Thursday 13 October 2016

လွန်​ခဲ့​သောလက ငလျင်​ဒဏ်​​ကြောင့်​ ပြိုကျပျက်​စီးသွားခဲ့​သော ပုဂံ​ဒေသရှိ ကျွန်ုပ်​တို့၏ ဘိုးဘွားအ​မွေအနှစ်​ဖြစ်​​သော ပုဂံ​စေတီပုထိုးများအား ပြန်​လည်​ပြုပြင်​နိုင်​​စေရန်​အလို့ငှါ


လွန်​ခဲ့​သောလက ငလျင်​ဒဏ်​​ကြောင့်​ ပြိုကျပျက်​စီးသွားခဲ့​သော ပုဂံ​ဒေသရှိ ကျွန်ုပ်​တို့၏ ဘိုးဘွားအ​မွေအနှစ်​ဖြစ်​​သော ပုဂံ​စေတီပုထိုးများအား ပြန်​လည်​ပြုပြင်​နိုင်​​စေရန်​အလို့ငှါ ကျွန်​​တော်​များ မ​လေးရှား​ရောက်​ မြန်​မာလူငယ်​များ လူမှုကူညီ​ရေးအသင်း #နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)မှ သီတဂူဆရာ​တော်​ဘုရားကြီးထံသို့ သီတဂူအ​ထောက်​အကူပြုအဖွဲ့ (မ​လေးရှား)မှတဆင့်​ အလှူ​ငွေများ​ ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။
လှူဒါန်း​ငွေစုစု​ပေါင်းမှာ မြန်​မာ​ငွေ ၁၁၀၀၀၀၀ိ/(ဆယ့်​တစ်​သိန်း)ကျပ်​ဖြစ်​ပြီး မ​လေးရှားမှ​ရွှေမြန်​မာများ မီး၁၁ပါးငြိမ်း​အေးပါ​စေ သည်​အ​နေဖြင့်​ မြန်​မာသံရုံးမှ ဦးသီဟ​မောင်​​မောင်​နှင့်​ဇနီးမိသားစုတို့မှလည်း မိမိတို့အသင်းနှင့်​အတူပါဝင်​လှူဒါန်း​ပေးကာ ကုသိုလ်​ထပ်​တူ အရယူခဲ့ကြပါတယ်​ခင်​ဗျာ။
ဤကုသိုလ်​ဒါနသည်​ ကွမ်​တန်းမြို့ရှိ ​စေတနာရှင်​ အလှူရှင်​များနှင့်​တကွ ကျွန်ုပ်​တို့နိစ္စဒါနပရဟိတအသင်း အသင်းသူ/သားများတို့၏ ​စေတနာ့​အောင်​ပွဲပင်​ဖြစ်​ပါသည်​။
မိမိတို့၏စိတ်​၌ ​တောင့်​တလျက်​ရှိ​သော အာသီသဆန္ဒ ကာလဒါန ကုသိုလ်​ပုည ဤဒါနကို ဖြစ်​​မြောက်​​အောင်​ လက်​ခံ​ဆောင်​ရွက်​​ပေးပါ​သော သီတဂူအ​ထောက်​အကူအပြုအဖွဲ့ (မ​လေးရှား)နှင့်​ မိမိတို့ကဲ့သို့ စိတ်​အားထက်​သန်​စွာ ကုသိုလ်​ယူ ကူညီပါဝင်​ပါ​သော ဦးသီဟ​မောင်​​မောင်​ကို အထူး​ကျေးဇူးတင်​ရှိပါ​ကြောင်းနှင့်​ မိမိတို့ဘိုးဘွား အ​မွေအနှစ်​အစစ်​ဖြစ်​​သော ​စေတီပုထိုးများပြုပြင်​နိုင်​ရန်​ လှူဒါန်းလို​သော​ငွေ​ကြေးအတွက်​ ကာယအား ဉာဏအား ​စေတနာအား ဝီရိယအား ပညာအားတို့ဖြင့်​ လုံလပြုရခြင်း ၊ ထိုမှတပါး ဗုဒ္ဓမြတ်​စွာသာသနာ​တော်​ကြီး နှစ်​ငါး​ထောင်​မက အဓွန့်​ရှည်​ကြာတည်​တံ့နိုင်​ပါ​စေခြင်း စသည်​ဓိဋ္ဌာန်​ ရည်​စိတ်​သန်​၍ ပြုစွမ်းပါရ ပါရမီပုညမြတ်​ဘာဂသည်​ မြင့်​ရှည်​မကြာ သံသရာမှ လျင်​စွာဆန်​တက်​ နိဗ္ဗာန်​တည်းဟူ​သော ဟိုမှာဘက်​ကမ်းတဖက်​ဆီသို့ ကူးလွတ်​နိုင်​​ကြောင်း ​ကောင်းမြတ်​​သောအ​ထောက်​အပံ့​ကောင်းသည်​ အမှန်​မ​သွေဖြစ်​ပါ​စေသတည်း။ ။
ကျေးဇူး​တော်​ရှင်​ သီတဂူဆရာ​တော်​ဘုရားကြီး၏ ပညာဂုဏ်​ အာစရိယဂုဏ်​ သံဃာ့ဂုဏ်​ စသည်​အထူး ဂုဏ်​​ကျေးဇူးအ​ပေါင်းတို့အား ကြည်​ညိုသဒ္ဓါ ဦးတင်​ကာဖြင့်​....
"ငါတို့ဖြစ်​ရ ၊ ဤ​လောကဝယ်​ ၊ ဘဝသမိုင်း ၊ မရိုင်း​စေရန်​ ၊ စိတ်​မာန်​မချ ၊ မာနမပါ ၊ တို့စွမ်းရာဖြင့်​ ၊ တို့သာသနာ ၊ တို့ပြည်​ရွာကို ၊ သာယာ​စေမှု ၊ လုံ့လပြုအံ့"..။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)

No comments:

Post a Comment