Saturday 22 October 2016



*ကံအမှားနှင့်​ခဲဖျက်​ဟူသည်​*
________________

"ပြီးပြည့်​စုံတဲ့လူရယ်​လို့ မရှိပါဘူး.. အမှားကင်းတဲ့လူရယ်​လို့လဲ မရှိပါဘူး.. ဒါ​ကြောင့်​ ခဲတံတစ်​​ချောင်းမှာ ခဲဖျက်​တစ်​ခုက ကပ်​ပါ​နေတာ​ပေါ့" တဲ့။ သိပ်​ဟုတ်​တာ​ပေါ့။ သို့​သော်​..
စာရွက်​​ပေါ်က အမှား​တွေကိုသာ ခဲဖျက်​နဲ့ဖျက်​လို့ ရ​ကောင်းရပါလိမ့်​မည်​ ။ စာရွက်​တစ်​ရွက်​မှာကိုပဲ အမှား​တွေထပ်​ကာ ထပ်​ကာမှားကြလို့ ခဲဖျက်​ရာ​တွေများလာခဲ့ရင်​​တော့ မူလကသန့်​ရှင်းဖြူစင်​​နေတဲ့ စာရွက်​​လေးဟာ ခဲဖျက်​ရာ​တွေ​ကြောင့်​ စုတ်​ပျက်​ညစ်​နွမ်းပြီး အမြင်​မလှ ဖြစ်​ရတာပါပဲ။
လောကလူ​တွေရဲ့ ​နေ့စဉ်​ဘဝ​တွေထဲက အမှား​တွေဟာ စာရွက်​​ပေါ်ကအမှား​တွေနဲ့ မတူပဲ ခဲဖျက်​နဲ့ဖျက်​သလို ပြန်​ပြင်​လို့ မရနိုင်​တဲ့ အမှားမျိုး​တွေလည်း ရှိတတ်​ကြတယ်​ဆိုတာ မ​မေ့​စေချင်​ပါ။ အထူးသဖြင့်​ လူ​တွေ​နေ့စဉ်​ ​ပြောဆို​နေကြတဲ့ စကား​တွေထဲမှာ မှားယွင်းစွာ သုံးနှုန်း​ပြောဆိုမိတဲ့ စကား​တွေကို မ​ပြောမိ မဆိုမိ​အောင်​​တော့ သတိထား​ပြောဆိုကြရပါလိမ့်​မည်​။ စကားတစ်​ခွန်း မှားယွင်းသွားပြီဆိုရင်​ ပြင်​ဖို့ရာ အင်​မတန်​ခက်​ခဲလှသည်​ကို စကားတစ်​ခွန်း၏တန်​ဖိုးကို အ​လေးထားမိသူတိုင်း သိကြ​ပေလိမ့်​မည်​သာ။
ဒါ​ကြောင့်​လည်း သီတဂူဆရာ​တော်​ဘုရားကြီးရဲ့ သြဝါဒမိန့်ခွန်း​တစ်​ခုမှာ "ပါးစပ်​မှာ ခဲဖျက်​မပါတာ သတိထားဖို့လိုတယ်​" လို့ အမိန့်​ရှိ​တော်​မူတာ ထင်​ပါရဲ့။ ​လောကမှာရှိတဲ့ တချို့​သောလူ​တွေက "လူ​တွေမှာ အမှားနဲ့မကင်းကြလို့မို့ ခဲတံ​တွေမှာ ခဲဖျက်​ကပ်​​ပေးရတာ​ပေါ့.. အမှားကင်းသူရယ်​လို့ ဘယ်​ရှိပါ့မလဲ" ဆိုပြီး ဒီအ​ကြောင်းပြချက်​နဲ့ပဲ အမှား​တွေကို ဆင်​ခြင်​ဖို့မကြိုးစားပဲ အမှားမျိုးစုံကိုပဲ ထပ်​ကာထပ်​ကာကျူးလွန်​ဖို့ ကြိုးစားကြသူ​တွေက များလှသည်​။
ကိုယ့်ဘဝရဲ့ အတိတ်​သမိုင်း ပုံရိပ်​​ဆိုတာ​တွေဟာ ခဲဖျက်​နဲ့ဖျက်​သလို ဖျက်​လို့ရတဲ့ အရာ​တွေမှမဟုတ်​တာ။ ကိုယ်​တိုင်​​လျှောက်​ခဲ့တဲ့ ဘဝရဲ့လမ်းတွေမှာ ကိုယ်​သိပြီး လွန်​ကျူးခဲ့တဲ့ အမှား​တွေလည်း ရှိ​နေနိုင်​သလို ကိုယ်​ထင်​မှတ်​မထားပဲ ကျူးလွန်​မိခဲ့တဲ့ အမှား​တွေလဲ ရှိ​နေနိုင်​တာပါပဲ။ လူတစ်​​ယောက်​ရဲ့ ဘဝသမိုင်း​ကြောင်း ​ကောင်းမ​ကောင်း စိစစ်​တဲ့​နေရာမှာ ပစ္စုပ္ပန်​လုပ်​ရပ်​တစ်​ခုတည်းချည်း ကြည့်​ပြီး​တော့ ဆုံးဖြတ်​ရတာမျိုးမဟုတ်​ပဲ အတိတ်​ကပုံရိပ်​​တွေကိုလည်း ထည့်​သွင်းစဉ်းစားကြရမည်​သာ။
တခါတရံ လူ​တွေမှား​လေ့ မှားထရှိတဲ့ အမှား​တွေထဲမှာ ကိုယ်​ပြုခဲ့တဲ့ အမှား​တွေအတွက်​ သူတစ်​ပါးက စာနာနားလည်​ပြီး ခွင့်​လွတ်​​ချေဖျက်​​ပေးနိုင်​​ပေမဲ့ ကိုယ့်​စိတ်​ ကိုယ့်​သန္တာန်​မှာ​တော့ ​မေ့မရ ​ဖျောက်​မရ ​ချေဖျက်​လို့ မရနိုင်​တာ​တွေဟာ ငြင်းမရ​အောင်​ ရှိ​နေတတ်​ကြတာပါပဲ။
ဒါ​ကြောင့်​ ဆရာ​တော်​များ​ဟောကြားဆုံးမ​လေ့ရှိတဲ့ ​နောင်​တဆယ်​ပါးဆိုတဲ့ ဘုရား​ဟောစကား ထင်​ရှားရှိ​နေခဲ့တာ​ပေါ့။ "ရှင်​လူများတို့..ငယ်​ခါကလျှင်​ မသင်​ပညာ ၊ ဥစ္စာမစု ၊ သူ့ကိုချစ်​ဖျက်​ ၊ သူ့သက်​သတ်​စား ၊ သူ့မယား၌ ပြစ်​မှားတုံဘိ ။ ပစ္စည်းရှိလျက်​ စိုးစဉ်းမလှူ ၊ ​မွေးမြူမိဘ မပြုထနှင့်​ ဆုံးမမနာ ၊ ဆရာမြတ်​ထံ နည်းခံမမှတ်​ ၊ အမြတ်​မကျင့်​ ဤဆယ်​ဆင့်​ကား ၊ ကြီးရင့်​ဇရာ အို​သောခါ၌ ၊ ပူစွာ​နောင်​တ ရတတ်​စွ၏" လို့ မဃ​ဒေဝဆရာ​တော်​ကြီးက လင်္ကာစပ်​ဆို ဆုံးမ​တော်​မူခဲ့တာ ရှိပါတယ်​။ ပြင်​မရတဲ့အမှား​တွေ​ပေါ့။ တနည်းအားဖြင့်​ #​နောင်​တမရ​အောင်​ဒီအမှား​တွေ​ရှောင်​ ဖို့သတိ​ပေးခဲ့တာဖြစ်​သည်​။
