မှတ်တမ်းထဲမှာ မပါရင် လက်မခံတတ်တဲ့သူများ အတွက် စကားစပ်မိလို့ ဗဟုသုတအနေနဲ့ ပြောတာပါ။ ကျနော်ကတော့ဆရာတော်ကြီးကို ငယ်စဉ်က ကိုယ်တိုင် ဖူးတွေ့ရဖူးသလို ဆရာတော်ကြီးရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာကြီးမားပုံကိုလည်း မျက်ဝါးထင်ထင် ကိုယ်တွေ့ကြုံဖူးသူပါ။ }}
နီးလျက်နဲ့ ဝေး
***************
သိစမ်းကွဲ့ အိုချစ်ဆွေရယ်
ကမ္မဋ္ဌာန်းဆို အလွယ်လေး
နီးလျက်နဲ့ ဝေး ။ ။
ရှင်ဖြစ်မဲ့ သာမဏေလျာကို
ဆံချစဉ် သင်ကာပေး
တစပဉ္စက လေး ။ ။
ဤငါးပါး ရှုဆင်ခြင်လျှင်
သာမဏေပင် ဉာဏ်ရောင်တောက်
ထွက်ပေါက်ရဲ့ တွေး ။ ။
ဇော်မျိုး