Friday 12 May 2017

 Image may contain: 1 personNo automatic alt text available.Image may contain: textImage may contain: 1 person
ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်းမှ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်တီတွင်နေထိုင်သော ကိုစောနိုင်ဦး + မနန်းအဲစူးတို့၏သမီးလေး မနန်းဖြူဖြူပွင့်၏ ဆေးကုသစရိတ်အတွက် ထောက်ပံ့ကူညီသောအားဖြင့် အလှူတော်ငွေ RM1000 ကို အကျိုးတော်ဆောင်ဖြစ်သော ကိုသီဟမောင်မောင်ထံသို့ ပေးပို့လှူဒါန်းပေးခဲ့ကြပါသည်။
သမီးလေး မနန်းဖြူဖြူပွင့်အား ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရောဂါအပေါင်းတို့သည် အားလုံးသော စေတနာမေတ္တာတို့ကြောင့် ကင်းစင်လွင့်ပျောက်၍ အမြန်ဆုံးသက်သာ ပျောက်ကင်းချမ်းသာနိုင်ပါစေသော်..။
ဤကုသိုလ်အလှူဒါနကို အသင်းဝင်အားလုံးနှင့်တကွ စေတနာရှင်အလှူရှင်အပေါင်း သာဓုခေါ်ကြပါလေကုန်...။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
No automatic alt text available.
မလေးရှား ပဲရပ်ပြည်နယ် ကန်ပါမြို့တွင် နေထိုင်လုပ်ကိုင်လျက်ရှိသော မစန်းစန်းမြင့်သည် စေတနာသဒ္ဓါတရား ထက်သန်သူဖြစ်သည်နှင့်အညီ အကူအညီလိုအပ်နေသော နေရာများတွင် အခါအားလျော်စွာ အလှူငွေများပို့လှူပေးလျက်ရှိရာ ယခုအခါတွင် ကျွန်တော်များ မလေးရှားရောက်မြန်မာလူငယ်များ လူမှုကူညီရေးအသင်း(ကွမ်တန်း)၏ ပရဟိတလုပ်ငန်းများတွင် ပါဝင်အင်အားဖြည့်လိုသော စေတနာဖြင့် အသင်းဝင်အဖြစ်ပါဝင်ခဲ့ပါသည်။
သို့အတွက် အသင်းမှသတ်မှတ်သော အသင်းဝင်တစ်ဦး၏ လစဉ်အလှူငွေဖြစ်သော ၁၀ လစာ RM300 ကို အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးအား ဘဏ်မှတဆင့် ထည့်ဝင်ပေးခဲ့ပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
Image may contain: 2 people, people sitting
ဘာတူးတီးဂါးလှေဆိပ်တွင် မြန်မာအချင်းချင်း ပြဿနာဖြစ်ရာမှ ဆေးရုံသို့ရောက်ရှိနေသော လှေသားဦးလေးကြီးကိုလဲ အသင်းမှဦးဆောင်သူများ သွားရောက်ကာ လိုအပ်သော အချိုရည်ဗူး ရေသန့်ဗူးနှင့် စားစရာအချို့ကို ပေးအပ်၍ ကြည့်ရှုအားပေးခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Image may contain: 2 people, people sitting, people standing and indoor
ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း (ကွမ်တန်း)မှ ဦးဆောင်သူများသည် ယမန်နေ့ညက မNanh Shan Lapai (ကချင်တိုင်းရင်းသူ)အား လိုအပ်သော ဆေးဝါးကုသမှုများခံယူစေရန် ကွမ်တန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
ဆေးရုံတွင်တစ်နေ့ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးအတန်အသင့် ပြန်လည်ကောင်းမွန်နေပြီဖြစ်သဖြင့် ဆရာဝန်များ၏ခွင့်ပြုချက်အရ ယနေ့ညတွင် ၎င်းနေထိုင်ရာနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Image may contain: 2 people, people sitting
30ရက်နေ့က မွေးဖွားသော ကိုဇာနည်+မနှင်းနှင်းတို့၏ ကလေးငယ်အတွက် လိုရာအသုံးပြုနိုင်ရန် အသင်းမှ RM300 ကိုထောက်ပံ့လှူဒါန်းခဲ့ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)


Tuesday 2 May 2017

Image may contain: one or more people, people sitting, people eating, table and indoor

နိစ္စဒါန-မလေးရှားရောက် မြန်မာလူငယ်များ လူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်အသုံးပြုနိုင်ပါစေရန် သမီးဖြစ်သူ မမာလာကြည်(T&L)မှ အလှူငွေ RM300 ကို ကွယ်လွန်သူဖခင်အတွက်ရည်စူး၍ အသင်းသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်း)
Image may contain: 1 person, sitting, eating and indoor

နိစ္စဒါနပရဟိတအသင်း၏ အသင်းဝင်တစ်ဦးဖြစ်သူ မမာလာကြည်၏ဖခင်
ပြည်ခရိုင် ပိတောက်မြို့နယ် ညောင်ခြေထောက်-ကဆလကျေးရွာနေ ကွယ်လွန်သူ ဦးဖိုးချစ်၏နာရေးအား ကူညီသည့်အနေဖြင့် အသင်းမှမြန်မာငွေကျပ်၂ သိန်းနှင့်ညီမျှသော RM600 ကို (ကွယ်လွန်သူဖခင်အတွက်ရည်စူးကုသိုလ်ပြုနိုင်ပါစေ ဤအနေဖြင့်) အသင်းဝင်မမာလာကြည်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
No automatic alt text available.

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ဦးဆောင်သူများသည် 1.5.2017 ရက်နေ့တွင် ကျင်းပသော အသောကကျန်းမာရေးဖောင်ဒေးရှင်း (senai johor)၏ နှစ်ပတ်လည်ပွဲသို့ သွားရောက်ခဲ့ကြပြီး အသောကကျန်းမာရေးဖောင်ဒေးရှင်းအတွက် အသင်းမှအလှူငွေ RM1000 ကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
အားလုံး ဝမ်းမြောက်သာဓု ခေါ်ကြပါလေကုန်..။
နိစ္စဒါန ပရဟိတအသင်း (ကွမ်တန်းမြို့)
No automatic alt text available.


အသိပေးအပ်ပါသည်
ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)သည် 11.4.2017 မှစ၍ ယခင်သုံးနေသော page အဟောင်းအား (လုံးဝ) အသုံးမပြုတော့ပဲ ယခု ကွမ်တန်းနိစ္စဒါနပရဟိတအသင်း page မှသာ အသင်းနှင့်ပတ်သတ်သည်တို့ကို တင်ပေးသွားမှာဖြစ်ပါကြောင်းနှင့် အသင်းဝင်များ ၊ မိတ်သင်္ဂဟအပေါင်းတို့အနေဖြင့် ဤ page ကို like ပေးထားကြပါရန် အသိပေးအပ်ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)