Thursday 28 September 2017

ယခုလအတွက် အသင်းနာယကဖြစ်သော ကိုထွန်းထွန်းထိုက်မှ ဦးဆောင်၍ လှေဆိပ်မိသားစုများမှ စုစည်းညီညွတ်စွာဖြင့် နိစ္စဒါနလူမှုကူညီရေးအသင်းသို့ ပရဟိတလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်နှင့် အသင်း၏လိုအပ်သော ရံပုံငွေအတွက် ကူညီထောက်ပံ့သောအားဖြင့် လက်ရှိကောက်ခံရရှိထားသော အလှူငွေစာရင်းကို အလှူရှင်များ ပီတိဖြစ်နိုင်ကြစေရန် ဖော်ပြအပ်ပါသည်။

လှေဆိပ်မိသားစုများ၏ လှူဒါန်းငွေစာရင်းမှာ..
၁။ ကိုထွန်းထွန်းထိုက် (လှေဆိပ်မိသားစု) RM2000
၂။ကိုလှချစ်(လှေဆိပ်မိသားစု) RM500
၃။ ကိုအိုတို (လှေဆိပ်မိသားစု)RM500
၎။ကိုသက်စိုး (လှေဆိပ်မိသားစု)RM100
၅။ကိုအီမန်း+မသီခိုင် မိသားစု RM200
၆။Mr,Khoon မိသားစု RM100
၇။ကိုထွေးလေး (လှေဆိပ်မိသားစု)RM500
၈။ကိုအောင်နိုင်ဦး(လှေဆိပ်မိသားစု)RM500 
၉။ကိုညီညီထွန်း (​လှေဆိပ်​မိသားစု) RM500
၁၀။ကိုနိုင်​ကြီး (​လှေဆိပ်​မိသားစု) RM500
၁၁။ ကိုထန်းခက်​ (​လှေဆိပ်​မိသားစု) RM500
၁၂။ကို​ဇော်​မင်း (​လှေဆိပ်​မိသားစု) RM250
၁၃။ကိုသံတိုင်​ (​လှေဆိပ်​မိသားစု) RM500
၁၄။ကို​အောင်​သူ (​လှေဆိပ်​မိသားစု) RM500
၁၅။ကိုဖိုး​ဆေး (​လှေဆိပ်​မိသားစု) RM500
၁၆။ကိုမျိုးမြင့်​ဦး (​လှေဆိပ်​မိသားစု) RM570
၁၇။ကို​ဇော်​ (​လှေဆိပ်​မိသားစု) RM500
၁၈။ ကိုတင်​​ဌေး (​လှေဆိပ်​မိသားစု) RM500 
၁၉။ ကိုမင်းပိုင်​ (​လှေဆိပ်​မိသားစု) RM500 ..
တို့ဖြစ်​ကြပြီး လက်​ရှိအသင်းသို့ လှူဒါန်း​ငွေစုစု​ပေါင်းမှာ RM9720 ဖြစ်​ပါတယ်​။

ဤကဲ့သို့ ပရဟိတအကျိုးအတွက် အားကျိုးရွက်ဆောင်ကြသော စေတနာရှင်မိသားစုများသည်.. 
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ.
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ.
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ.
ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြပါစေ.
ကောင်းကျိုးဆန္ဒ မှန်သမျှတို့ မသွေပြည့်ဝကြပါစေသော်..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း



Wednesday 27 September 2017

နိစ္စဒါနပရဟိတအသင်းသို့ ပေးပို့လှူဒါန်းသော
ကိုအောင်နိုင်ဦး (လှေဆိပ်မိသားစု)မှ RM500
ကိုထွေးလေး (လှေဆိပ်မိသားစု)မှ RM500 
စုစုပေါင်း RM1000 ကို ကောက်ခံသူ ကိုမင်းရာဇာမှတဆင့် ဘဏ္ဍာရေးမှုးထံ ပေးအပ်၍ အသင်းအတွက်လှူဒါန်းခဲ့ပါကြောင်း အလှူရှင်များဝမ်းမြောက်ပီတိဖြစ်စေရန် ဖော်ပြအပ်ပါသည်။

ကုသိုလ်ထပ်တူ အမျှယူ၍ ကြည်ရွင်သဒ္ဓါ ဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုနိုင်ကြပါစေသော်..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း











သမီးလေး မယွန်းနဒီအောင်၏ ၂.၁၀.၂၀၁၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော အသက်(၁၂) နှစ်ပြည့်မွေးနေ့ အကြိုကုသိုလ်တော်အဖြစ် မိခင်ဖြစ်သူ ဒေါ်ချိုမှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို ပြန်လည်အသုံးပြုနိုင်စေရန် RM100 ကို မွန်မြတ်သော စေတနာဖြင့် လှူဒါန်းပါတယ်ခင်ဗျာ။

