Saturday 30 December 2017

ကုသိုလ်​ဟူက အကြံရလျှင်​ ချက်​ချင်းပြုပါ
*****************************
ကောင်းကျိုးလိုလား ဤစိတ်​ထားချိန်
ကိုယ်​ကားပါ​စေ ဝစီ​ချွေမြွက်
ကောင်း​ပေတတ်​ကို ​နေ့ညတွက်​နှိုင်း
ချိန်​ရက်​ပိုင်းလို့ ​​စောင့်​ဆိုင်းလို့သာ
မပြုရာဘူး။

ကိုယ်​၏​သေမင်း ကိုယ့်​​သေခြင်းကား
စောင့်​ခြင်းဘယ်​ခါ မရှိရာမို့
ကုသိုလ်​ဟူက မှန်​သမျှကို
ကြံဆမိလျှင်း ခုချက်​ချင်းသာ
မယွင်းသူငါ ပြု​စေပါ​လော့။

စိတ်​က​စေရာ ​ကောင်းနိုးရာကို
ကိုယ်​မှာထကြွ ကြိုးလုံ့လဖြင့်
ပြုကြပါ​လေ မတွန့်​​ပေဟု
ဆု​တွေ​ချွေပြီး စကားချည်းသာ
မဖြစ်​ရာဘူး။

Nicca Dâna

ဇီဝိတံ ဗျာဓိ ကာ​လောစ
ဒေဟနိ​က္ခေပနံ ဂတိ။
ပ​ဉ္စေ​တေ ဇီဝ​လောကသ္မိံ
အနိမိတ္တာန နာယ​ရေ။

၂၉.၁၂.၂၀၁၇ မ​နေ့က ​ကွယ်​လွန်​သူ ​မောင်​​နေမျိုး​အောင်​၏ ရုပ်​အ​လောင်းအားကူညီသဂြိုလ်​​ပေးရန်​ ​ရောက်​ရှိလာ​သော KLမှ နှလုံးလှ​သွေးလှူရှင်​များအသင်းအား ပရဟိတအသင်းအချင်းချင်း အပြန်​အလှန်​ ​ထောက်​ပံ့ကူညီ​သောအားဖြင့်​လည်း​ကောင်း ၊ ကျွန်ေ​တာ်​များကွမ်​တန်းမြို့ရှိ နိစ္စဒါနပရဟိတအသင်းမှ အလှူ​ငွေ RM500 ကို မိမိတို့ပရဟိတညီ​နောင်​များ ​ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းအမှတ်​တရ ဖြစ်​ပါ​စေ ဤအ​နေအားဖြင့်​လည်း​ကောင်း ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။

ကွမ်​တန်းမှအခက်​အခဲဒုက္ခကို မျှ​ဝေခံစားကူညီ​ပေးပါ​​သော နှလုံးလှ​သွေးလှူရှင်​များအသင်းမှ ဦး​ဆောင်​သူများနှင့်​ အသင်းသူ အသင်းသားများအား ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့) မှ နာ​ရေးကာယကံရှင်​များနှင့် ကွ​မ်တန်း​​​ရှိ​ရွှေမြန်​မာညီကို​မောင်​နှမအားလုံးတို့၏ကိုယ်​စား အထူးပင်​​ကျေးဇူးတင်​ရှိပါသည်​။

နှလုံးလှ​သွေးလှူရှင်​များအသင်းကြီး ဆထက်​တိုး၍ (ဉာတတ္ထစရိယာ)အများအကျိုး သယ်​ပိုးရွက်​​ဆောင်​နိုင်​ပါ​စေ​သော်​... ။

နိစ္စဒါနပရ၀ိတအသင်း(ကွမ်​တန်းမြို့)