ဗုဒ္ဓဘာသာရှု​ထောင့်​က​နေ ကြည့်​ပြန်​ရင်​လည်း မိမိတို့ပြုထားခဲ့မိသမျှ​သော ကုသိုလ်​ကံ အကုသိုလ်​ကံဟူသမျှတို့သည်​ ကံကိုပြုမိခဲ့သူ ကိုယ်​တိုင်​က​ မေ့​လျော့​ကောင်း ​မေ့​လျော့​နေ​ပေလိမ့်​မည်​။ သို့​သော်​ ကိုယ်​ပြုခဲ့မိသမျှ ထိုကံရဲ့ သတ္တိစွမ်းကတော့ အမြဲတမ်း online အဖြစ်​နဲ့ record လုပ်​ထားပြီးသားမို့ ​လေလိုပြာလို ​ပျောက်​သွားမှာမဟုတ်​ပဲ အ​ကြောင်းသင့်​တိုင်းမှာ renew အဖြစ်​နဲ့သာ တည်​ရှိ​နေ​တော့မှာပါ။
လောကလူများ မှားကြသမျှ​သော အမှားတို့တွင်​ အ​ကြောင်းကိုစစ်​ "အမြစ်​​မြေက" ဆိုတာလို မသိခြင်း(အဝိဇ္ဇာ) ​ကြောင့်​သာ မှားကြသည်​ဟု ထင်​တတ်​ကြသည်​။ မဟုတ်​ပါ ။ ရံခါကြိုက်​နှစ်​သက်​မှု(တဏှာ)​ကြောင့်​လဲ မ​ကောင်းမှန်းသိလျက်​ အစွဲအလမ်း(ဥပါဒါန်​)​ကြောင့်​ မှားတတ်​ကြသည်​သာ။ မသိလို့မှားကြသူများနှင့်​ သိပြီးလိုချင်​စွဲလမ်းမှု​ကြောင့်​ အမှားလုပ်​ကြသူများကို (၂)မျိုး(၂)စားခွဲကာ ​လေ့လာကြည့်​လျှင်​ အ​တွေးအ​ခေါ်မရင့်​ကျက်​​သေး​သော က​လေးသူငယ်​များနှင့်​လူငယ်​လူရွယ်​များတွင်​ မသိမှုဦး​ဆောင်​ကာ မသိလို့မှားကြသူများဖြစ်​ပြီး သက်​လတ်​ပိုင်းနှင့်​လူကြီးပိုင်းများတွင်​ အများအားဖြင့်​ နှစ်သက်​စွဲလမ်းခြင်း​ကြောင့်​သာ သိလျက်​မှားကြသူများကို မြင်​​တွေ့ရပါသည်​။
ထင်​ရှား​သော သာဓကပြပါဆိုလျှင်​ လူအများကြိုက်​​သော ကွမ်းယာနှင့်​​ဆေးလိပ်​တို့သည်​ လူကိုဥပါဒ်​ဖြစ်​​စေ​သော မ​ကောင်းကျိုးအပြင် ​ငွေကိုအပိုကုန်​​စေ​သော​​ ဆိုးကျိုးကိုပေးမှန်း မသိခင်​က အစမ်းသ​ဘောဖြင့်​ သုံးစွဲမိရာမှ ​နောင်​အခါ ကွမ်း/​ဆေးလိပ်​ မရှိလျှင်​ပင်​ မဖြစ်​ဟူ၍ သုံးရင်းစွဲလမ်း​သောကြောင့်​ ဆက်​လက်​၍သာသုံးစွဲ​နေရပါ​တော့သည်​။ ဤတွင်​ မသုံးခင်​က အကျိုးနဲ့အပြစ်​ကို မသိနိုင်​​သော (အဝိဇ္ဇာ)က ဦး​ဆောင်​ပြီး မှား​လေသကဲ့သို့ သုံးစွဲပြီး​နောက်​ ဆိုးကျိုးအပြစ်​ကိုသိမြင်​သည့်​တိုင်​ မစွန့်​နိုင်​ပဲ ဆက်​လက်​၍မှားယွင်းစွာ သုံးစွဲ​နေခြင်းသည်​ မသိမှု​ကြောင့်​မဟုတ်​ပဲ နှစ်​သက်​စွဲလမ်းမိ​သော(တဏှာ-ဥပါဒါန်​)​ကြောင့်​သာ ဖြစ်​ပါသည်​။
သို့ဆိုလျှင်​ ကျွန်​​တော်​အပါအဝင်​ စာဖတ်​သူများအ​နေဖြင့်​ မိမိတို့သက်​တမ်းအ​လျောက်​ ပြုမိခဲ့ဖူး​သော အမှားများစွာတို့​၌ အထက်​တွင်​ဆိုခဲ့​သော #မသိ၍အမှားပြုမိခြင်း နှင့်​ #လိုချင်​နှစ်​သက်​မှု​ကြောင့်​အမှားပြုမိခြင်း နှစ်​မျိုးတွင်​ ဘယ်​ဒင်းဘယ်​ဟာ​ကြောင့်​ ပြုမိသည့်​အမှားက သာ၍များသနည်းကိုမူ မိမိတို့ကိုယ်​တိုင်​သာလျှင်​ အ​ဖြေထုတ်​ကြရ​ပေ​တော့မည်​။
ငယ်​စဉ်​ကာလ မသိတတ်​ခြင်း​ကြောင့်​ မှားတတ်​​သောသ​ဘောရှိရကား ခဲဖျက်​​ဆောင်​ကာ အခါခါဖျက်​ကြရ​သော်​လည်း ငယ်​စရိုက်​သဘာဝမို့ လွန်​တယ်​လို့​တော့မဆိုချင်​​ပေ။ ထိုအချိန်​အမှားမကင်းက မသိ​သေးသဖြင့်​ ​ဖြေသာ​သေးသည်​။ ကြီး​သောကာလ ​ကောင်းကျိုး ဆိုးပြစ်​ သင့်​မသင့်​ကို စိစစ်​​ဝေဖန်​ ပိုင်းခြားနိုင်​​သော အ​တွေ့အကြုံတို့ ကိုယ်​စီကိုယ်​စီ ရှိခဲ့ကြ​လေပြီ။ သို့​သော်​ "တရားသိလျက်​အကျင့်​ခက်​"ဟူ​သော စကားလည်းရှိ​သေး​ပေရာ ​လောကုတ္တရာနယ်​ပယ်​က သတ်​မှတ်​​သောအမှားများကို မပြုပြင်​မလိုက်​နာနိုင်​ကြသည့်​တိုင်​ ​လောကီနယ်​ပယ်​က သတ်​မှတ်​ပညတ်​​သော သမုတိနယ်​ပယ်​မှ သူတစ်​ပါးတို့ ကဲ့ရဲ့ဖွယ်​ ​အော့နှလုံးနာဖွယ်​ဖြစ်​​သော မကြားဝံ့မနာသာ အမှားမျိုးများကို မမှားမိကြ​စေရန်​ သတိပြုဆင်​ခြင်​သင့်​လှသည်​။
လူတိုင်းအမှားမကင်းသည်​ကား မှန်​ပါသည်​။ ထို့အတူ ခဲဖျက်​ဟူသည်​မှာလည်း စာရွက်​​ပေါ်မှ အမှားကိုသာ ဖျက်​၍ရနိုင်​သည်​။ လူတို့ပြု​သော ကံအမှားများကိုမူ ခဲဖျက်​က မတတ်​နိုင်​သည်​ကိုလည်း သတိပြုသင့်​ပါ​ကြောင်း.....။
ဇော်​မျိုး (Kuantan Nicca Dana)

