Tuesday 28 February 2017

No automatic alt text available.




မလေးရှားနိုင်ငံ Kampar မြို့တွင် နေထိုင်လုပ်ကိုင်လျက်ရှိကြသော ကုသိုလ်ရှင်များဖြစ်ကြသည့်...
ကိုမြင့်သူ+မစန်းစန်းမြင့် မိသားစုမှ RM95
ဒေါ်စန်းစန်းနွယ်မှ RM30
မီးမီးသွန်း မြတ်ရတီမိုး မှ 15
ကိုဝေလင်းဦးမှ RM20
မနှင်းခိုင်မှ RM15
မဂျူးမေမှRM15
ကိုသက်ခိုင်မှ RM10
အားလုံးပေါင်း RM200 ကို မလေးရှားနိုင်ငံတိုင်ပင်းမြို့ သာသနာ့ရက္ခတောရ(SBS)ရှိ
ဥာဏ်တော် ၂၇ ပေအမြင့်ရှိသော ရွှေတိဂုံပုံတူ မဟာအတုလ ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ရာတွင် ကုသိုလ်ဒါနပါဝင်နိုင်စေရန် ရည်သန်၍ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)သို့ ဘဏ်မှတဆင့်ပေးပို့ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
ဤသို့ လှူဒါန်းရသော ကုသိုလ်ရှင်များတို့သည်..
ထိမဲ့ခလုတ် ဆုတ်ပါစေ..
လာမဲ့ဘေး ဝေးပါစေ..
မသူတော်ဘေးမှ ဝေးပါစေ..
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ..
ဤသို့ ကာလဒါနကုသိုလ်ကို လှူဒါန်းရသော ကုသိုလ်စေတနာတို့သည် နိဗ္ဗာန်၏အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း။
သာဓု.. သာဓု.. သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Thursday 23 February 2017

ကွမ်တန်းမြို့နှင့်အနီးပတ်ဝန်းကျင်၌ ရှိကြသောဗုဒ္ဓဘာသာဝင် ရွှေမြန်မာအပေါင်းတို့ခင်ဗျာ.

အသိပေးနှိုးဆော်အပ်ပါသည်*********************************************
ကွမ်တန်းမြို့နှင့်အနီးပတ်ဝန်းကျင်၌ ရှိကြသောဗုဒ္ဓဘာသာဝင် ရွှေမြန်မာအပေါင်းတို့ခင်ဗျာ..
မလေးရှားနိုင်ငံတိုင်ပင်းမြို့ သာသနာ့ရက္ခတောရ(SBS)၌
မြန်မာပရဟိတလူမှု့ ကူညီရေးအသင်း(SBS)
မှဦးဆောင်၍ ဥာဏ်တော် ၂၇ ပေအမြင့်ရှိသော ရွှေတိဂုံပုံတူ မဟာအတုလဆုတောင်းပြည့် စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ရန် ကြိုးပမ်းလျက်ရှိရာ မိမိတို့ပါဟန်းပြည်နယ် ကွမ်တန်းမြို့ရှိ နိစ္စဒါနပရဟိတအသင်းမှလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အလှူငွေများပေးအပ်၍ ပါဝင်ကုသိုလ်ယူမည်ဖြစ်ရာ ဗုဒ္ဓဘာသာဝင်ရွှေမြန်မာများအနေဖြင့်လဲ ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်ခင်ဗျာ။ ။
(12/03/2017)ရက်နေ့တွင် စေတီတော်အား ရွှေသင်္ကန်းကပ်လှူပုဇော်ကြမည်ဖြစ်ရာ လုပ်အားဒါနကုသိုလ်ပြုရန် သွားရောက်လိုသူများရှိပါက အသင်းသို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။ လူများလျှင် အသင်းမှ bus ကားငှား၍ အခမဲ့ပို့ဆောင်ပေးပါမည်။
မေးမြန်းလိုသော် ။ ။ ကိုဇော်မျိုး 0169383574
ကိုဇော်မြင့် 0169446437
ကိုရဲ 0179312306
ကိုမောင်မောင် 0109884990
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Image may contain: sky, outdoor and food 
Image may contain: one or more people, people standing, sky, outdoor and nature

