Wednesday 12 October 2016

တရားထိုင်လို့  သတိ၊ သမာဓိ နည်းနည်းလေးကောင်းလာပြီဆိုရင် ဝေဒနာကိုလည်း သည်းခံပြီးထိုင်သွားလို့ ရှိရင် ခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ဓာတ်တစ်မျိုးထုတ်ပေးလာတယ်။



တရားထိုင်လို့  သတိ၊ သမာဓိ နည်းနည်းလေးကောင်းလာပြီဆိုရင် ဝေဒနာကိုလည်း သည်းခံပြီးထိုင်သွားလို့ ရှိရင် ခန္ဓာကိုယ်ဟာ Endorphin လို့ ခေါ်တဲ့ဓာတ်တစ်မျိုးထုတ်ပေးလာတယ်။ En...dogenous + Morphin နှစ်လုံးကိုပေါင်းထားတာပါ။ ဒီခန္ဓာကိုယ်ကထွက်လာတဲ့ Morphin ကခွဲစိတ်ခန်းသုံးတဲ့ Morphin နဲ့  အာနိသင်ချင်းတော်တော်ပဲ တူပါတယ်။ သို့ သော် Endogenous ဆိုတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အတွင်းမှာပဲ သူ့ကိုထုတ်လုပ်တယ်။
အဲဒီ Endorphin ဓါတ်ထုတ်လုပ်တာနည်းသွားတယ်ဆိုရင်ညောင်းညာ ကိုက်ခဲမှု အင်မတန်ခံစားရတယ်။
Endorphin level မြင့်လာလို့ ရှိရင်လူဟာကြည်လင်လာတယ်၊ ရွှင်လန်းတယ်။ Relax လည်းပိုဖြစ်တယ်လို့ ဆိုတယ်။ တရားထိုင်လိုက်လို့  ရှိရင်တော့ Endophin ဟာတော်တော် ကြီးမြင့်တက်လာတယ်။
တရားထိုင်လို့  သမာဓိအင်မတန် အင်အားကောင်းနေတဲ့အခါမှာ ညောင်းညာ ကိုက်ခဲပူလောင် ဆင်းရဲခြင်းဘာမှမရှိဘူး။ ခန္ဓာကိုယ် floating sensation (လေထဲမှာလွှင့်မျောနေသလို) ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်ကနေပြန်ပြီးဆင်းလာတဲ့ သွေးပြန်ကြောကိုဖောက်ပြီးသွေးကို ဓာတ်ခွဲကြည့်တဲ့အခါ Endophin ဓာတ်သိပ်မြင့်နေတယ်ဆိုတာကိုတွေ့  ရတယ်။
ဦးဇောတိက”လမ်းပျောက်ရာမှလမ်းမှန်ပေါ်ရောက်သူ”(Pg 140-143)

No comments:

Post a Comment