သမီးလေးမယွန်းနဒီအောင်သည် ဤမွေးနေ့ကုသိုလ်ကြောင့် ..
ဘေးရန်ခပ်သိမ်း ကင်းဝေးပါစေ..
ရောဂါခပ်သိမ်း ကင်းဝေးပါစေ..
မွေးနေ့မှစ၍ အသက်ထက်ဆုံး ကျန်းမာပျော်ရွှင်စွာဖြင့် အသက်ရာကျော်ရှည်ပါစေသော်..။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း











ဖခင်ကိုအေးမင်းသူ + မိခင်မဥမ္မာစိုး တို့အား ဦးထိပ်ထား၍ သားလေးမောင်ဇင်မင်းအောင်ကလဲ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်စေရန် အလှူငွေ RM50 ကို ပရဟိတစိတ်ထားဖြင့် ပါဝင်လှူဒါန်းပါတယ်ခင်ဗျာ။

ပရဟိတ ကုသလကြောင့်
ဘဝတိုင်းဝယ် ပညာကြွယ်၍
လိုလေသမျှ တတိုင်းရကာ
ဘဝရလာ ဤလူ့ရွာဝယ်
ခြွေရံပေါများ စည်းစိမ်များ၍
ကုသိုလ်တန်ခိုး ဘုန်းကံတိုးသည်
ကောင်းကျိုးခပ်သိမ်း ရစေသော်...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း







ဖခင်ကိုကျော်ခိုင် + မိခင်မသန်းမြင့် တို့အားအမှုးထား၍ သမီးလေး မသွန်းထက်ထက်ဇော်၏ ၂၅.၁၀.၂၀၁၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တစ်နှစ်ပြည့်မွေးနေ့ အကြိုကုသိုလ်အဖြစ် နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို ပြန်လည်အသုံးပြုနိုင်စေရန် RM50 ကို မွန်မြတ်သော စေတနာဖြင့် လှူဒါန်းပါတယ်ခင်ဗျာ။

သမီးလေး မသွန်းထက်ထက်ဇော်၏ တစ်နှစ်ပြည့်မွေးနေ့မှသည် အသက်ထက်ဆုံး ခြွေရံလည်းများ စည်းစိမ်များလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အမျိုးကောင်းသမီးလေး ဖြစ်ပါစေသော်..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း


















Thursday 21 September 2017



ယ​နေ့​ နေ့လယ်​ပိုင်းတွင်​ အသင်းနာယက ကိုထွန်းထွန်းထိုက်​နှင့်​​ လှေဆိပ်​မိသားစုများ၊ စည်းရုံး​ရေးမှုးများ ဖြစ်​ကြ​သော ကိုအီမန်း ကို​ဇော်​တင်​​အောင်​(ကို​ဇော်​) တို့မှ​ကောက်​ခံရရှိ​သော အလှူ​ငွေများ(RM8720)ကို အသင်း၏စာရင်းကိုင်​နှင့် ဘဏ္ဍာ​ရေးမှုးထံသို့ အပ်​နှံ​ပေးခဲ့ပါသည်​။

ထို့​နောက်​ အသင်း၏နာယကကြီးမှ အသင်း၏ကိုယ်​စား colourless လူမှုကူညီ​ရေးအသင်း (မြန်​မာပြည်​)သို့ RM2000ကို colourless မ​လေးရှားတာဝန်​ခံ ကို​ဇော်​မှတဆင့်​ ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အားလုံး ဝမ်း​မြောက်​စွာ သာဓု​ခေါ်ဆိုကြပါကုန်​..

နိစ္စဒါနပရဟိတအသင်း









Wednesday 20 September 2017



ယ​နေ့​ ​နေ့လယ်​ပိုင်းတွင်​ သရဲဝင်​ပူးသည့်​ ရခိုင်လူမျိုး​မောင်​ဖြိုး​ကျော်​လွင်​အား အသင်းဦး​ဆောင်​သူများမှ နတ်​ဆရာထံသို့ ပို့​ဆောင်​ကူညီ​ပေးခဲ့ကြပါသည်​။

နိစ္စဒါနပရဟိတအသင်း














Tuesday 19 September 2017

ရွှေ​တောင်​ရိုး (Htun Tan) မှ ရခိုင်​ပြည်​နယ်​ ကူညီ​ထောက်​ပံ့နိုင်​​ရေးအတွက်​ အလှူ​တော်​​ငွေ RM60 ကိုထည့်​ဝင်​လှူဒါန်းပါတယ်​ခင်​ဗျာ။

ကိုယ်​စိတ်​နှစ်​ဖြာ ကျန်​မား ချမ်းသာ၍ လိုအင်​ဆန္ဒပြည့်​​မြောက်​ပါ​စေ.. 