Wednesday 19 October 2016

ယခုလ အသင်းဝင်များစာရင်းနှင့်လစဉ်ငွေစာရင်းရှင်းတမ်းပါခင်ဗျာ။





ယခုလ အသင်းဝင်များစာရင်းနှင့်လစဉ်ငွေစာရင်းရှင်းတမ်းပါခင်ဗျာ။
မှတ်ချက် ။ ။ အသင်းလစဉ်ကြေး ပေးဆောင်ထားပြီးသူများ ၊ အသင်းအတွက်အလှူငွေထည့်ဝင်ထားသူများအနေဖြင့် ဤစာရင်းတွင်မပါဝင်ပါက ကိုဇော်မျိုးထံသို့ viber မှတဆင့်ဖြစ်စေ ၊ Nicca Dana အကောင့်သို့ ချက်ဘောက်မှဖြစ်စေ အသိပေး အကြောင်းကြားကြပါခင်ဗျာ ။
Admin
...
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Thursday 13 October 2016

နိစ္စဒါနပရဟိတအသင်း၏ ပရဟိတအကျိုးပြုလုပ်​ငန်းများတွင်​ လိုအပ်​သလိုပြန်​လည်​၍အသုံးပြုနိုင်​​စေရန်​ ​ဒေါ်မိုး(888)မိသားစုမှ အလှူ​ငွေRM 50 ကိုပါဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ..

နိစ္စဒါနပရဟိတအသင်း၏ ပရဟိတအကျိုးပြုလုပ်​ငန်းများတွင်​ လိုအပ်​သလိုပြန်​လည်​၍အသုံးပြုနိုင်​​စေရန်​ ​ဒေါ်မိုး(888)မိသားစုမှ အလှူ​ငွေRM 50 ကိုပါဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ..
သာဓု. သာဓု. သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်​တန်းမြို့)



လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများ Job Passport ဖြင့် သွားရောက်ရမည်

လာမည့်နှစ်မှစ၍ ပြည်ပ၌ လုပ်ကိုင်မည့် အလုပ်သမားများ Job Passport ဖြင့် သွားရောက်ရမည်
==================================================
နေပြည်တော် အောက်တိုဘာ ၁၁
အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော ပြည်ပအလုပ်အကိုင် လိုင်စင်ရ အကျိုးဆောင် အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား စေလွှတ်ခဲ့ရာ အလုပ်သမားအများစုသည် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားခြင်းမပြုဘဲ ပွဲစားများ၏ လျှောက်ထားပေးခြင်း အရသော်လည်းကောင်း၊ အေဂျင်စီများဖြင့် အဆက်အသွယ်မရှိခြင်းကြောင့်သော် လည်းကောင်း၊ နိုင်ငံကူးလက်မှတ် အမျိုးအစား Visit Passport ဖြင့် သာလျှောက်ထား၍ သွားရောက်ခဲ့ကြပါသည်။
အလုပ်သမားများသည် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ဗီဇာသက်တမ်းတိုးပါက Visit Passport ဖြင့် သွားရောက် သူများသည် သက်တမ်းတိုးရန် အခက်အခဲရှိသလို ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားသူများနှင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ခွဲခြားရန် ခက်ခဲမှုရှိပါသဖြင့် အလုပ်သမားများနှင့် ခရီးသွားသူများကို စိစစ်နိုင်ရန်အတွက် နောင်တွင် အလုပ်သမားစေလွှတ်မှုများအား Job Passport များဖြင့်သာ ခွင့်ပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အလုပ်သမားများသည် နိုင်ငံကူးလက်မှတ်အမျိုးအစား Job Passport ဖြင့် လျှောက်ထားရာတွင် အခက်အခဲရှိပါက ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီမှ တစ်ဆင့် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သွားရောက်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါ၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်မည့်သူများအား ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ Job Passport ဖြင့် ဆောင်ရွက်ရန် အကြောင်းကြားထားပါကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
(နေသန်)
The Mirror Daily

လွန်​ခဲ့​သောလက ငလျင်​ဒဏ်​​ကြောင့်​ ပြိုကျပျက်​စီးသွားခဲ့​သော ပုဂံ​ဒေသရှိ ကျွန်ုပ်​တို့၏ ဘိုးဘွားအ​မွေအနှစ်​ဖြစ်​​သော ပုဂံ​စေတီပုထိုးများအား ပြန်​လည်​ပြုပြင်​နိုင်​​စေရန်​အလို့ငှါ