Friday 29 December 2017


ယ​နေ့တွင်​ နှလုံးလှ​သွေးအလှူရှင်​များအသင်းနှင့်​ နိစ္စဒါနပရဟိတအသင်းတို့ ​ပူး​ပေါင်း၍ ကွယ်​လွန်​သူ​မောင်​​နေမျိုး​အောင်​၏ ကျန်​ရစ်​​သောရုပ်​အ​လောင်းအား ကွမ်​တန်း​ဆေးရုံကြီးမှ ထုတ်​​ဆောင်​ယူကာ jabor သုဿန်​တွင်​ ​ကောင်းမွန်​စွာ သဂြိုလ်​​ပေးခဲ့ကြပါသည်​။

မိမိတို့ပြုခဲ့သမျှ​သော ကုသိုလ်​အဖို့ဘာဂကို ဘဝတမလွန်​​ပြောင်း​ရွေ့သွား​သော ​မောင်​​နေမျိုး​အောင်​အား အမျှ .. အမျှ.. အမျှ.. ​ပေး​ဝေငှပါ၏။ ​ရောက်​ရာ မြင်​ရာ ကြားရာ ဘုံဌာနမှ သာဓု​ခေါ်ဆိုနိုင်​ပါ​​စေ..။ ​ကောင်းမြတ်​​သော ဘုံဌာနများ၌လည်း ​ရောက်​ရှိနိုင်​ပါ​စေ​သော်​...။

နိစ္စဒါနပရဟိတအသင်း







Thursday 28 December 2017


"ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗု​ဒ္ဓေန ဝဏ္ဏိတံ" ဟူ​သော ဘုရားမြတ်​စွာ ​ဟောကြား​တော်​ဆုံးမ​တော်​မူသည့်​အတိုင်း အလှူတို့တွင်​ ​ကျောင်းအလှူသည်​ အမြတ်​ဆုံးအလှူဖြစ်​ပါသည်​။ သို့ဖြစ်​ပါ၍ ကွမ်​တန်းမြို့၌ ဘုန်းကြီး​ကျောင်းဖြစ်​​မြောက်​​ရေးအတွက်​နှင့်​ ​ကျောင်းအတွင်းလိုအပ်​​သော ပစ္စည်းများဝယ်​ယူနိုင်​ရန်​ ​အောက်​ပါအလှူရှင်​များမှ နိစ္စဒါနပရဟိတအသင်းသို့ အလှူ​ငွေများ ထည့်​ဝင်​လှူဒါန်းခဲ့ကြပါသည်​။

၁။ကိုထွန်းထွန်းထိုက်​ မိသာစု RM100
၂။ကိုအီမန်း မိသားစု RM100
၃။ကို​ဇော်​ မိသားစု RM100
၎။ကိုနိုင်​ကြီး မိသားစု RM100
၅။ကို​အောင်​ပု မိသားစု RM100
၆။ကိုသန့်​​ဇော်​ထွန်း မိသားစု RM100
၇။ကိုရုပ်​ဆိုး မိသားစု RM100
စုစု​ပေါင်း RM700 ကိုအသင်းဘဏ္ဍာ​ရေးမှူးထံသို့ ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။

အများ​မျှော်​လင့်​​တောင့်​တလျက်​ရှိ​သော ဘုန်းကြီး​ကျောင်းဖြစ်​တည်​​ရေးအတွက်​ အ​ပြောနဲ့သာမဟုတ်​ လက်​​တွေ့အားဖြင့်​လဲ အားတက်​သ​ရောပါဝင်​ လှူဒါန်းကြပါ​သော ​စေတနာရှင်​ ကုသိုလ်​ရှင်​အ​ပေါင်းတို့သည်​ ​..
ဘေးရန်​ခပ်​သိမ်း ကင်း​ဝေးကြပါ​စေ..
စိုးရိမ်​ခပ်​သိမ်း ကင်း​ဝေးကြပါ​သော..
ဆင်းရဲခပ်​သိမ်း ကင်း​ဝေးကြပါ​စေ..
နှလုံးစိတ်​ဝမ်း ​အေးချမ်းကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း

Tuesday 12 December 2017

ကို​နေလင်း​အောင်​မိသားစုမှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးနိုင်​​စေရန်​ အလှူ​ငွေ RM50 ကို ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အလှူရှင်​မိသားစုများ သက်​ရှည်​ကျန်းမာ၍ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း











