ပါဟန်းပြည်နယ် ကွမ်တန်းမြို့တွင် သီတင်းသုံးလျက်ရှိသော ဆရာတော်ဦးသြဘာသသည် ကျန်းမာရေးအခြေအနေအရ မြန်မာပြည်သို့ ပြန်ကြွနိုင်စေရန် နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ဦးဆောင်၍ ကွမ်တန်းဒကာ ဒကာမများတို့၏ အထောက်အပံ့ကိုယူကာ လိုအပ်သော ပြန်စရိတ်နှင့်တကွ ဆရာတော်လိုအပ်ရာတွင် အသုံးပြုနိုင်စေရန် နဝကမ္မအလှူငွေများကို အသင်းမှ 24.4.17 ရက်နေ့တွင် ဆရာတော်ခေတ္တတည်းခိုသီတင်းသုံးရာ Taman Sungai Besi ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ဂါရဝပြုလှူဒါန်းပေးခဲ့ကြပါသည်။
ဆရာတော်ပြန်ရန်အတွက် လွယ်ကူအဆင်ပြေစေရန် အဖက်ဖက်မှ ကူညီပေးကြပါသော ကပုန်းနာကူအဖွဲ့မှ ဦးဆန်းဝင်းနှင့်မြန်မာသံရုံးမှ ကိုသီဟမောင်မောင်တို့အား ကွမ်တန်းရှိ ဒါယကာ ဒါယိကာမအပေါင်းတို့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထို့ပြင် ဆရာတော်အား အပြန်စရိတ်အတွက် လှူဒါန်းပေးသူတချို့ကိုလဲ အားလုံးအမြင်ရှင်းပါစေ သည်အနေနဲ့ ဖော်ပါပေးလိုက်ပါတယ်။
ဆရာတော်အပြန်စရိတ်လှူဒါန်းသူ -
ကိုမောင်ညို+မတင်အေး နှင့်အဖွဲ့မှ RM 1150
ကိုမျိုးအောင် မိသားစုမှ RM 300
ကိုမောင်ညို+မတင်အေး နှင့်အဖွဲ့မှ RM 1150
ကိုမျိုးအောင် မိသားစုမှ RM 300
ဆရာတော်အပြန်စရိတ်မှာ RM1200 ဖြစ်၍ ကျန်ငွေကို ကျောင်းခန်းငှားခအဖြစ် အသင်းမှဖြည့်စွက်ကာ အသုံးပြုခဲ့ပါသည်။
ဆရာတော်ချောမောစွာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူအားလုံးကို ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်ခင်ဗျာ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)