လွန်​ခဲ့​သောလက ငလျင်​ဒဏ်​​ကြောင့်​ ပြိုကျပျက်​စီးသွားခဲ့​သော ပုဂံ​ဒေသရှိ ကျွန်ုပ်​တို့၏ ဘိုးဘွားအ​မွေအနှစ်​ဖြစ်​​သော ပုဂံ​စေတီပုထိုးများအား ပြန်​လည်​ပြုပြင်​နိုင်​​စေရန်​အလို့ငှါ ကျွန်​​တော်​များ မ​လေးရှား​ရောက်​ မြန်​မာလူငယ်​များ လူမှုကူညီ​ရေးအသင်း #နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)မှ သီတဂူဆရာ​တော်​ဘုရားကြီးထံသို့ သီတဂူအ​ထောက်​အကူပြုအဖွဲ့ (မ​လေးရှား)မှတဆင့်​ အလှူ​ငွေများ​ ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။
လှူဒါန်း​ငွေစုစု​ပေါင်းမှာ မြန်​မာ​ငွေ ၁၁၀၀၀၀၀ိ/(ဆယ့်​တစ်​သိန်း)ကျပ်​ဖြစ်​ပြီး မ​လေးရှားမှ​ရွှေမြန်​မာများ မီး၁၁ပါးငြိမ်း​အေးပါ​စေ သည်​အ​နေဖြင့်​ မြန်​မာသံရုံးမှ ဦးသီဟ​မောင်​​မောင်​နှင့်​ဇနီးမိသားစုတို့မှလည်း မိမိတို့အသင်းနှင့်​အတူပါဝင်​လှူဒါန်း​ပေးကာ ကုသိုလ်​ထပ်​တူ အရယူခဲ့ကြပါတယ်​ခင်​ဗျာ။
ဤကုသိုလ်​ဒါနသည်​ ကွမ်​တန်းမြို့ရှိ ​စေတနာရှင်​ အလှူရှင်​များနှင့်​တကွ ကျွန်ုပ်​တို့နိစ္စဒါနပရဟိတအသင်း အသင်းသူ/သားများတို့၏ ​စေတနာ့​အောင်​ပွဲပင်​ဖြစ်​ပါသည်​။
မိမိတို့၏စိတ်​၌ ​တောင့်​တလျက်​ရှိ​သော အာသီသဆန္ဒ ကာလဒါန ကုသိုလ်​ပုည ဤဒါနကို ဖြစ်​​မြောက်​​အောင်​ လက်​ခံ​ဆောင်​ရွက်​​ပေးပါ​သော သီတဂူအ​ထောက်​အကူအပြုအဖွဲ့ (မ​လေးရှား)နှင့်​ မိမိတို့ကဲ့သို့ စိတ်​အားထက်​သန်​စွာ ကုသိုလ်​ယူ ကူညီပါဝင်​ပါ​သော ဦးသီဟ​မောင်​​မောင်​ကို အထူး​ကျေးဇူးတင်​ရှိပါ​ကြောင်းနှင့်​ မိမိတို့ဘိုးဘွား အ​မွေအနှစ်​အစစ်​ဖြစ်​​သော ​စေတီပုထိုးများပြုပြင်​နိုင်​ရန်​ လှူဒါန်းလို​သော​ငွေ​ကြေးအတွက်​ ကာယအား ဉာဏအား ​စေတနာအား ဝီရိယအား ပညာအားတို့ဖြင့်​ လုံလပြုရခြင်း ၊ ထိုမှတပါး ဗုဒ္ဓမြတ်​စွာသာသနာ​တော်​ကြီး နှစ်​ငါး​ထောင်​မက အဓွန့်​ရှည်​ကြာတည်​တံ့နိုင်​ပါ​စေခြင်း စသည်​ဓိဋ္ဌာန်​ ရည်​စိတ်​သန်​၍ ပြုစွမ်းပါရ ပါရမီပုညမြတ်​ဘာဂသည်​ မြင့်​ရှည်​မကြာ သံသရာမှ လျင်​စွာဆန်​တက်​ နိဗ္ဗာန်​တည်းဟူ​သော ဟိုမှာဘက်​ကမ်းတဖက်​ဆီသို့ ကူးလွတ်​နိုင်​​ကြောင်း ​ကောင်းမြတ်​​သောအ​ထောက်​အပံ့​ကောင်းသည်​ အမှန်​မ​သွေဖြစ်​ပါ​စေသတည်း။ ။
ကျေးဇူး​တော်​ရှင်​ သီတဂူဆရာ​တော်​ဘုရားကြီး၏ ပညာဂုဏ်​ အာစရိယဂုဏ်​ သံဃာ့ဂုဏ်​ စသည်​အထူး ဂုဏ်​​ကျေးဇူးအ​ပေါင်းတို့အား ကြည်​ညိုသဒ္ဓါ ဦးတင်​ကာဖြင့်​....
"ငါတို့ဖြစ်​ရ ၊ ဤ​လောကဝယ်​ ၊ ဘဝသမိုင်း ၊ မရိုင်း​စေရန်​ ၊ စိတ်​မာန်​မချ ၊ မာနမပါ ၊ တို့စွမ်းရာဖြင့်​ ၊ တို့သာသနာ ၊ တို့ပြည်​ရွာကို ၊ သာယာ​စေမှု ၊ လုံ့လပြုအံ့"..။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)

Wednesday 12 October 2016

တရားထိုင်လို့  သတိ၊ သမာဓိ နည်းနည်းလေးကောင်းလာပြီဆိုရင် ဝေဒနာကိုလည်း သည်းခံပြီးထိုင်သွားလို့ ရှိရင် ခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ဓာတ်တစ်မျိုးထုတ်ပေးလာတယ်။