Tuesday 21 February 2017

88 foodcourt မှ ရွှေညီကိုများမှ အလှူငွေ RM200၊ ကိုအောင်ထူးမှ အလှူငွေ RM20တို့ကို နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်စေရန် ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလိုအသုံးပြုနိုင်စေ 88 foodcourt မှ ရွှေညီကိုများမှ အလှူငွေ RM200၊ ကိုအောင်ထူးမှ အလှူငွေ RM20 ကို ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
သာဓု..သာဓု..သာဓု.
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Image may contain: one or more people and text

အပါယ်ရောက်ကြောင်း အလှူဒါန(၁၀)ပါး
======================
၁။ သမဇ္ဇဒါန- ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )
၂။ မဇ္ဇဒါန- သေရည်သေရက်အလှူ
၃။ ဣတ္ထိဒါန- မိန်းမအလှူ
၎။ ဥသဘဒါန- နွားလား၊ မြင်းလား အလှူ
၅။ စိတ္တကမ္မဒါန- ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ
၆။ သတ္ထဒါန- လက်နက် ခဲယမ်းမီးကျောက် အလှူ
၇။ ၀ိသဒါန- အဆိပ်အလှူ
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူ
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူတို့ဖြစ်ပါတယ်။
၁။ သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ (အငြိမ့်ဇာတ်ပွဲအလှူ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင်လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကိုပေးလှူတတ်ကြပါတယ်။
အဲဒီအလှူဒါနသည် ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်ပါသောကြောင့် အားလုံးသော ဒကာ ဒကာမ များ ထိုထိုသော အလှူကိုမပေးလှူမိဖို့ သတိပေးလိုပါတယ်။
၂။ သေရည်သေရည် (ဘီယာ ထန်းရည် ဆေးခြောက်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများကြီးတွေ့ရတတ်ပါတယ်။ မိမိရဲ့မွေးနေ့မှာသော်လည်းကောင်း၊ အလုပ်အကိုင်အဆင်ပြေလို့ သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ၊ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။
တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန၊ ကုသိုလ်မရတဲ့ ဒါန၊ အကုသိုလ်ဖြစ်တဲ့ဒါန၊ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနပါ။ ဒါကြောင့်ထိုထိုသောဒါနကိုလည်း အားလုံးသော ဒကာ ဒကာမများမပေးလှူမိဖို့ သတိပေးလိုပါတယ်။
၃။ ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ်အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေအကုန်ကျခံပြီး ငှားရမ်းပေးတဲ့ ပြည့်တန်ဆာအလှူဒါနကိုပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေအကုန်ကျခံပြီးလုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ သတိပေးလိုပါတယ်။
၎။ နံပါတ်(၄)ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာအနည်းငယ်ရှားပါးပါတယ်။
၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂစိတ်တွေဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ၊ ပြက္ခဒိန်များ၊ ပန်းချီရုပ်များကိုပေးလှူတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထိုအလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ သတိပေးလိုပါတယ်။
၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့စသည်ဖြင့်ပေါ့လေ၊ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကိုပြောခြင်းဖြစ်ပါတယ်။
၇။ ၀ိသဒါန- အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကိုပေးလှူတဲ့ဒါနကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
၈။ သင်္ခလိကဒါန- လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကိုချုပ်နှောင်ဖို့၊ ဒုက္ခဖြစ်စေဖို့၊ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။
၉။ ကုက္ကုရ သူကရ ဒါန- ကြက် ၀က် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့ဖြစ်စေ သူတစ်ပါးအားသတ်စေ၍ဖြစ်စေ ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနမျိုးဖြစ်ပါတယ်။
၁၀။ တုလာကူဋ မာနကူဋ- ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး၊ ဝယ်တဲ့(အလေး)ကတစ်မျိုး၊ (ချိန်ခွင်နဲ့ဈေးရောင်းသူ)၊ ထို့အပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး၊ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး(ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကိုထုတ်လုပ်ရောင်းချခြင်း၊ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုပါတယ်။
ယခုဖော်ပြပြီးတဲ့ မပေးလှူကောင်းသော အပြစ်မကင်းသော အပါယ်လေးပါးကိုရောက်စေတတ်သော အလှူဒါနများကို အပြစ်ကင်းသော ကုသိုလ်ရသောအလှူဒါနဟုထင်မှတ်ပြီး ပြုလုပ်ခဲ့မိရင်လည်း နောင်တတွေ စိတ်မချမ်းသာမှုတွေ မဖြစ်ကြပဲ နောင်တစ်ကြိမ်မပေးလှူမိအောင် မပြုလုပ်မိအောင် ဆင်ခြင်ကြစေဖို့ အထူးသတိပေးလိုပါတယ်။
ထိုထိုသို့သော အလှူများက ကုသိုလ်မရသည့်အပြင် အပါယ်လေးပါးကိုရောက်စေတတ်တာကြောင့် အားလုံးသော ဒကာ ဒကာမ များ အထူးရှောင်ကြဉ်ပြီး အပြစ်ကင်းသော ကုသိုလ်ဖြစ်သော ဒါနကောင်းမှု များစွာကို အားထုတ်ကြပြီး သီလ ဘာဝနာ ဝိပဿနာများကိုပါ အချိန်ရသလောက်စောင့်ထိန်း ပွားများနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အသက်ထက်ဆုံး သာသနာပြုနိုင်သော ပုဂ္ဂိုလ်များဖြစ်ပါစေလို့ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