Monday 11 December 2017

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကျွန်​​တော်​တို့ ကွမ်​တန်းမြို့ကြီးဟာဆိုရင်​ ပြည်​နယ်​တစ်​ခုရဲ့ အကြီးဆုံးအထင်​ကရမြို့ကြီးဖြစ်​ပြီး ​ဗုဒ္ဓဘာသာဝင်​ ​မြန်​မာ​ရွေ့​ပြောင်း အလုပ်​သမားများ အ​တော်​အသင့်​ ရှိ​သောမြို့ကြီးတစ်​မြို့လဲ ဖြစ်​ပါသည်​။ 
သို့​သော်​လည်း ယခင်​သီတင်းသုံး​ခဲ့​သော ကွမ်​တန်​ဆရာ​တော်​ မြန်​မာပြည်​သို့ ပြန်​လည်​ကြွသွားပြီးသည့်​​နောက်​ပိုင်း မိမိတို့​နေထိုင်​ရာမြို့တွင်​ ​ကျောင်းမရှိ ၊ သံဃာမရှိပဲ ​နေလာခဲ့ရာ ဗုဒ္ဓဘာသာဝင်​များအဖို့ ဘုရားပွင့်​ရာကာလဖြစ်​​သော်​လည်း သြကာသကန်​​တော့ချိုးတွင်​ ပါဝင်​​သော ရပ်​ပြစ်​ရှစ်​ပါးတို့တွင်​ တစ်​ခု​သော​နေရာသို့ ​ရောက်​​နေကြသည့်​အလား ကွမ်​တန်းရှိဗုဒ္ဓဘာသာဝင်​များအဖို့ ခါကြီးရက်​ကြီးများနှင့်​ ​မွေး​နေ့အခါသမယများတွင်​ သံဃာရည်​မှတ်​၍ ကုသိုလ်​ပြု ဆွမ်းတစ်​နပ်​လှူဒါန်းရန်​ပင်​ အ​တော်​မလွယ်ကူ​သော အ​ခြေအ​နေဖြင့်​ ကြုံ​တွေ့​နေရသည်​ကို အားလုံးသိရှိ နားလည်​ကြပြီး ဖြစ်​မည်​ထင်​ပါသည်​။
"သင့်​​တော်​ရာအရပ်​မှာ အိမ်​တစ်​အိမ်​ကို ငှါးရမ်းပြီး ဘုန်းကြီး​ကျောင်းအဖြစ်​ထားရှိကာ သံဃာတစ်​ပါးပါးအား ကြွ​ရောက်​သီတင်းသုံး​စေလျှင်​ ​ကောင်းမှာပဲ" ဟု ​ပြောသူ​တွေ များ​သော်​လည်း စင်​စစ်​ဦး​ဆောင်​လုပ်​ကိုင်​လိုသူ မရှိခြင်း​ကြောင့်​ ကွမ်​တန်းအရပ်​သည်​ ရဟန်း​သံဃာနှင့်​ အဆက်​ပြတ်​ခဲ့ရသည်​မှာ အ​တော်​အသင့်​ကြာခဲ့​လေပြီ။