တရားထိုင်လို့  သတိ၊ သမာဓိ နည်းနည်းလေးကောင်းလာပြီဆိုရင် ဝေဒနာကိုလည်း သည်းခံပြီးထိုင်သွားလို့ ရှိရင် ခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ဓာတ်တစ်မျိုးထုတ်ပေးလာတယ်။ En...dogenous + Morphin နှစ်လုံးကိုပေါင်းထားတာပါ။ ဒီခန္ဓာကိုယ်ကထွက်လာတဲ့ Morphin ကခွဲစိတ်ခန်းသုံးတဲ့ Morphin နဲ့  အာနိသင်ချင်းတော်တော်ပဲ တူပါတယ်။ သို့ သော် Endogenous ဆိုတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အတွင်းမှာပဲ သူ့ကိုထုတ်လုပ်တယ်။
အဲဒီ Endorphin ဓါတ်ထုတ်လုပ်တာနည်းသွားတယ်ဆိုရင်ညောင်းညာ ကိုက်ခဲမှု အင်မတန်ခံစားရတယ်။
Endorphin level မြင့်လာလို့ ရှိရင်လူဟာကြည်လင်လာတယ်၊ ရွှင်လန်းတယ်။ Relax လည်းပိုဖြစ်တယ်လို့ ဆိုတယ်။ တရားထိုင်လိုက်လို့  ရှိရင်တော့ Endophin ဟာတော်တော် ကြီးမြင့်တက်လာတယ်။
တရားထိုင်လို့  သမာဓိအင်မတန် အင်အားကောင်းနေတဲ့အခါမှာ ညောင်းညာ ကိုက်ခဲပူလောင် ဆင်းရဲခြင်းဘာမှမရှိဘူး။ ခန္ဓာကိုယ် floating sensation (လေထဲမှာလွှင့်မျောနေသလို) ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်ကနေပြန်ပြီးဆင်းလာတဲ့ သွေးပြန်ကြောကိုဖောက်ပြီးသွေးကို ဓာတ်ခွဲကြည့်တဲ့အခါ Endophin ဓာတ်သိပ်မြင့်နေတယ်ဆိုတာကိုတွေ့  ရတယ်။
ဦးဇောတိက”လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်သူ”(Pg 140-143)

Sunday 9 October 2016

Mr.Lim Kam Chooi မှ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM50ကိုပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ..။
သာဓု..သာဓု..သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)



ပျော်ရွင်စွာ နေတတ်အောင် လေ့ကျင့်ပါ (စိတ်ထိခိုက်ခံစားမှုဆိုတာ ခဏပါ)
တကယ်တော့ ကိုယ်ငမ်းငမ်းတက် ရှာဖွေခဲ့ဖူးတဲ့ အောင်မြင်မှု ကျဆုံးမှုတွေဟာ ပြန်တွေးကြည့်ရင် ရယ်စရ...ာ ကောင်းလွန်းလှပါတယ်. . . ။
အောင်မြင်မှုတစ်ခုရဖို့ လောဘဒေါသမောဟတွေနဲ့ အပြင်းအထန်အားထုတ်ရတယ်။ အဲ့ဒီအောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့ လောဘဒေါသမောဟတွေနဲ့ပဲ ဆက်ပြီး အားထုတ်ရတယ်။ အဲ့ဒီအောင်မြင်မှုကြီး ပြိုလဲသွားမှာကိုလည်း စိုးရိမ်သောကဗျာပါဒတွေနဲ့ တစ်ချိန်လုံး လုံးထွေးရစ်ပတ် ပူလောင်နေရတယ်. . .။
နောက်ဆုံးမှာတော့ လောဘတွေ ဒေါသတွေ မောဟတွေအကြောင်း. . .
မာန်တွေ မာနတွေအကြောင်း. . .
ဖြစ်ပြီးရင် ပျက်တတ်တဲ့အကြောင်း. . .
ဘယ်အရာမှ မတည်မြဲတဲ့အကြောင်း. . .
ဘဝဆိုတာ အချစ်အမုန်းအပြုံးတွေနဲ့ မနားတမ်း ကူးခတ်နေရတဲ့ ပင်လယ်တစ်ခုသာဖြစ်ကြောင်း. . .
အကြောင်း. . .အကြောင်း. . . အကြောင်း. . .တွေ
နားလည်ခဲ့မယ်ဆိုရင် . . .။

kuantan Min Yar Zar (ပြန်လည်မျှဝေခြင်း)

Saturday 8 October 2016

88 food court မှ ရွှေမြန်မာများမှ နိစ္စဒါနပရဟိတအသင်းသို့ လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM200 ကိုပါဝင်လှူဒါန်းပါတယ်ခင်ဗျာ ။

88 food court မှ ရွှေမြန်မာများမှ နိစ္စဒါနပရဟိတအသင်းသို့ လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM200 ကိုပါဝင်လှူဒါန်းပါတယ်ခင်ဗျာ ။
သာဓု..သာဓု.သာဓု ။









စိတ်ကောင်းပိုင်ရှင်ဖြစ်ရအောင်
-------------------------------------

လူ့ခန္ဓာတစ်ခုလုံးမှာ ……
အဖိုးအတန်ဆုံးအရာဟာစိတ်ကောင်းပါ။

...
ပုထုဇဉ်ဆိုတာ ……
ဘဝသံသရာတစ်လျှောက်
ကိလေသာအပူအရှုပ်၊ အဆိုးအညစ်တွေအောက်မှာ
ပြားပြားဝပ်နေခဲ့ရတာကများလို့ ……
စိတ်ဟာ အလိုလိုကောင်းမလာနိုင်ဘူး။

ကိလေသာအပူအငွေ့တွေနှင့် ခွာပေးနိုင်သလောက်၊
ကန့်ပေးနိုင်သလောက်၊ သန့်ပေးနိုင်သလောက်သာ
စိတ်ဟာ ကောင်းနိုင်တယ်။

စိတ်ကောင်းသလောက်သာ ကောင်းမှုနဲ့ တန်နေမှာပဲ။
ကောင်းမှုနဲ့ တန်နေမှလည်း ကောင်းမှုပြုလုပ်ရတာ
ပျော်ရွှင်အားတက်နေမှာပါ။

စိတ်ကောင်းထားရမယ်ဆိုတာနဲ့ ……
အကုသိုလ်စိတ် လုံးဝမဖြစ်ရဘူးလို့ မဆိုလိုပါဘူး။
ပုထုဇဉ်ဆိုတော့ ဖြစ်တဲ့အခါလည်း ရှိမှာပေါ့။

ကုသိုလ်လမ်း ပိတ်ဆို့မသွားခင် ထိန်းနိုင် သိမ်းနိုင်
ကန့်နိုင် သန့်နိုင် ချုပ်နိုင် အုပ်နိုင်ရင် ပြီးတာပါပဲ။

များတာကို နည်းအောင်၊ ရှည်တာကို တိုအောင်၊
ထူတာကို ပါးအောင်၊ ကျဲအောင် တစ်စတစ်စ
သတိထားထိန်းသိမ်း ပြုပြင်ပေးနေရမှာပါ။

သူ့ဟာသူတော့ ကောင်းမလာနိုင်ဘူး။
အကောင်းများသွားလို့ အဆိုးနည်းသွားရင် တစ်စ
တစ်စ စိတ်ကောင်းပိုင်ရှင် ဖြစ်သွားမယ်။