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း



မစန်းစန်း​မော်​မှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးနိုင်​​စေရန်​ အလှူ​ငွေ RM50 ကို ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အလှူရှင်​မိသားစုများ သက်​ရှည်​ကျန်းမာ၍ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း


Wednesday 13 September 2017

ကိုဖွေးဖွေး (4863) မှ အလှူငွေ RM50 ကို နိစ္စဒါလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလိုအသုံးပြုနိုင်ပါစေရန် မွန်မြတ်သောစေတနာဖြင့် ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။

ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ကောင်းကျိုးဆန္ဒ လိုအင်ဟူသမျှ ပြည့်ဝနိုင်ပါစေသော်..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း















Monday 11 September 2017

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် မဌေးဌေးမှ အလှူငွေ RM50 ၊ မစန်းစန်း(kampar)မှ အလှူငွေ RM200 ကို ဘဏ်မှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။

မိမိတို့အသင်းမှ ကူညီထောက်ပံ့ပေးမည့် အလှူငွေများသည် မည်သည့်လူမျိုး မည်သည့်ဘာသာ စသည် ရည်ညွှန်းလှူဒါန်းမည်မဟုတ်ပဲ ရခိုင်ပြည်နယ်အတွင်းရှိ အကူအညီလိုအပ်နေသော ပြည်သူများအား ဘာသာလူမျိုးမခွဲခြားပဲ ပရဟိတစိတ်ထားဖြင့် လှူဒါန်းပေးမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် သူတော်ကောင်းတို့ချီးမွှမ်းအပ်သော ထိုဒါနအတွက် ပေးလှူကြသော အလှူရှင်အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ..
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းပါစေ.. 
ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









Sunday 10 September 2017

အသိပေးအပ်ပါသည်
*****************
မိမိတို့အနေဖြင့် ကွမ်တန်းမှညီကိုမောင်နှမများအား အသိပညာပွားကာ ဓမ္မသုတ ဓမ္မဿဝနံ  ဖြစ်ပါစေခြင်းငှါ တရားပွဲဖြစ်မြောက်ရေးကို ဦးဆောင်သူများမှ အားခဲကာကြိုးပမ်းကြပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တရားပွဲကျင်းပမည့်ရက်ကို (ရက်အကန့်အသတ်မရှိ) ရွေ့ဆိုင်းလိုက်ရပါသည်။

သို့ပါသော်လည်း မိမိတို့အသင်းမှ မူလရည်ရွယ်ချက်အတိုင်း အခါအားလျော်စွာ မြန်မာပြည်မှဒုက္ခရောက်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ကာလဒါနကုသိုလ်ကို ပြုလုပ်ရန် ကျန်ရှိနေသေးရာ ယခုအခါ ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်ကြသူ ပြည်သူများအား အစားအသောက်စသည် လိုအပ်မှုများ ကူညီထောက်ပံ့ပေးနိုင်ရေးကို နိစ္စဒါနပရဟိတအသင်းနဲ့အတူ အားလုံးပါဝင်လှူဒါန်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လှူဒါန်းနိုင်မည့်နေရာများ..
ကြယ်သုံးစင်းမြန်မာဆိုင်
ငွေနှင်းပွင့်မြန်မာဆိုင်
ငွေလမင်းမြန်မာဆိုင်
ပိတောက်ဝါမြန်မာဆိုင်
မိုးကောင်းကင်မြန်မာဆိုင်

ဘဏ်မှတဆင့် လှူဒါန်းလိုသူများ
0169383574 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နိစ္စဒါနပရဟိတအသင်း









ကျွန်တော်များ နိစ္စဒါနပရဟိတအသင်းမှ ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် အလှူငွေများစတင် ကောက်ခံလျက်ရှိပါသည်။ 

သို့ဖြစ်ပါ၍  အတိဒုက္ခရောက်နေသူများ၏ စားဝတ်နေရေး ကျန်းမာရေးစသည်တို့အတွက် စာနာသောအားဖြင့် ထမင်းတစ်ထုပ် ရေသန့်တစ်ဗူးပင်ဖြစ်စေကာမူ မိမိတို့တတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါရန် (ပါဟန်းပြည်နယ်ရှိ ) ညီကိုမောင်နှမအားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက..
ကိုဇော်မျိုး - 0169383574
ကိုဇော်မြင့် - 0169446437
ကိုမောင်မောင် - 0109884990
ကိုမင်းရာဇာ - 0169505491
ကြယ်သုံးစင်းမြန်မာဆိုင်
ငွေနှင်းပွင့်မြန်မာဆိုင်
ပိတောက်ဝါမြန်မာဆိုင်
ငွေလမင်းမြန်မာဆိုင် များသို့ လှူဒါန်းနိုင်ပါသည်။

