Thursday 29 June 2017

အရင်​လက မတင်​ဖြစ်​​သေးတဲ့ စာရင်းပါ..
ယခုလစာရင်းသစ်​က လကုန်​မှတင်​​ပေးပါမည်​..
အသင်းသားအသစ်​ပါ... မျိုး​ကျော်​​ကျော်​ RM 50

RM 1297+ မျိုး​ကျော်​​ကျော်​ RM 50
စုစု​ပေါင်း = RM1347
 
 



Friday 23 June 2017

Image may contain: 2 people, people sittingImage may contain: 2 people, people sitting

No automatic alt text available.No automatic alt text available.       No automatic alt text available.
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြတ်အုပ်စု ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ညောင်ရှင်ကုန်းကျေးရွာ အဘ - ဦးလှသင်း ၊ အမိ - ဒေါ်တင်လှိုင်တို့၏ သားဖြစ်သူ ဦးပိုက်ကို၏ မျက်စိကိုမြန်မာပြည်၌ ပြန်လည်၍ကုသနိုင်စေရန် ကွမ်တန်းဆေးရုံမှ ဆရာဝန်၏ထောက်ခံချက်ကို ရယူကာ အသင်းမှတာဝန်ယူ၍ 4.6.2017 ရက်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် ယခုအခါ အသင်းဝင်ကိုထွန်းထွန်းထိုက်မှ တာဝန်ယူကောက်ခံ၍ လှေဆိပ်မိသားစု လုပ်ဖော်ကိုင်ဖက်များ၏ အများပေါင်းစုကောင်းမှုအဖြစ်ဖြင့် ဦးလေးဦးပိုက်ကိုအတွက် ဆေးဝါးကုသနိုင်ပါစေရန် ဤအနေဖြင့် အလှူငွေ 13 သိန်း (တစ်ဆယ့်သုံးသိန်းကျပ်)ကို ပေးပို့ထောက်ပံ့ကူညီခဲ့ကြပါသည်။
ဦးလေးဦးပိုက်ကို၏ မျက်စိဝေဒနာသည် အမြန်ဆုံးအလင်းရကာ ချမ်းသာပါစေသော်..
စေတနာရှင်များအားလုံးလည်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒတို့ ပြည့်ဝနိုင်ကြပါစေသော်.. ။
သာဓု သာဓု သာဓု..
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Monday 5 June 2017