Monday 13 February 2017

MIECO MANUFACTURING SDN BHD
Lot 74, Kuantanတွင် လုပ်ကိုင်နေသော အောင်လံမြို့နယ် သမ္ဘူလအုပ်စု ဆတ်ဆူဝကျေးရွာရှိ အဖအမည် - ဦးဝင်းတင်၊ အမိအမည် - ဒေါ်အေးဟန်တို့၏သားမာင်တင်မိုးအောင်သည်....
လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက် ဒဏ်ရာရရှိပြီး ၅လခန့်ကြာသည့်တိုင် စက်ရုံမှ ထိရောက်သောကုသမှုမပေးခြင်း၊ ၎င်းစက်ရုံရှိအလုပ်သမားများအား ၃လတစ်ကြိမ်မှလစာရှင်းပေးခြင်းနှင့် သက်ဆိုင်ရာအေးဂျင့်များက ငွေရပြီးရောဆိုသော လုပ်ရပ်များကြောင့် ထိုစက်ရုံရှိ မြန်မာအလုပ်သမားတချို့နဲ့အတူ မြန်မာပြည်သို့  ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်များနိစ္စဒါနပရဟိတအသင်းမှ သတင်ကြားကြားချင်း သွားရောက်ကာ ၅လခန့်အလုပ်မလုပ်နိုင်ရှာသော မောင်တင်မိုးအောင်အတွက် ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိပါက လတ်တလောအနေဖြင့် ဒဏ်ရာကို ဆေးဝါးကုသမှုပြုနိုင်စေရန် အသင်းမှ မြန်မာငွေ သုံးသိန်းကျပ်ကို ထပ်မံ၍ ကူညီထောက်ပံ့ပေးခဲ့ပါသည်။
စကားကြွင်း ။ ။ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုအတွက် မောင်တင်မိုးအောင်၏ ရသင့်ရထိုက်သော ခံစားခွင့်အချို့ကို ရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့သော မြန်မာသံရုံှးအလုပ်သမားရေးရာဌာနမှ တာဝန်ရှိသူများကို (လူနာမိသားစုကိုယ်စား) အထူးကျေးဇူးတင်ရှိပါကြောင်း. ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့) ပါဟန်းပြည်နယ် မလေးရှား။
Image may contain: 1 person, hat and closeupImage may contain: foodImage may contain: one or more people
Image may contain: foodImage may contain: one or more people and food

Image may contain: one or more people and foodImage may contain: one or more people

Image may contain: one or more people and people sittingImage may contain: 6 people, people sitting

Image may contain: 8 people, people sitting
MIECO MANUFACTURING SDN BHD
Lot 74, Kuantan တွင်လုပ်ကိုင်နေသော အောင်လံမြို့နယ် သမ္ဘူလအုပ်စု ဆတ်ဆူဝကျေးရွာရှိ အဖအမည် - ဦးဝင်းတင် ၊ အမိအမည် - ဒေါ်အေးဟန် တို့၏သား မောင်တင်မိုးအောင်သည် လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းကြားရသဖြင့် နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ အသင်းသား/သူများ သွားရောက်ကြည့်ရှုအားပေးကာ လူနာမောင်တင်မိုးအောင်အတွက် စားသောက်ဖွယ်ရာများနဲ့အလှူငွေများ ပေးအပ်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့စဉ်က..။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Friday 3 February 2017