 "သံဃာနဲ့​ဝေး အပါယ်​​ဘေး မ​နှေး​တွေ့လိမ့်​မည်​" ဟု မိမိ၏ဆရာသမားဖြစ်​​သော ဆရာ​တော်​ဘုရား၏ တရားတစ်​ပုဒ်​တွင်​ ထည့်​သွင်းရွတ်​ဆိုခဲ့​သော ထိုစာ​ကြောင်း​လေးကို ပြန်​လည်​အမှတ်​ရမိသဖြင့်​လဲ တိုင်းတစ်​ပါးတွင်​ ​လောဘအရင်းခံသဖြင့်​ ​မောဟ ​ဒေါသတို့ဖြင့်​ စီးပွားရှာကြကုန်​​သော မိမိတို့အဖို့ ရံခါကုသိုလ်​စိတ်​ဖြစ်​၍ ဒါန သီလ ဘာဝနာ စသည်​ ကုသိုလ်​တရားများ ပွားများပြုလုပ်​နိုင်​ရန်​ သံဃာတစ်​ပါး​တော့ ရှိတန်​​ကောင်း၏ဟု ထင်​မြင်​မိပါသည်​။
 "မင်းတို့ အားတဲ့အချိန်​ ဘယ်​မှာရှိလို့လဲ.တစ်​ခုမဟုတ်​ တစ်​ခုလုပ်​​နေကြရတာပဲ မဟုတ်​လား. လူဆိုတာ ကုသိုလ်​ရဖို့ကို မအားတဲ့ကြားထဲက လုပ်​နိုင်​မှ ​တော်​ကာကျတာ.. မ​သေမချင်း လုပ်​ရမဲ့အလုပ်​​တွေထဲ ကုသိုလ်​အလုပ်​သာ ထိပ်​ဆုံးကလို့ မှတ်​ကြစမ်းပါ.. ဒါ​ကြောင့်​ ကုသိုလ်​အလုပ်​ဆိုရင်​ အချိန်​ဆိုင်းမ​နေနဲ့ ၊ သူ့ကြည့် ငါ့ကြည့်​လုပ်မ​​နေနဲ့။ အသက်​ရျူတာ ရပ်​မသွားခင်​ ခပ်​သုတ်​သုတ်​သာ လုပ်​ကြပါ" ဆို​သော သြဝါဒနဲ့အညီ အများသူငါ ကုသိုလ်​ပြုခွင့်​နဲ့ ကုသိုလ်​တရားဖြစ်​ပွားပါ​စေဟု နှလုံးမူလျက်​ မိမိတို့နိစ္စဒါနလူမှုကူညီ​ရေးအသင်းမှ ဦး​ဆောင်​မတည်​ကာ ဘုန်းကြီး​ကျောင်းအတွက်​ သင့်​​တော်​ရာ​နေရာကို 1လပိုင်း 2018တွင်​ စတင်​ငှါးရမ်းရန်​ အိမ်​ရှင်​နှင့်​လဲ သ​ဘောတူထားပြီး ဖြစ်​ပါသည်​။
သို့ဖြစ်​ပါ၍ ကွမ်​တန်းရှိညီကို​မောင်​နှမများအ​နေဖြင့်​ "ဆယ်​ဝါပြည့်​တင်း ဝိဘင်းနှစ်​ဖြာ..စသည်​.." မဟုတ်​​စေကာမူ မိမိတို့နှင့်​ သိကျွမ်းရင်းနှီး​သော ဆရာ​တော်​များထဲမှ သင့်​​လျော်​ရာ ဆရာ​တော်​တစ်​ပါးပါးကို ပင့်​​ဆောင်​၍ သီတင်းသုံး​စေလိုပါက 30.12.2017 ​နေ့ထိ အသင်းထံသို့ ဆက်​သွယ်​​မေးမြန်းနိုင်​ပါ​ကြောင်း ကုသိုလ်​အ​ရေး အသိ​ပေးနှိုး​ဆော်​လိုက်​ရပါသည်​.. သူ​တော်​​ကောင်းအ​ပေါင်းတို့..။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို )

နိစ္စဒါနပရဟိတအသင်း၏ အသင်းဝင်တစ်ဦးဖြစ်​သူ ဦး​အောင်​စိုး၏မိခင်​ တနင်္သာရီတိုင်း ထားဝယ်​မြို့ စန်းချီရပ်​​နေ ကွယ်လွန်သူ​ဒေါ်သန်း​မေ၏နာရေးအား ကူညီသည့်အနေဖြင့် အသင်းမှမြန်မာငွေကျပ်၂ သိန်းနှင့်ညီမျှ​​သော RM610 ကို (ကွယ်လွန်သူမိခင်အတွက်ရည်စူး၍ ကုသိုလ်ပြုနိုင်ပါစေ ဤအနေဖြင့်) သားဖြစ်သူ​အသင်းဝင်ဦး​​အောင်စိုး​သို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)










Saturday 9 December 2017

မစန်းစန်း​မော်​မှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးနိုင်​​စေရန်​ အလှူ​ငွေ RM100 ကို ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အလှူရှင်​မိသားစုများ သက်​ရှည်​ကျန်းမာ၍ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း






Thursday 7 December 2017

ကို​ဝေယံ(BHPဆီဆိုင်​)မှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးပြုနိုင်​​စေရန်​ RM50 ကို​ ပါဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း




Monday 4 December 2017

3.11.2017ရက်​​နေ့တွင် ​ပီနန်းဆရာ​တော်​ဘုရားကြီး၏ အန္တိမဈာပနသို့ သွား​ရောက်​ကာ ဆရာ​တော်​ဘုရားကြီး၏ရုပ်​ကလပ်​​တော်​အား ​နောက်​ဆုံးအားဖြင့်​ ပူ​ဇော်​ကန်​​တော့ခဲ့ပြီး ဈာပနကျင်းပ​ရေး ​ကော်​မတီအဖွဲ့သို့ အလှူ​တော်​​ငွေ RM500 ကို​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

ဤကုသိုလ်​အဖို့ဘာဂသည်​ ပါဝင်​လှူဒါန်းကြသူ အလှူရှင်​အ​ပေါင်းနှင့်​တကွ အသင်းသူ အသင်းသားအားလုံးတို့၏ ကုသိုလ်​အလှူဖြစ်​ပါသည်​။ ထို့​ကြောင့်​ ကွမ်​တန်းရှိအလှူရှင်​များနှင့်​ အသင်းဝင်​များအားလုံး ဝမ်း​မြောက်​နု​မော်​ သာဓု​ခေါ်နိုင်​ကြပါ​စေ​သော်​...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









Friday 1 December 2017

11 လပိုင်း 2017 အတွက် ငွေစာရင်းရှင်းတမ်းပါ..

မှတ်ချက်။ ။ အသင်းဝင်များသည်၎င်း ၊ အလှူငွေထည့်ဝင်ထားသူများသည်၎င်း 11 လပိုင်းတွင် မိမိတို့အလှူငွေ ထည့်ဝင်ထားသော်လဲ ဤစာရင်းရှိ သက်ဆိုင်ရာ ဇယားကွက်တွင် မိမိတို့အမည်စာရင်း မပါဝင်ပါက (စာရင်းတင်​သူမိမိ၏ချွတ်​​​ချော်​မှုလဲ ဖြစ်​​ကောင်းဖြစ်​နိုင်​ပါသည်​။ သို့ဖြစ်​ပါ၍ အကယ်​၍မိမိတို့အမည်​ကို မ​တွေ့ရှိပါက) တိတ်တဆိတ်မနေကြပါဘဲနဲ့ မိမိတို့ထံ အလှူငွေကောက်ခံသူ (သို့) အသင်းနာယက ၊ အသင်းဥက္ကဌတို့ထံ အသိပေး မေးမြန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်​..
ကိုထွန်းထွန်းထိုက် 0148315464
ကိုဇော်မြင့် - 0169446437
ကိုဝင်းကို - 01133677715









ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်းမှ ပီ်​နန်းဆရာ​တော်​ဘုရားကြီး၏အန္တိမဈာပနပွဲသို့ သွား​ရောက်ပူ​ဇော်​ကန်​​တော့ကြမည်​ဖြစ်​ရာ (လွန်သူမိဘ၂ပါးအားရည်စူး၍) ကိုတင်မောင်ဇော် မိသားစုမှ RM50 ကို နိစ္စဒါနပရဟိတအသင်းသို့ ထည့်​ဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ... 

