ကုသိုလ်ဟူက အကြံရလျှင် ချက်ချင်းပြုပါ
*****************************
ကောင်းကျိုးလိုလား ဤစိတ်ထားချိန်
ကိုယ်ကားပါစေ ဝစီချွေမြွက်
ကောင်းပေတတ်ကို နေ့ညတွက်နှိုင်း
ချိန်ရက်ပိုင်းလို့ စောင့်ဆိုင်းလို့သာ
မပြုရာဘူး။
ကိုယ်၏သေမင်း ကိုယ့်သေခြင်းကား
စောင့်ခြင်းဘယ်ခါ မရှိရာမို့
ကုသိုလ်ဟူက မှန်သမျှကို
ကြံဆမိလျှင်း ခုချက်ချင်းသာ
မယွင်းသူငါ ပြုစေပါလော့။
စိတ်ကစေရာ ကောင်းနိုးရာကို
ကိုယ်မှာထကြွ ကြိုးလုံ့လဖြင့်
ပြုကြပါလေ မတွန့်ပေဟု
ဆုတွေချွေပြီး စကားချည်းသာ
မဖြစ်ရာဘူး။
Nicca Dâna
ဇီဝိတံ ဗျာဓိ ကာလောစ
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ
အနိမိတ္တာန နာယရေ။
Saturday 30 December 2017
၂၉.၁၂.၂၀၁၇ မနေ့က ကွယ်လွန်သူ မောင်နေမျိုးအောင်၏ ရုပ်အလောင်းအားကူညီသဂြိုလ်ပေးရန် ရောက်ရှိလာသော KLမှ နှလုံးလှသွေးလှူရှင်များအသင်းအား ပရဟိတအသင်းအချင်းချင်း အပြန်အလှန် ထောက်ပံ့ကူညီသောအားဖြင့်လည်းကောင်း ၊ ကျွန်တော်များကွမ်တန်းမြို့ရှိ နိစ္စဒါနပရဟိတအသင်းမှ အလှူငွေ RM500 ကို မိမိတို့ပရဟိတညီနောင်များ ပူးပေါင်းဆောင်ရွက်ခြင်းအမှတ်တရ ဖြစ်ပါစေ ဤအနေအားဖြင့်လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ကွမ်တန်းမှအခက်အခဲဒုက္ခကို မျှဝေခံစားကူညီပေးပါသော နှလုံးလှသွေးလှူရှင်များအသင်းမှ ဦးဆောင်သူများနှင့် အသင်းသူ အသင်းသားများအား ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့) မှ နာရေးကာယကံရှင်များနှင့် ကွမ်တန်းရှိရွှေမြန်မာညီကိုမောင်နှမအားလုံးတို့၏ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။
နှလုံးလှသွေးလှူရှင်များအသင်းကြီး ဆထက်တိုး၍ (ဉာတတ္ထစရိယာ)အများအကျိုး သယ်ပိုးရွက်ဆောင်နိုင်ပါစေသော်... ။
နိစ္စဒါနပရ၀ိတအသင်း(ကွမ်တန်းမြို့)

Friday 29 December 2017
ယနေ့တွင် နှလုံးလှသွေးအလှူရှင်များအသင်းနှင့် နိစ္စဒါနပရဟိတအသင်းတို့ ပူးပေါင်း၍ ကွယ်လွန်သူမောင်နေမျိုးအောင်၏ ကျန်ရစ်သောရုပ်အလောင်းအား ကွမ်တန်းဆေးရုံကြီးမှ ထုတ်ဆောင်ယူကာ jabor သုဿန်တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြပါသည်။
မိမိတို့ပြုခဲ့သမျှသော ကုသိုလ်အဖို့ဘာဂကို ဘဝတမလွန်ပြောင်းရွေ့သွားသော မောင်နေမျိုးအောင်အား အမျှ .. အမျှ.. အမျှ.. ပေးဝေငှပါ၏။ ရောက်ရာ မြင်ရာ ကြားရာ ဘုံဌာနမှ သာဓုခေါ်ဆိုနိုင်ပါစေ..။ ကောင်းမြတ်သော ဘုံဌာနများ၌လည်း ရောက်ရှိနိုင်ပါစေသော်...။
နိစ္စဒါနပရဟိတအသင်း
Thursday 28 December 2017
"ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ" ဟူသော ဘုရားမြတ်စွာ ဟောကြားတော်ဆုံးမတော်မူသည့်အတိုင်း အလှူတို့တွင် ကျောင်းအလှူသည် အမြတ်ဆုံးအလှူဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကွမ်တန်းမြို့၌ ဘုန်းကြီးကျောင်းဖြစ်မြောက်ရေးအတွက်နှင့် ကျောင်းအတွင်းလိုအပ်သော ပစ္စည်းများဝယ်ယူနိုင်ရန် အောက်ပါအလှူရှင်များမှ နိစ္စဒါနပရဟိတအသင်းသို့ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။
၁။ကိုထွန်းထွန်းထိုက် မိသာစု RM100
၂။ကိုအီမန်း မိသားစု RM100
၃။ကိုဇော် မိသားစု RM100
၎။ကိုနိုင်ကြီး မိသားစု RM100
၅။ကိုအောင်ပု မိသားစု RM100
၆။ကိုသန့်ဇော်ထွန်း မိသားစု RM100
၇။ကိုရုပ်ဆိုး မိသားစု RM100
စုစုပေါင်း RM700 ကိုအသင်းဘဏ္ဍာရေးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
အများမျှော်လင့်တောင့်တလျက်ရှိသော ဘုန်းကြီးကျောင်းဖြစ်တည်ရေးအတွက် အပြောနဲ့သာမဟုတ် လက်တွေ့အားဖြင့်လဲ အားတက်သရောပါဝင် လှူဒါန်းကြပါသော စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့သည် ..
ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေ..
စိုးရိမ်ခပ်သိမ်း ကင်းဝေးကြပါသော..
ဆင်းရဲခပ်သိမ်း ကင်းဝေးကြပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ..
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Tuesday 12 December 2017
Monday 11 December 2017
ကွမ်းတန်းမြို့မှာ လုပ်ကိုင် နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ..
ကွမ်းတန်းမြို့မှာ လုပ်ကိုင် နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ..
ကျွန်တော်တို့ ကွမ်တန်းမြို့ကြီးဟာဆိုရင် ပြည်နယ်တစ်ခုရဲ့ အကြီးဆုံးအထင်ကရမြို့ကြီးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာရွေ့ပြောင်း အလုပ်သမားများ အတော်အသင့် ရှိသောမြို့ကြီးတစ်မြို့လဲ ဖြစ်ပါသည်။
သို့သော်လည်း ယခင်သီတင်းသုံးခဲ့သော ကွမ်တန်ဆရာတော် မြန်မာပြည်သို့ ပြန်လည်ကြွသွားပြီးသည့်နောက်ပိုင်း မိမိတို့နေထိုင်ရာမြို့တွင် ကျောင်းမရှိ ၊ သံဃာမရှိပဲ နေလာခဲ့ရာ ဗုဒ္ဓဘာသာဝင်များအဖို့ ဘုရားပွင့်ရာကာလဖြစ်သော်လည်း သြကာသကန်တော့ချိုးတွင် ပါဝင်သော ရပ်ပြစ်ရှစ်ပါးတို့တွင် တစ်ခုသောနေရာသို့ ရောက်နေကြသည့်အလား ကွမ်တန်းရှိဗုဒ္ဓဘာသာဝင်များအဖို့ ခါကြီးရက်ကြီးများနှင့် မွေးနေ့အခါသမယများတွင် သံဃာရည်မှတ်၍ ကုသိုလ်ပြု ဆွမ်းတစ်နပ်လှူဒါန်းရန်ပင် အတော်မလွယ်ကူသော အခြေအနေဖြင့် ကြုံတွေ့နေရသည်ကို အားလုံးသိရှိ နားလည်ကြပြီး ဖြစ်မည်ထင်ပါသည်။
"သင့်တော်ရာအရပ်မှာ အိမ်တစ်အိမ်ကို ငှါးရမ်းပြီး ဘုန်းကြီးကျောင်းအဖြစ်ထားရှိကာ သံဃာတစ်ပါးပါးအား ကြွရောက်သီတင်းသုံးစေလျှင် ကောင်းမှာပဲ" ဟု ပြောသူတွေ များသော်လည်း စင်စစ်ဦးဆောင်လုပ်ကိုင်လိုသူ မရှိခြင်းကြောင့် ကွမ်တန်းအရပ်သည် ရဟန်းသံဃာနှင့် အဆက်ပြတ်ခဲ့ရသည်မှာ အတော်အသင့်ကြာခဲ့လေပြီ။
"သံဃာနဲ့ဝေး အပါယ်ဘေး မနှေးတွေ့လိမ့်မည်" ဟု မိမိ၏ဆရာသမားဖြစ်သော ဆရာတော်ဘုရား၏ တရားတစ်ပုဒ်တွင် ထည့်သွင်းရွတ်ဆိုခဲ့သော ထိုစာကြောင်းလေးကို ပြန်လည်အမှတ်ရမိသဖြင့်လဲ တိုင်းတစ်ပါးတွင် လောဘအရင်းခံသဖြင့် မောဟ ဒေါသတို့ဖြင့် စီးပွားရှာကြကုန်သော မိမိတို့အဖို့ ရံခါကုသိုလ်စိတ်ဖြစ်၍ ဒါန သီလ ဘာဝနာ စသည် ကုသိုလ်တရားများ ပွားများပြုလုပ်နိုင်ရန် သံဃာတစ်ပါးတော့ ရှိတန်ကောင်း၏ဟု ထင်မြင်မိပါသည်။