Image may contain: 5 people, people standing

ကျေးဇူးတင် ဝမ်းမြောက်ပါ၏
*******************
မျက်လုံးထိခိုက်ဒဏ်ရာဖြင့် ပါဟန်းပြည်နယ် ကွမ်တန်းဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိသော ဘာတူးတီဂါး လှေဆိပ်မှ ဦးပိုင်ကိုးကို 4.4.2017 ရက်နေ့ညနေပိုင်းတွင် အသင်းမှဦးဆောင်သူများက ကွာလာလာမ်ပူလေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြတ်အုပ်စု ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ညောင်ရှင်ကုန်းကျေးရွာ အဘ - ဦးလှသင်း ၊ အမိ - ဒေါ်တင်လှိုင်တို့၏ သားဖြစ်ပြီး ၎င်း၏ထိခိုက်မိသော မျက်စိကိုမြန်မာပြည်၌ ပြန်လည်၍ကုသနိုင်စေရန် ကွမ်တန်းဆေးရုံမှ ဆရာဝန်၏ထောက်ခံချက်ကို ရယူကာ အသင်းမှတာဝန်ယူ၍ ပြန်ပို့နိုင်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပါသည်။
လူနာ၏ဆေးရုံတွင် ကုန်ကျမှု ကုသစရိတ်များကို ၎င်း၏အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ၎င်းပြန်စရိတ်အတွက် CI ဖိုးကုန်ကျငွေကို အောက်ဖော်ပြပါ စေတနာရှင်များကလဲ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါသည်။
ငွေနှင်းပွင့် မြန်မာဆိုင် RM.300
ရွေထားဝယ်များဘုံအလှူငွေ RM.300
လှမိုးခိုင် RM 10
မင်းအောင် RM 20
မင်းကြီး RM 20
ရှမ်းအိုး RM 25
ကိုဖြိုး RM25
ဖိုးသီရား RM25
ဖိုးနီရား RM25
သူရိန် RM50
မျိုးအောင် RM50
နေသူရစိုး RM50
ခိုင်ထွန်း RM50
ငယ်ငယ် RM50
ဝင်းသန်း RM50
ကျော်ဌေးလှိုင်RM50 တို့ဖြစ်ပြီး စုစုပေါင်းရငွေမှာ RM1150 ဖြစ်ပါသည်။
လိုအပ်သောငွေများကို နိစ္စဒါနပရဟိတအသင်း၏ အသင်းရန်ပုံငွေထဲမှ စိုက်ထုတ်ကူညီပေးခဲ့ပြီး အားလုံးအဆင်ပြေ ပြီးမြောက်သည်အထိ အသင်းမှတာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
လူနာအတွက် လိုအပ်သော CI လျှောက်ခြင်း ၊ ပူထရာဂျာရာ၌လက်ဗွေနှိပ်ခြင်း စသည်ကိစ္စရပ်များကို အသင်းမှဦးဆောင်သူများနှင့်အတူ သီတဂူအထောက်အကူပြုအဖွဲ့မှ ကိုသီဟမောင်မောင်မှ မေတ္တာဖြင့် လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ၎င်း၏ဇနီးနှင့်အတူ လေဆိပ်ထိတိုင်အောင်ပင် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ဦးပိုင်ကိုး၏ အမှုကိစ္စအဝဝကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြပါသော လှေဆိပ်ညီကိုများ ၊စေတနာရှင် အလှူရှင်များ ၊ ငွေနှင်းပွင့်မြန်မာဆိုင်မိသားစုနှင့်တကွ မအားလပ်သည့်ကြားက မေတ္တာဖြင့်ပါဝင်ကူညီပေးပါသော ကိုသီဟမောင်မောင်...
စသည်စသည်... ကျေးဇူးတင်ထိုက်သူများအားလုံးကို လူနာ၏ကိုယ်စား ကျွန်တော်များ #နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Zaw Myo (Admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Sunday 4 June 2017