သတိမြဲဖို့တော့ လိုမယ်ပေါ့။
- တိပိဋက ဓမ္မဘဏ္ဍာဂါရိက ( ယော )ဆရာတော်ဘုရားကြီး
Posted by Words of Buddha

Thursday 6 October 2016

 


မြန်​မာလူမျိုးများသတိပြုဆင်​ချင်​ဖွယ်
မ​လေးရှားနိုင်​ငံ​ရောက်​မြန်​မာနိုင်​ငံသားများအ​နေဖြင့်​ မည်​သည့်​ကိစ္စရပ်​များမဆို ယုံကြည်​မူ့မလွယ်​ကူသင့်​ပါ​ပေ ယခုကဲ့သ...ို မ​လေးရှားနိုင်​ငံ၏ လူမူ့ကူညီ​ရေးအဖွဲ့အစည်းတစ်​ခုမှ ထုတ်​​ပေးထား​သော ကဒ်​များသည်​ လဝက ဥပ​ဒေ အရ အဖမ်းအဆီး လွတ်​မည်​​တော့မဟုတ်​ပါ ​ရှောင်​တစ်​ခင်​ ရဲများဖမ်းစီးစစ်​​ဆေးခဲ့သည့်​တိုင်​ ကဒေ်ွင်​​ဖော်​ပြပါရှိ​​သောဖုန်းနံပတ်​အားဆက်​ကြည့်​သည့်​အခါ မ​လေးနိုင်​ငံသားတစ်​ဦးကိုင်​​ဆောင်​ခဲ့ပြီး
ကွန်​မြူနတီ အတွက်​ ရန်​ပုံ​ငွေအလို့ငှာထုတ်​​ပေးထားသည်​ဟု သိရှိရပါသည်​။ မ​လေးရှားနိုင်​ငံတွင်​ အဓိကပြစ်​မှတ်​ထား လိမ်​လည်​ပြီး​ငွေရှာအ​ကောင်းဆုံးမှာ နိုင်​ငံခြားသားအလုပ်​သမားများပင်​ဖြစ်​ကြပါသည်​ ဥပ​ဒေဘက်​မှ ကြည့်​ပြန်​လျှင်​လည်း နိုင်​ငံခြားသားအလုပ်​သမားများအ​ပေါ်တွင်​ ကျင့်​သုံးသည့်​ ဥပ​ဒေနှင့်​ မ​လေးနိုင်​ငံသားများအ​ပေါ်တွင်​ကြင့်​သုံးသည့်​ဥပ​ဒေသည်​ ဆီနှင့်​​ရေလိုကွာခြားသည့်​အတွက်​မည်​သည့်​​နေရာမဆို တိုင်​ခဲ့​သော်​လည်း တိုင်​သူသာအရှုံးဖြစ်​တာများသည့်​အတွက်​ လုပ်​စား အဖွဲ့အစည်းများ သည်​ ​ငွေရရှိ​ရေးအတွက်​ နိုင်​ငံခြားသားများအားပြစ်​မှတ်​ထားရှာ​ဖွေကြ​လေ့ရှိကြပါ​ကြောင်းသိ​စေအပ်​ပါသည်​။

ယခု ကဒ်​ပါ အဖွဲ့အစည်းသည်​ အာအိုအက်​စ်​ ​ခေါ် တရားဝင်​ လူမူ့ကူညီ​ရေး အသင်းစာရင်းဝင်​ဖြစ်​သည့်​အတွက်​ ရုံးပိုင်းဆိုင်​ရာများတွင်​လွယ်​ကူစွာဝင်​ထွက်​သွားလာနိုင်​ခဲ့သည့်​တိုင်​ အဖမ်းအစီးကဲ့သို့ကိစ္စရပ်​များတွင်​ ရှင်းလင်းရရှိမူ့ နည်းပါးနိုင်​ပါ​ကြောင်းနှင့်​ ကဒ်​ပါ​ဖော်​ပြချက်​များအရ ပါမစ်​မရရှိခင်​စပ်​ကြားထုတ်​​ပေးထားပါ​ကြောင်းလည်း​ရေးသားထား​ကြောင်းဖတ်​ရှိရပါသည်​။
မ​လေးရှား​ရောက်​မြန်​မာနိုင်​ငံသားများ မအ ကြ​တော့ဖို့ တိုက်​တွန်းနိးု​ဆော်​အပ်​ပါသည်​။
၎င်းကဒ်​သည်​ ယာယာစန်​ အဖွဲ့အစည်းမှ ရင်းဂစ်​ ၆၀၀ ထက်​မပို​သော​ငွေဖြင့်​ထုတ်​​ပေးထားရှိပြီး ရင်းဂစ်​ ၆၀၀ထက်​ပိုမို​တောင်းသည့်​မည်​သူမဆိုဖမ်းဆီးနိုင်​ပါ​ကြောင်းလည်း မိမိနှင့်​သိ​သောဒါတွက်​တစ်​​ယောက်​မှ ​ပြောကြားခဲ့ပါသည်​ ၄င်းကဒ်​အားထုတ်​​ပေးရသည့်​ရည်​ရွယ်​ချက်​သည်​ တနှစ်​အတွင်း​ငွေစုကာ ပါမစ်​လုပ်​ရန်​ဟူ​သောအ​ကြောင်းဖြင့်​ထုပ်​​ပေးထား​ကြောင်းလည်း၎င်းဒါတွတ်​မှ ထပ်​မံ​ပြောကြားခဲ့ပါသည်​။

မြန်​မာ​ရွှေ့​ပြောင်းအလုပ်​သမားကူညီမူ့အဖွဲ့အစည်း
မ​လေးရှား​နိုင်​ငံ
ဖုန်း ၀၁၁၃၃၃၃၁၂၁၃
၀၁၉၆၂၀၈၉၃၃