"မင်းတို့ အားတဲ့အချိန် ဘယ်မှာရှိလို့လဲ.တစ်ခုမဟုတ် တစ်ခုလုပ်နေကြရတာပဲ မဟုတ်လား. လူဆိုတာ ကုသိုလ်ရဖို့ကို မအားတဲ့ကြားထဲက လုပ်နိုင်မှ တော်ကာကျတာ.. မသေမချင်း လုပ်ရမဲ့အလုပ်တွေထဲ ကုသိုလ်အလုပ်သာ ထိပ်ဆုံးကလို့ မှတ်ကြစမ်းပါ.. ဒါကြောင့် ကုသိုလ်အလုပ်ဆိုရင် အချိန်ဆိုင်းမနေနဲ့ ၊ သူ့ကြည့် ငါ့ကြည့်လုပ်မနေနဲ့။ အသက်ရျူတာ ရပ်မသွားခင် ခပ်သုတ်သုတ်သာ လုပ်ကြပါ" ဆိုသော သြဝါဒနဲ့အညီ အများသူငါ ကုသိုလ်ပြုခွင့်နဲ့ ကုသိုလ်တရားဖြစ်ပွားပါစေဟု နှလုံးမူလျက် မိမိတို့နိစ္စဒါနလူမှုကူညီရေးအသင်းမှ ဦးဆောင်မတည်ကာ ဘုန်းကြီးကျောင်းအတွက် သင့်တော်ရာနေရာကို 1လပိုင်း 2018တွင် စတင်ငှါးရမ်းရန် အိမ်ရှင်နှင့်လဲ သဘောတူထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကွမ်တန်းရှိညီကိုမောင်နှမများအနေဖြင့် "ဆယ်ဝါပြည့်တင်း ဝိဘင်းနှစ်ဖြာ..စသည်.." မဟုတ်စေကာမူ မိမိတို့နှင့် သိကျွမ်းရင်းနှီးသော ဆရာတော်များထဲမှ သင့်လျော်ရာ ဆရာတော်တစ်ပါးပါးကို ပင့်ဆောင်၍ သီတင်းသုံးစေလိုပါက 30.12.2017 နေ့ထိ အသင်းထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ကုသိုလ်အရေး အသိပေးနှိုးဆော်လိုက်ရပါသည်.. သူတော်ကောင်းအပေါင်းတို့..။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို )

နိစ္စဒါနပရဟိတအသင်း၏ အသင်းဝင်တစ်ဦးဖြစ်သူ ဦးအောင်စိုး၏မိခင် တနင်္သာရီတိုင်း ထားဝယ်မြို့ စန်းချီရပ်နေ ကွယ်လွန်သူဒေါ်သန်းမေ၏နာရေးအား ကူညီသည့်အနေဖြင့် အသင်းမှမြန်မာငွေကျပ်၂ သိန်းနှင့်ညီမျှသော RM610 ကို (ကွယ်လွန်သူမိခင်အတွက်ရည်စူး၍ ကုသိုလ်ပြုနိုင်ပါစေ ဤအနေဖြင့်) သားဖြစ်သူအသင်းဝင်ဦးအောင်စိုးသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Saturday 9 December 2017
Thursday 7 December 2017
Monday 4 December 2017
3.11.2017ရက်နေ့တွင် ပီနန်းဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသို့ သွားရောက်ကာ ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်တော်အား နောက်ဆုံးအားဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ဈာပနကျင်းပရေး ကော်မတီအဖွဲ့သို့ အလှူတော်ငွေ RM500 ကိုပေးအပ်လှူဒါန်းခဲ့ပါသည်။
ဤကုသိုလ်အဖို့ဘာဂသည် ပါဝင်လှူဒါန်းကြသူ အလှူရှင်အပေါင်းနှင့်တကွ အသင်းသူ အသင်းသားအားလုံးတို့၏ ကုသိုလ်အလှူဖြစ်ပါသည်။ ထို့ကြောင့် ကွမ်တန်းရှိအလှူရှင်များနှင့် အသင်းဝင်များအားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေသော်...