ဘဏ်တဆင့်မှလှူဒါန်းလိုသူများအနေဖြင့်..
Maybank Acc.
ZAW MYO - 106099265837

Public bank Acc..
ZAW MYO - 6373355326

နိစ္စဒါနပရဟိအသင်း

Friday 8 September 2017

အထူးမေတ္တာရပ်ခံအပ်ပါသည်
*************************
ယခုအချိန်အခါကာလသည် မြန်မာပြည်ရှိ ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သတ်၍ ထိလွယ်ရှလွယ်သော အခြေအနေလည်းဖြစ်ပါသည်။

တချို့သော ဘာသာရေး လူမျိုးရေး အစွန်းရောက်သူများမှလွဲ၍ မည့်သည့်လူမျိုး မည့်သည့်ဘာသာဝင်မဆို မိမိတို့၏ဘဝဝမ်းစာ ပရိယေသနအတွက် အေးချမ်းစွာ နေထိုင်လုပ်ကိုင်၍ ငြိမ်းချမ်းစွာ ဘဝတခုကို ရှင်သန်ဖြတ်သန်းလိုသူများချည်း ဖြစ်ကြပါသည်။

ယခုအခါ ရခိုင်ပြည်နယ်၌ဖြစ်သောမီးသည် ရခိုင်ပြည်နယ်မှတဆင့် မိမိတို့နေထိုင်လုပ်ကိုင်ရာ မလေးရှားသို့တိုင် မလိုသူများ၏ လှုံ့ဆော်မှုဖြင့် ကူးစက်လာနေသည်ကို သိရှိပြီးဖြစ်ပါလိမ့်မည်။

သို့ဖြစ်ပါ၍ မိမိတို့လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းကြား တစ်ဦးနဲ့တစ်ဦး တစ်ဘာသာနဲ့တစ်ဘာသာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား မခံချင်စရာ ဒေါသဖြစ်စရာ မနှစ်မြို့ဖွယ်ရာသော ခိုက်ရန်ဖြစ်ပွားစေမည့် အပြောအဆို အပြုအမူမျိုးကို သတိထားဆင်ခြင်ကာ ပြောဆိုလုပ်ကိုင်ကြခြင်းဖြင့် မလိုလားအပ်သော ပြဿနာများအား ကာကွယ်ရာလဲရောက်ပါသည်။

အထူးသဖြင့် မလေးရှားရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ဤကာလများတွင် အထူးသတိထားကာ ဆင်ခြင်သင့်လှပါသည်။ မည့်သည့်ဘာသာဝင် ဖြစ်စေကာမူ မိမိတို့သည် မိသားစုစားဝတ်နေရေးကြောင့် နိုင်ငံရပ်ခြားတွင် လာရောက်၍လုပ်ကိုင်နေကြရသော ဘဝတူများသာဖြစ်ပါသည်။

မိမိတို့၏ မဆင်မခြင် ပြောဆို လုပ်ကိုင်မှုများကြောင့် တခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ မထိခိုက်ပါစေနှင့်။ အထူးသဖြင့် ဘာသာရေး လူမျိုးရေးကိစ္စရပ်များကို မသိနားမလည်ပဲလျက် မိမိ၏တကိုယ်တည်းခံယူချက်ဖြင့် တခြားဘာသာနှင့်တခြားလူမျိုးတို့ကို ထိပါးပုတ်ခတ်ခြင်း မပြုလုပ်ကြရန်နှင့် မလိုလားအပ်သော ပြဿနာများ မဖန်တီးကြရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

နိစ္စဒါနပရဟိတအသင်း

Saturday 2 September 2017

ပဲရပ်​ပြည်​နယ်​ တိုက်​ပင်းမြို့ ကန်​ပါရ်​အရပ်​တွင်​ ​နေထိုင်​လုပ်​ကိုင်​​နေ​သော အသင်းဝင်​ မစန်​စန်းမှ လစဉ်​​ကြေးနှင့်​အလှူ​ငွေ (RM300)ကို ဘဏ်​မှတဆင့်​ ​ပေးပို့ခဲ့ပါတယ်​။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း (ကွမ်​တန်းမြို့)