သူ့နေရာနဲ့ငါ့နေရာ
****************
အများအားဖြင့် လူတော်တော်များပဲ ပြောတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်စိတ်နဲ့အလိုမကျတဲ့အခါ.. ကိုယ့်အပေါ်ကြောသလို လိမ်သလို ၂ကျပ်ကွက် ၃ကျပ်ကွက်တွေနဲ့ ခံလိုက်ရတဲ့အခါ စိတ်ထဲမကျေမချမ်းဖြစ်ပြီး ဒေါသနဲ့ တွေးမိပြောမိခဲ့ကြတာပေါ့။#ငါ့နေရာမှာသူသာဆိုရင် တဲ့။
တကယ်တမ်း အဲလိုကိုယ့်အပေါ်ကြောသွားတဲ့သူကို မကျေမချမ်းနဲ့ #ငါ့နေရာမှာသူသာဆိုရင်ဘယ်လိုနေမလဲ? ဆိုပြီး တွေးကြ ပြောကြသူတွေကို လေ့လာကြည့်တဲ့အခါ အများအားဖြင့် သူတို့ဟာ တဖက်လူရဲ့ အခက်အခဲတွေ ၊ တဖက်လူရဲ့အခြေအနေနဲ့အနေအထားတွေကို ထည့်တွက်နားလည်ပေးဖို့ မေ့လျော့နေသူများသာဖြစ်ပြီး သူတို့သာနေရာတကာ အသာစံချင်ပြီး အနာမခံချင်တဲ့ စိတ်နေစိတ်ထားရှိသူတွေအဖြစ်သာ တွေ့ရတတ်တယ်။ ဒီလိုလူတွေမှာ #ငါ့နေရာမှာသူသာဆိုရင် ဆိုတာကိုပဲ လက်ကိုင်သုံးတတ်ပြီး #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့အတွေးမျိုး ပျောက်ဆုံးနေကြပြန်တယ်။
#ငါ့နေရာမှာသူသာဆိုရင် ဆိုတာနဲ့ #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့အတွေးတွေဟာ #အနာခံခြင်း နဲ့ #အသာစံခြင်း ဆိုတဲ့သဘောမျိုးဖြစ်တာကြောင့် အသာစံခြင်းဟာ #တဖက်မြင်အတ္တသမား ရဲ့အတွေးအမြင်သာဖြစ်ပြီး အနာခံခြင်းကတော့ #နှစ်ဖက်မြင်ပရဟိတသမား ရဲ့အတွေးအမြင်သာဖြစ်တယ်လို့ ဆိုချင်တယ်။
တချို့လူတွေနဲ့ အပေါင်းအသင်းလုပ်ရတဲ့အခါ သတိထားစရာ အချက်တွေထဲမှာ ကိုယ်နဲ့ပေါင်းသင်းနေတဲ့သူက #တဖက်မြင်သမားလား (သို့မဟုတ်) #နှစ်ဖက်မြင်သမားလား သိထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်မြင်သမားများဟာ ပုဂ္ဂိုလ်ရေး ၊ငွေရေးကြေးရေး ၊ လုပ်ငန်းဆိုင်ရာတွေမှာ သူတို့အသာမရပဲ အနာခံလာရပြီဆိုရင် အဲဒီလူနဲ့အပေါင်းအသင်း မလုပ်ချင် မပတ်သတ်ချင်ကြတော့ဘူး။ ဒီအခါ ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စမျိုးမှာတောင် ပြဿနာလုပ်အမုန်းပွားပြီး မိတ်ဆွေကနေ ရန်သူအသွင်ဆောင်သွားတတ်ကြတာမို့ သိပ်ကိုသတိထားဆက်ဆံရမဲ့သူတွေပေါ့။ ဘာကြောင့်လဲ?
ထိုသူမျိုးတွေဟာ အမြဲတမ်းပဲ #ငါ့နေရာမှာသူဆိုရင် ဆိုတဲ့အတွေးမျိုးနဲ့သာ ရှင်သန်နေသူများဖြစ်လို့ လူနဲ့လူ့ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံတဲ့အခါ သူတို့နဲ့စရိုက်တူသူတွေ၊ သူတို့ထက်ပိုပြီးအတ္တဆန်သူတွေနဲ့ သဟဇာတမဖြစ်နိုင်လို့ပါပဲ။ အထူးသဖြင့် တဖက်မြင်သမားများဟာ ကိုယ့်ခံစားချက်ကိုသာ ဦးစားပေးတတ်ကြပြီး သူတပါးရဲ့ခံစားချက်ကိုကျတော့ မသိကျိုးကျွံ ပြုတတ်ကြပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ အနစ်နာခံနိုင်ပြီး သူ့ဒုက္ခကို သူတပါးတို့အပေါ် ဝန်မပိစေဘဲ ကိုယ်နဲ့အခြားသူတွေရဲ့ ဒုက္ခကိုသာ စာနာနားလည်မှုနဲ့ ကူညီဖေးမတတ်သူကို သင်တို့တွေ့ဖူးကြရဲ့လား? တွေ့ဖူးသည်ဟုဆိုပါက ထိုသူများကို အလေးဂရုပြုတန်ဖိုးထားကြဖို့ တိုက်တွန်းလိုပါတယ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် အများနည်းတူ တဖက်မြင်သမားများမဟုတ်ကြပဲ လောကကို တထောင့်တနေရာက ကျေးဇူးပြုတတ်သော #နှစ်ဖက်မြင်သမားများသာ ဖြစ်သောကြောင့် ဖြစ်ပါတယ်။ သူတို့၏စိတ်တွင် အသာစံ ၊ အနာခံလိုစိတ် မရှိတတ်ပါ။ #ငါ့နေရာမှာသူသာဆိုရင် ဟူသောအတွေးကို ရံခါတွေးမိသကဲ့သို့ ထိုအတွေးကိုအခြေခံလို့ပင် #သူ့နေရာမှာငါသာဆိုရင် ဟူသောအတွေးမျိုးသာ အစဉ်တွေးလေ့ရှိကာ မိမိအခက်အခဲထက် သူတပါးအခက်အခဲကိုသာ အစဉ်အလေးထားဆောင်ရွက်လိုသူများ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲလိုလူတွေမှာ ကရုဏာစွမ်းအားသည် အထုံဝါသနာအဖြစ် အင်အားကြီးမားစွာ ကိန်းဝပ်တည်နေခြင်းကြောင့် ဖြစ်ပါတယ်။
ဓမ္မပဒဝတ္ထုများ ၊ ငါးရာငါးဆယ်ဇာတ်နိပါတ်တော်များကို လေ့လာဖတ်ရှုမိတဲ့အခါ ဘုရားအလောင်းတော်များဟာ ဖြစ်ရာဘဝတိုင်းလိုလိုမှာ အနစ်နာခံတတ်သူ #နှစ်ဖက်မြင်သမား အဖြစ်သာအများအားဖြင့်တွေ့ရပါတယ်။ #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့အတွေးထက် #သူ့နေရာမှာငါသာဆိုရင် လို့အမြဲတမ်းတွေးပြီး ဉာတတ္ထစရိယာ ၊ လောကတ္ထစရိယာ ၊ဗုဒ္ဓတ္ထစရိယာဆိုတဲ့ ကျင့်စဉ်ကြီးသုံးရပ်ကို ကျွဲကူးရေပါတဲ့နည်းနဲ့ စနစ်တကျ ဖြည့်ကျင့်ခဲ့ကြပါတယ်။
မိမိမှာ ဘုရားကိုကြည်ညိုရာတွင် ဗောဓိပင်နဲ့ရွှေပလ္လင်မှာ မာန်ငါးပါးအောင်တော်မူပြီးနောက် သဗ္ဗညုတရွှေဉာဏ်တော်ရ၍ လောကသုံးပါးအထွတ်အထိပ်ရောက်ပြီး ဘုရားဖြစ်တော်မူပြီးနောက်မှသာ ကြည်ညိုခြင်းမဟုတ်ပါ။ ငယ်စဉ်ကလေးဘဝ စာသင်ခန်းထဲမှသည် အာဇာနည်မျောက်မင်းဇာတ်၊ နိဂြောဓသမင်မင်းဇာတ် ၊ ပညာရှိပေါက်တူးသမားဇာတ် စသည်တို့ကို သင်ကြားရစဉ်ကပင် ဘုရားအလောင်းတော်တို့၏ စိတ်နေစိတ်ထားကို အလွန်ကြည်ညိုအားကျမိခဲ့ဖူးပါတယ်။ သင်္ခပတ္တဇာတ်နှင့်အခြားဇာတ်တော်တခုတွင် ပေးရန်ခက်တဲ့ မိမိမျက်လုံးကိုပင် ဖောက်ထုတ်ကာပေးလှူခဲ့ပုံနှင့် ဇာတ်တော်တခုတွင် အာဟာရပြတ်၍ ကျင်းထဲမှပြန်မတတ်နိုင်ရှာပဲ သေအံ့သောကျားကိုပင် #သူ့နေရာမှာငါသာဆိုလျှင် ဟူသောအတွေးဖြင့် မိမိခန္ဓာနဲ့အသက်ကို ကျားရဲ့အစာအာဟာရအဖြစ် အင်အားဖြစ်စေခဲ့ပုံကို ပြန်တွေးမိတိုင်းလဲ အလောင်းတော်တို့ရဲ့ ဒါနဥပပါရမီ ၊ ဒါနပရမတ္ထပါရမီကို ကြည်ညိုမဆုံးဖြစ်ရပြန်တယ်ပေါ့။
လောကအကျိုး သတ္တဝါတို့ရဲ့အကျိုးကိုဆောင်ရွက်ရာမှာ #ကရုဏာစိတ်စွမ်းအင်လောက်ထိရောက်ပြီးအင်အားကောင်းတဲ့စွမ်းအားဆိုတာမရှိနိုင်ပါဘူးတဲ့။ တဖက်မြင်အတ္တသမားများဟာ နေရာတကာ သူတပါးအရေးထက် ကိုယ့်အရေးကိုသာ ဦးစားပေးတတ်ကြပေမဲ့ သေခါနီးဆဲဆဲကာလရောက်တဲ့အခါကျတော့ ကိုယ့်အရေးကိုယ့်အတွက်တောင် ဘာမှမလုပ်နိုင် မယူသွားနိုင်တော့ပါဘူး။ ငါဆိုတဲ့အတ္တစွဲက ပိုကြီးမားလေလေ #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့ဒေါသ မစ္ဆရိယအတွေးမျိုးတွေ များများတွေးမိလေပါပဲ။
လောကလူတွေ အပူဒုက္ခတွေကငြိမ်းချမ်းစေဖို့ ၊ ပရဟိတနဲ့ကိုယ်ချင်းစာတရားတွေ ထွန်းကားစေဖို့ ၊ ကမ္ဘာလောကကြီး ထာဝရသာယာလှပနေစေဖို့ဆိုရင် တို့တတွေဟာ ဒီကနေ့ကစပြီး #ငါ့နေရာမှာသူသာဆိုရင် ဆိုတဲ့ #တဖက်မြင်အတွေးမျိုးတွေ စွန့်လွတ်ပြီး ငါ့နေရာမှာသူသာဆိုရင်ကနေ တဆင့်တက်ပြီး #သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ #နှစ်ဖက်မြင်အတွေးမျိုး တွေကို တွေးတတ်မြင်တတ် ကျင့်သုံးတတ်တဲ့ #လူပီသတဲ့လူတစ်ယောက် ဖြစ်လာအောင် ကိုယ်စီကိုယ်စီ ကြိုးစားကြပါစို့လားဗျာ..။ ။
Nicca Dâna