ဤသို့ပြုရ လှူဒါန​ကြောင့်​..
စိုးရိမ်​ခပ်သိမ်း​​​ကင်းကြပါ​စေ 
ကြောင့်​ကြခပ်​သိမ်းကင်းကြပါ​စေ
ဆင်းရဲခပ်​သိမ်းကင်းကြပါ​စေ
နှလုံးစိတ်​ဝမ်း ​အေးချမ်းကြပါ​စေ

သာဓု သာဓု သာဓု


နိစ္စဒါနပရဟိတအသင်း









ကမ္ဘာ့သာသနာပြု ​ကျေးဇူးရှင်​ပီနန်းဆရာ​တော်​ဘုရားကြီး၏ အန္တိမဈာပနပူဇာပွဲသို့ ကျွန်​​တော်​တို့နိစ္စဒါနပရဟိတအသင်းမှ သွား​ရောက်​ပူ​ဇော်​ကန်​​တော့ကြမည်​ဖြစ်​ပါသည်​။ သို့ဖြစ်​ပါ၍ သဒ္ဓါတက်​အားသ​ရွေ့ လှူဒါန်းလိုသူများ လှူဒါန်းနိုင်​ကြပါ​ကြောင်း ကွမ်​တန်းက​ရွှေညီကို သူ​တော်​​ကောင်းအ​ပေါင်းတို့အား အသိ​ပေးနှိုး​ဆော်​အပ်​ပါသည်​။
••••••••••••••••••••

ကို​ဇော်​+မ​လေးနွယ် RM 50
နေဝင်းထွန်း+မိနန္ဒာ RM 30
ခွန်​မိုးည RM100
ကိုမဟာ​ဌေး RM40
လှမိုးခိုင်​ RM20
အသီးသီး ကုသိုလ်​ပါဝင်​လှူဒါန်းထားပြီး ဖြစ်​ပါ​ကြောင်း ထပ်​တင့်​​ဖော်​ပြအပ်​ပါသည်​။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း










Sunday 26 November 2017

    ကိုမင်းဦး+မအေးမြင့်တို့၏ သားလေး မောင်ဝေယံဟိန်း၏ ၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိင်စေရန် အလှူတော်ငွေ RM300 ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
     ဤကုသိုလ်ကောင်းမှုကြောင့် သားလေးဝေယံဟိန်း၏ မွေးနေ့အခါသမယမှသည် နောက်နှစ်ပေါင်းများစွာထိအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိမ္မာယဉ်ကျေး၍ ထူးချွန်ထက်မြက်သော သားကောင်းရတနာလေး ဖြစ်နိုင်ပါစေလို့ နိစ္စဒါနအဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း










Tuesday 7 November 2017


ကွမ်တန်းမြို့ အိုင်းပူတေးရှိ အလှူရှင်မိသားစုမှ နိစ္စဒါနပရဟိတအသင်းတွင် လိုအပ်သောနေရာများတွင် အသုံးပြုရန်အတွက် rm20အား လှူဒါန်းခဲ့ပါသည်။


















Sunday 5 November 2017


ကွယ်လွန်သူဦးပုနာရေးအတွက်
*************************
ကိုသက်စိုး RM10
ကိုဖြိုးဝေလှိုင် RM50
ကိုသားသား RM50
ကိုမင်းမင်းခိုင် RM50
ကိုကျော်စွာဝင်း RM20
မကြည် RM50
ကိုမြင့်သန်း RM20
ကိုစိုးလင်းနိုင် RM10
ကိုမင်းမင်းဌေး RM50
စုစုပေါင်း RM310 ကို ကွယ်လွန်သူဦးပုအတွက် ရည်စူးကုသိုလ်ပြုနိုင်ရန် နိစ္စဒါနလူမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဤရရှိသော အလှူငွေများကို အသင်းမှတဆင့် ဦးပုမိသားစုထံသို့ ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်ခင်ဗျာ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









ကိုအောင်ထူးမှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်စေရန် အလှူတော်ငွေ RM50 ကို စေတနာထက်သန်စွာ ပါဝင်လှူဒါန်းပါတယ်ခင်ဗျာ။