" သိသူဖော်စား -မသိသူကျော်သွား "
သာသနာနှစ်၂၅၆၀သို့ ရောက်ခဲ့လေပြီ။ သာသနာနှစ်၂၅၀၀မှ ၃၀၀၀အတွင်းကာလကို ဝိမုတ္တိခေတ်၊ ဝိပဿနာထွန်းကားပြန့်ပွားမည့်ကာလဖြစ်၍ ဗုဒ္ဓဘာသာသာသနာတော်ကမ္ဘာသို့ ပြန့်ပွားမည်သာမက အရိယာနွယ်ဝင် သူတော်စင်များမြောက်များစွာ ပေါ်ထွန်းကြတော့မည့်ကာလဖြစ်ပေသည်။ သာသနာနှစ်၂၅၀၀၌ ဆဌမအကြိမ် သင်္ဂါယနာတင်ပွဲကို မြန်မာပြည်တွင်ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်းမှစ၍ ဗုဒ္ဓ၏အဆုံးအမများကို ဘာသာမျိုးစုံဖြင့် ရေးသားထုတ်ဝေဖြန့်ဖြူးခဲ့ကြ၍ ကမ္ဘာသူကမ္ဘာသားများစွာ လေ့လာခွင့်ရရှိခဲ့ပါသည်။ ဝိပဿနာဆိုသည့်ဝေါဟာရကိုလည်း သာသနာ့ဝန်ဆောင်ဆရာတော်ကြီးများအဆက်ဆက် မိန့်ဆိုဟောကြားလေ့ကျင့်သင်ကြားပေးခဲ့ကြသည်မှာ ဖားအောက်ဆရာတော်ကြီးလက်ထက်တွင် ရှေးရိုးလမ်းဟောင်းအတိုင်း ကျင့်ကြံပွားများ အားထုတ်ခွင့်ရကြနေပြီ ဖြစ်ပါသည်။ ဖားအောက်ဆရာတော်ကြီးသည် အနာဂတ်သာသနာတော်အတွက် ပရိယတ်နှင့်ညီညွတ်သော အကျင့်ပဋိပတ်ကို ရှေးရိုးလမ်းဟောင်းအတိုင်း တိတိကျကျခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း ဟောကြားရေးသားလေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ ဖားအောက်ဆရာတော်ကြီးသည်အနာဂတ်သာသနာတော်အတွက် ဗုဒ္ဓဘုရား၏ အဆုံးအမကျင့်စဉ်တရားတော်များအား ကမ္ဘာသို့ ပြန့်ပွားရန် ရည်ရွယ်တော်မူခဲ့ပါသည်။ ဖားအောက်ဆရာတော်ကြီး၏ အဆုံးအမသြဝါဒကို ခံယူပြီး သာသနာတော်အတွက် ဆောင်ရွက်ခွင့်ရသူများနှင့် ကျင့်ကြံပွားများအားထုတ်ခွင့်ရသည့်ပုဂ္ဂိုလ်များသည် မဟာကံထူးရှင်များဖြစ်ကြပါသည်။ ဝိမုတ္တိခေတ်ဆိုသည့် အရိယာနွယ်ဝင်သူတော်စင်များပေါ်ထွက်တော့မည့်ကာလသည် နှစ်ပေါင်း(၄၄၀)ကျန်ရှိနေပါ၍ လူတို့၏သက်တမ်းဖြင့်တွက်လျှင် လူ့ဘဝသို့ အနည်းဆုံး (၆)ဘဝပြန်လာပြီး သံသရာမှ လွတ်အောင် ကျင့်ကြံပွားများအားထုတ်ခွင့်ရှိနေကြပါသည်။ လက်ရှိအချိန်ကာလသည် ဖားအောက်ဆရာတော်ကြီးနှင့် ဆုံတွေ့နေရပြီဖြစ်၍ မိမိအကျိုးနှင့် အနာဂတ်သာသနာ့အကျိုးအတွက် ကုသိုလ်ရယူစေလိုပါကြောင်း----
https://www.facebook.com/%E1%80%96%E1%80%AC%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%9B-Pa-auk-Tawya-Main-1642148706042919/?ref=page_internal

Min Yar Zar (Kuantan Pahang Malaysia)
Image may contain: 1 person

Image may contain: cloud, mountain, sky, outdoor and nature

Image may contain: sky, mountain, outdoor and nature

No automatic alt text available.

No automatic alt text available.


Image may contain: 2 people