Saturday 8 October 2016

88 food court မှ ရွှေမြန်မာများမှ နိစ္စဒါနပရဟိတအသင်းသို့ လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM200 ကိုပါဝင်လှူဒါန်းပါတယ်ခင်ဗျာ ။

88 food court မှ ရွှေမြန်မာများမှ နိစ္စဒါနပရဟိတအသင်းသို့ လိုအပ်သလိုပြန်လည်အသုံးပြုနိုင်စေရန် အလှူငွေ RM200 ကိုပါဝင်လှူဒါန်းပါတယ်ခင်ဗျာ ။
သာဓု..သာဓု.သာဓု ။









စိတ်ကောင်းပိုင်ရှင်ဖြစ်ရအောင်
-------------------------------------

လူ့ခန္ဓာတစ်ခုလုံးမှာ ……
အဖိုးအတန်ဆုံးအရာဟာစိတ်ကောင်းပါ။

...
ပုထုဇဉ်ဆိုတာ ……
ဘဝသံသရာတစ်လျှောက်
ကိလေသာအပူအရှုပ်၊ အဆိုးအညစ်တွေအောက်မှာ
ပြားပြားဝပ်နေခဲ့ရတာကများလို့ ……
စိတ်ဟာ အလိုလိုကောင်းမလာနိုင်ဘူး။

ကိလေသာအပူအငွေ့တွေနှင့် ခွာပေးနိုင်သလောက်၊
ကန့်ပေးနိုင်သလောက်၊ သန့်ပေးနိုင်သလောက်သာ
စိတ်ဟာ ကောင်းနိုင်တယ်။

စိတ်ကောင်းသလောက်သာ ကောင်းမှုနဲ့ တန်နေမှာပဲ။
ကောင်းမှုနဲ့ တန်နေမှလည်း ကောင်းမှုပြုလုပ်ရတာ
ပျော်ရွှင်အားတက်နေမှာပါ။

စိတ်ကောင်းထားရမယ်ဆိုတာနဲ့ ……
အကုသိုလ်စိတ် လုံးဝမဖြစ်ရဘူးလို့ မဆိုလိုပါဘူး။
ပုထုဇဉ်ဆိုတော့ ဖြစ်တဲ့အခါလည်း ရှိမှာပေါ့။

ကုသိုလ်လမ်း ပိတ်ဆို့မသွားခင် ထိန်းနိုင် သိမ်းနိုင်
ကန့်နိုင် သန့်နိုင် ချုပ်နိုင် အုပ်နိုင်ရင် ပြီးတာပါပဲ။

များတာကို နည်းအောင်၊ ရှည်တာကို တိုအောင်၊
ထူတာကို ပါးအောင်၊ ကျဲအောင် တစ်စတစ်စ
သတိထားထိန်းသိမ်း ပြုပြင်ပေးနေရမှာပါ။

သူ့ဟာသူတော့ ကောင်းမလာနိုင်ဘူး။
အကောင်းများသွားလို့ အဆိုးနည်းသွားရင် တစ်စ
တစ်စ စိတ်ကောင်းပိုင်ရှင် ဖြစ်သွားမယ်။

သတိမြဲဖို့တော့ လိုမယ်ပေါ့။
- တိပိဋက ဓမ္မဘဏ္ဍာဂါရိက ( ယော )ဆရာတော်ဘုရားကြီး
Posted by Words of Buddha

No comments:

Post a Comment