ဤသို့ပြုရ မြတ်ပုည ဒုက္ခလွတ်ပါစေ
ခန္ဓာဒုက္ခ ဝိပါက ဝဋ်မှလွတ်ပါစေ
ဤသို့ပြုရ မြတ်ပုည အမျှရပါစေ

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း






ကိုမျိုးသူရ (another one) မှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုအသုံးပြုနိုင်ပါစေရန် အလှူတော်ငွေ RM50 ကို မွန်သောစေတနာဖြင့် ပါဝင်လှူဒါန်းခဲ့ပါသည်။

ဘေးရန်ကင်းပါစေ
စိတ်ဆင်းရဲခြင်းကင်းပါစေ
ကိုယ်ဆင်းရဲခြင်းကင်းပါစေ
ကျန်းမာချမ်းသာ ကိုယ့်ခန္ဓာ ကောင်းစွာစောင့်ရှောက် မွေးမြူနိုင်ပါစေ

သာဓု သာဓု သာဓု











ယနေ့တွင် ကွယ်လွန်သူ ကိုကျော်မျိုး(ခ)ဦးပု၏(၇)ရက်မြောက် ရက်လည်နေ့တွင် နိစ္စဒါနလူမှုကူညီရေးအသင်း၏(ကိုယ်စား) အသင်းမှစည်းရုံးရေးမှူးဖြစ်သော မယုမှ ကူညီထောက်ပံ့ငွေ (၆၀၀၀၀၀)ခြောက်သိန်းကျပ်တိတိကို ဦးပု၏ဇနီးနှင့်သားထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

*ဘုရားရှင်နှင့်တကွသော သူတော်ကောင်းအပေါင်းတို့သည် ကရုဏာလျှင်ရှေ့သွားပြု၍ သတ္တဝါတို့၏အကျိုးအား သယ်ပိုးခဲ့သည် မှန်ပါ၏*

*ကျွန်ုပ်တို့ပြုအပ်သော ပရဟိတအလုပ်သည်လည်း ဘဝတူညီကိုမောင်နှမများ၏ အကျိုးကိုသာလျှင် ရှေ့ရှုလျက် သနားစာနာခြင်းတည်းဟူသော ကရုဏာစိတ်သာလျှင် ရှေ့သွားပြု၍ ပြုလုပ်ရွက်ဆောင်ကြသည် မှန်ပါ၏*

ဤစကားသည် မှန်သောစကားဖြစ်ပါ၏။ ဤမှန်သောစကားသည် သစ္စာသည်သာဖြစ်၍ ထိုသစ္စာစကားကြောင့် သတ္တဝါများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ..

ကျွန်ုပ်တို့ပြုလုပ် ဆည်းပူးအပ်သော ကုသိုလ်အစုအဖို့တို့ကို ဦးပုအား ..
အမျှ .. အမျှ ...အမျှ ပေးဝေပါ၏။

ကြားရာ သိရာ မြင်ရာ အရပ်ဌာနမှ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေသော်..

အမျှရသည်ဖြစ်၍လဲ ကောင်းမြတ်သော ဘုံဘဝ၌ စံစား ခံစားနိုင်ပါစေသော်..

မှတ်ချက်။ ။ ဆက်သွယ်မေးမြန်းလိုသူများ မေးမြန်းနိုင်ရန် ဦးပု၏သား ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

နိစ္စဒါနပရဟိတအသင်း



Friday 3 November 2017

ကိုအီမန်း+မသီခိုင်တို့၏ သမီးလေး မကြယ်စင်ဖူး၏ ၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိင်စေရန် အလှူတော်ငွေ RM110 ကို ပေးအပ်လှူတန်းခဲ့ပါတယ်ခင်ဗျာ။

ဤကုသိုလ်ကောင်းမှုကြောင့် သမီးလေးမကြယ်စင်ဖူး၏ မွေးနေ့အခါသမယမှသည် နောက်နှစ်ပေါင်းများစွာထိအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိမ္မာယဉ်ကျေး၍ ထူးချွန်ထက်မြက်သော သမီးကောင်းရတနာလေး ဖြစ်နိုင်ပါစေလို့ နိစ္စဒါနအဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း