Tuesday 4 October 2016

ကိုကျော်(888)မှ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိုင်စေရန် အလှူငွေ RM50 ကိုထည့်ဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

ကိုကျော်(888)မှ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိုင်စေရန် အလှူငွေ RM50 ကိုထည့်ဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ ။
သာဓု..သာဓု.သာဓု..။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)





ဘဝမှာ လိုချင်တာတွေ သိပ်များနေရင်လဲ ကိုယ်တိုင်မအေးချမ်းပဲ နေရတတ်သလို လိုတာမရလဲ ဖြစ်တတ်ပါတယ်။
မိမိဇာတိမဟုတ်တဲ့ သူတစ်ပါးတိုင်းပြည်မှာ အကောင်းဆုံးချမ်းသာဆိုတာ "အနဝဇ္ဇသုခ" လို့ခေါ်တဲ့ #အပြစ်ကင်းတဲ့ချမ်းသာ ပါပဲ။
ရွှေမြန်မာတို့ အပြစ်ကင်းသောချမ်းသာကို ကိုယ်စီကိုယ်ငှ ခံစားနိုင်ကြပါစေ ၊ မသူတော် သူယုတ်မာတို့၏နှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးနိုင်ကြပါစေ ...

Nicca Dâna

Saturday 1 October 2016

နိစ္စဒါနပရဟိတ အသင်းဝင်များစာရင်းနှင့် လစဉ်ငွေစာရင်းရှင်းတမ်းပါခင်ဗျာ။

    

 
  


 

ယခုလ အသင်းဝင်များစာရင်းနှင့် လစဉ်ငွေစာရင်းရှင်းတမ်းပါခင်ဗျာ။
မှတ်ချက် ။ ။ အသင်းလစဉ်ကြေး ပေးဆောင်ထားပြီးသူများ၊ အသင်းအတွက်အလှူငွေထည့်ဝင်ထားသူများအနေဖြင့် ဤစာရင်းတွင်မပါဝင်ပါက ကိုဇော်မျိုးထံသို့ viberမှတဆင့်ဖြစ်စေ၊ Nicca Dana အကောင့်သို့ ချက်ဘောက်မှဖြစ်စေ အသိပေး အကြောင်းကြားကြပါခင်ဗျာ။
Admin ကိုဇော်မျိုး
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)