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
ဤကုသိုလ်အဖို့ဘာဂသည် ပါဝင်လှူဒါန်းကြသူ အလှူရှင်အပေါင်းနှင့်တကွ အသင်းသူ အသင်းသားအားလုံးတို့၏ ကုသိုလ်အလှူဖြစ်ပါသည်။ ထို့ကြောင့် ကွမ်တန်းရှိအလှူရှင်များနှင့် အသင်းဝင်များအားလုံး ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေသော်...
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Friday 1 December 2017
11 လပိုင်း 2017 အတွက် ငွေစာရင်းရှင်းတမ်းပါ..
မှတ်ချက်။ ။ အသင်းဝင်များသည်၎င်း ၊ အလှူငွေထည့်ဝင်ထားသူများသည်၎င်း 11 လပိုင်းတွင် မိမိတို့အလှူငွေ ထည့်ဝင်ထားသော်လဲ ဤစာရင်းရှိ သက်ဆိုင်ရာ ဇယားကွက်တွင် မိမိတို့အမည်စာရင်း မပါဝင်ပါက (စာရင်းတင်သူမိမိ၏ချွတ်ချော်မှုလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အကယ်၍မိမိတို့အမည်ကို မတွေ့ရှိပါက) တိတ်တဆိတ်မနေကြပါဘဲနဲ့ မိမိတို့ထံ အလှူငွေကောက်ခံသူ (သို့) အသင်းနာယက ၊ အသင်းဥက္ကဌတို့ထံ အသိပေး မေးမြန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန်..
ကိုထွန်းထွန်းထိုက် 0148315464
ကိုဇော်မြင့် - 0169446437
ကိုဝင်းကို - 01133677715

ကျွန်တော်များ နိစ္စဒါနပရဟိတအသင်းမှ ပ်ီနန်းဆရာတော်ဘုရားကြီး၏အန္တိမဈာပနပွဲသို့ သွားရောက်ပူဇော်ကန်တော့ကြမည်ဖြစ်ရာ (လွန်သူမိဘ၂ပါးအားရည်စူး၍) ကိုတင်မောင်ဇော် မိသားစုမှ RM50 ကို နိစ္စဒါနပရဟိတအသင်းသို့ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ...
ဤသို့ပြုရ လှူဒါနကြောင့်..
စိုးရိမ်ခပ်သိမ်းကင်းကြပါစေ
ကြောင့်ကြခပ်သိမ်းကင်းကြပါစေ
ဆင်းရဲခပ်သိမ်းကင်းကြပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
ကမ္ဘာ့သာသနာပြု ကျေးဇူးရှင်ပီနန်းဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာပွဲသို့ ကျွန်တော်တို့နိစ္စဒါနပရဟိတအသင်းမှ သွားရောက်ပူဇော်ကန်တော့ကြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သဒ္ဓါတက်အားသရွေ့ လှူဒါန်းလိုသူများ လှူဒါန်းနိုင်ကြပါကြောင်း ကွမ်တန်းကရွှေညီကို သူတော်ကောင်းအပေါင်းတို့အား အသိပေးနှိုးဆော်အပ်ပါသည်။
••••••••••••••••••••
ကိုဇော်+မလေးနွယ် RM 50
နေဝင်းထွန်း+မိနန္ဒာ RM 30
ခွန်မိုးည RM100
ကိုမဟာဌေး RM40
လှမိုးခိုင် RM20
အသီးသီး ကုသိုလ်ပါဝင်လှူဒါန်းထားပြီး ဖြစ်ပါကြောင်း ထပ်တင့်ဖော်ပြအပ်ပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
••••••••••••••••••••
ကိုဇော်+မလေးနွယ် RM 50
နေဝင်းထွန်း+မိနန္ဒာ RM 30
ခွန်မိုးည RM100
ကိုမဟာဌေး RM40
လှမိုးခိုင် RM20
အသီးသီး ကုသိုလ်ပါဝင်လှူဒါန်းထားပြီး ဖြစ်ပါကြောင်း ထပ်တင့်ဖော်ပြအပ်ပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Subscribe to:
Posts (Atom)