Wednesday 1 November 2017

ယခင်ရက်က ကွယ်လွန်သူဦးပု မြန်မာပြည်သို့အလည်မပြန်မီ ၎င်းအတွက်ထည့်ဝင်ရမဲ့ (၁၀)လပိုင်းနှင့် (၁၁)လပိုင်းအတွက် လစဉ်ကြေးနှစ်လစာကို သူပြန်မရောက်မီ အသင်းသို့ မပျက်မကွက်ထည့်ဝင်ပေးပါရန်နှင့် သူပြန်လာလျှင် ပြန်ပေးပါမည်ဟု အသင်းတာဝန်ရှိသူထံ အခါခါမှာကြားခဲ့ပါသည်။

ယခုအခါ ဦးပုသည် မြန်မာပြည်ရှိမိသားစုအိမ်၌ပင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီဖြစ်ရာ အသင်းဝင်အဖြစ်မှ ဦးပုအား ပယ်နုတ်ပြီးဖြစ်တော့၏။ ထို့ကြောင့်၎င်းမှာကြားခဲ့သည့်အတိုင်း (၁၀)လပိုင်းနှင့်(၁၁)လပိုင်းအတွက် အသင်းလစဉ်ကြေးကို ထည့်သွင်းဖော်ပြတော့မည်မဟုတ်ပေ။ သို့အတွက် ဦးပုအနေဖြင့်လဲ ထိုငွေကို ပြန်ပေးစရာမလိုတော့ပါ။


သို့သော် အသင်းအတွက် လှူဒါန်းလိုသော ၎င်း၏ဆန္ဒပြည့်ပါစေ ဤအနေဖြင့် အသင်း၏ဦးဆောင်သူနှစ်ဦးမှ ဦးပုအားရည်းစူး၍ အသင်းအတွက် လိုအပ်ရာတွင် ပြန်လည်၍ အသုံးပြုနိုင်စေရန် RM60 ကိုထည့်ဝင် လှူဒါန်းပေးခဲ့ပါသည်။


ကိုကျော်မျိုး(ခ)ဦးပုသည် အသင်း၌တွယ်ငြိခြင်းစိတ်ကိုစွန့်၍ မိမိလိုရာဘုံဘဝသို့ သွားရောက်နိုင်ပါစေ..။ မိမိတို့ပြုသမျှ ကုသိုလ်အဖို့ကိုလဲ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေ။


၎င်းကိုယ်တိုင်ပြုခဲ့ရသော ကုသိုလ်တို့၏အရှိန်ကြောင့်၎င်း..

မိမိတို့ပြုလုပ်အားထုတ်ခဲ့ရသော ပရဟိတလုပ်ငန်း၏ မွန်မြတ်သောကုသိုလ်အရှိန်တို့ကြောင့်၎င်း..
ကောင်းမြတ်သော ဘုံဘဝတွင် ရောက်ရှိခံစားနိုင်ပါစေသော်..

အမျှ အမျှ အမျှ


သာဓု သာဓု သာဓု


နိစ္စဒါနပရဟိတအသင်း









ကိုမင်းမင်းမှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်ပါစေရန် အလှူတော်ငွေ RM50 ကို စေတနာရောက် သဒ္ဓါပေါက်ကာ ထည့်ဝင်လှူဒါန်းပါတယ်ခင်ဗျာ။

ဤကုသိုလ်စေတနာစွမ်းပကားကြောင့်..
ဘေးရန်ကင်းပါစေ..
ကိုယ်ဆင်းရဲ ကင်းပါစေ..
စိတ်ဆင်းရဲကင်းပါစေ..
ကျန်းမာ ချမ်းသာ ကိုယ်ခန္ဓာ ကောင်းစွာ ဆောင်ရွက်နိုင်ပါစေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း