Image may contain: 2 people, people sitting and indoor

Image may contain: 3 people, people standingNo automatic alt text available.No automatic alt text available.
Image may contain: 6 people
Image may contain: 1 person, sittingImage may contain: 1 person, smiling, standing and indoor
Image may contain: one or more people and indoorImage may contain: 1 person, sitting and indoor
ကျေးဇူးတင် ဝမ်းမြောက်ပါ၏
************************
28/6/2016 ရက်နေ့တွင် ကျန်းမာရေးအခြေအနေ ဆိုးဝါး၍ကြည့်ရှုမည့်သူ မရှိပဲ ဒုက္ခရောက်နေသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုကျော်မြင့်ကို နိစ္စဒါနလူမှုကူညီရေး ပရဟိတအသင်းမှ သွားရောက်ကြည့်ရှုခဲ့ကြပြီး အခြေအနေအရ အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးနေထိုင်ရာအိမ်သို့ ခေါ်ယူကာ အပြင်ဆေးခန်းတွင်ပြ၍ စောင့်ရှောက်ခဲ့ကြပါသည် ။
သို့သော် အခြေအနေမှာ ပို၍ဆိုးရွားလာသဖြင့် 5/7/2016 တွင် HTAA ကွမ်တန်းအရေးပေါ်ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှု ခံယူစေခဲ့ပါသည်။ သို့သော် အလွန်များလှသော ဆေးကုသစရိတ်ကြောင့် အသင်း၏ရန်ပုံငွေကို တွက်ချင့်ကာ ရက်မကြာမီမှာပဲ ဆရာဝန်၏ခွင့်ပြုချက်ယူကာ ကိုဇော်မျိုးအိမ်သို့ ပြန်လည်ခေါ်ယူကာ စောင့်ရှောက်ထားခဲ့ပြန်ပါသည်။
အိမ်တွင်တစ်လခန့်ထားပြီးသော် မသက်သာသဖြင့် Rawang ACTS သို့ပို့ဆောင်ပေးခဲ့ကာ ၄င်းအတွက်တစ်စုံတစ်ရာ အကူအညီလိုအပ်ပါက အသင်းသို့ဆက်သွယ်၍ အကူအညီတောင်းခံပါရန်လည်း တာဝန်ခံဆရာမကို မှာကြားခဲ့ကြပြီး အလျင်းသင့်သလို အသင်းမှရံခါသွားရောက် ကြည့်ရှုအားပေးမှုများလည်း ရှိခဲ့ကြပါသည်။
ACTS တွင်နေစဉ် ကိုကျော်မြင့်အတွက် ဆေးဝါးကုသရာ၌ လိုအပ်သော ငွေများကိုလည်း အသင်းမှတာဝန်ယူကာ အလျင်းသင့်သလို ဘဏ်မှတဆင့် ပေးဆောင်ခဲ့ကြပါသည်။ယခုအခါ ၄င်း၏ကျန်းမာရေး အခြေအနေမှာ ပြန်လည်ကျန်းမာလာပြီဖြစ်သောကြောင့် မြန်မာပြည်သို့ပြန်နိုင်ရန်အတွက် CI လျှောက်ခြင်း ၊ လေဆိပ်သို့ပို့ဆောင်ပေးခြင်းများကို နှလုံးလှအဖွဲ့မှ မေတ္တာဖြင့် အကျိုးဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ၄င်းအတွက်ကုန်ကျမှု ပြန်စရိတ်ကိုမူ မိမိတို့အသင်းမှပင် ဘဏ်မှတဆင့်ပေးချေခဲ့ကြပါသည်။
ရေစက်ပါလို့ သူများနိုင်ငံမှာ လာဆုံခဲ့ကြပြီး ကံမကုန်လို့ သားသမီး ဆွေမျိုးတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ ကိုကျော်မြင့်အတွက် ဝမ်းသာပီတိ ဖြစ်ရသလို လူတစ်ယောက်ရဲ့အသက်တစ်ချောင်းကို စိတ်ရှည် ဇွဲသန် သည်းခံ၍ ကရုဏာရှေ့သွား မေတ္တာထားကာ ပရဟိတစိတ်သက်သက်နဲ့ ကယ်ခွင့်ရခဲ့သော မိမိတို့ပရဟိတညီကိုမောင်နှမများ၏ ကုသိုလ်ပုညအတွက်လဲ တွေးမိကာပီတိဖြာခဲ့မိပါသည်။
ကိုကျော်မြင့်အတွက် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြသော စေတနာရှင်များ ၊ နိစ္စဒါနအသင်းဝင်များ ၊ ပြန်လည်ကျန်းမာသည်အထိ စောင့်ရှောက်ပေးထားသော ACTS မှဆရာမ မနန်းမွန်နဲ့ စေတနာ့ဝန်ထမ်းညီကိုများ ၊ အမြဲတမ်းလိုက်ပါကူညီအားပေးလေ့ရှိသော ကိုသီဟမောင်မောင် ၊ CIနဲ့ လေဆိပ်အထိ ကူညီအကျိုးဆောင်ပေးခဲ့ကြသော နှလုံးလှအဖွဲ့မှ ညီကိုများ အားလုံးကို ကိုကျော်မြင့်ကိုယ်စား ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)မှ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
Image may contain: 2 people, people standing, tree, shoes, plant and outdoor


ဦးချစ်ကောင်း + ဒေါ်ချစ်သဲ မိသားစုမှ ပရဟိတအများအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်အသုံးပြုနိုင်စေရန် နိစ္စဒါနလူမှုကူညီရေး ပရဟိတအသင်း(ကွမ်တန်းမြို့)သို့ အလှူငွေ RM1000ကို ထည့်ဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ..။
အလှူရှင်မိသားစုများသည်..
ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ..
ရောဂါခပ်သိမ်းကင်းငြိမ်းပါစေ..
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..
အများအကျိုးပြု ပရဟိတလုပ်ငန်းများကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေ..
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)