Thursday 24 August 2017


ယ​နေ့ ​နေ့လယ်​ပိုင်းတွင်​ အသင်းသို့အကူအညီ ​တောင်းခံလာ​သော semambu ရှိ ဆိုယ်​ကယ်​အက်​စီးဒင့်​ဖြင့်​ ​ခြေ​ထောက်​ကျိုးသွား​သော ကိုသန်း​ဆွေကို လိုအပ်​သည်​များကူညီ​ပေးနိုင်​ရန်​ အသင်းမှဦး​ဆောင်​သူများ သွား​ရောက်​ကာ ကြည့်​ရှုခဲ့ကြပါသည်​။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)




Tuesday 22 August 2017


22.8.2017နေ့မှာ မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့ နိစ္စဒါနပရဟိတအသင်းသားများသည် တရားပွဲဖြစ်မြောက်ရေး အသင်းသားအသစ်များခန့်ထားရေးနှင့် အထွေထွေကိစ္စရပ်များအတွက် အသင်းအစည်းအဝေးပွဲကို ဘာတုတီးကား လှေဆိပ်၌ ကျင်းပခဲ့ကြပါသည်။
 

 

 


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပေါက်တော ပလောင်ကျေးရွာတွင်နေထိုင်သော  ဦးမောင်အေး + ဒေါ်စောသိန်းတို့၏သား မောင်ကျန်သာ(ခ)မောင်ကျော်မိုး အသက်(28)နှစ်သည်​  မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့တွင် ​နေထိုင်​လုပ်​ကိုင်​ရင်း မ​တော်​တဆ ကားအက်ဆီးဒင့်ဖြစ်ကာ 20.8.2017​နေ့တွင်​ ​သေဆုံးခဲ့ပါသည်။
မိသားစုများ၏ အကူညီတောင်းခံမူကြောင့် ကျွန်​​တော်​များ နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းမှ လိုအပ်​သည်​များ လိုက်​လံ​ဆောင်​ရွက်​​ပေးခဲ့ကြပြီး ယနေ့  ၂၂.၈.၂၀၁၇--ရက်နေ့တွင် ကပုန်းနာ​ရေးကူညီမှုအသင်းနှင့်​ပူး​ပေါင်းကာ ​သေဆုံးသူ ​မောင်​ကျော်​မိုး၏ ကြွင်းကျန်​​သောရုပ်​ကလပ်​အား မီးသဂြိုလ်​ရန်​ ကွမ်တန်းဂျာဘူမီးသဂြိုလ်​အရပ်​၌ ဆွေမျိုး မိသင်္ဂဟများ  နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းနှင့် ကပုန်းနား​ရေးကူညီမှုအသင်းတို့မှ ​နောက်ဆုံးခရီးစဉ်ကို ကူညီဖေးမသဂြိုလ် ပြီးစီးခဲ့ကြပါသည်။

လာ​ရောက်​အားဖြည့်​ကူညီ​ပေးခဲ့ကြပါ​သော ကပုန်းဥက္ကဌနှင့်​တကွ ကပုန်း(၇)ရက်​သားသမီးအသင်းအား ကျွန်​​တော်​များနယ်​​မြေခံ နိစ္စဒါနအသင်းသားများနှင့်​ ကျန်​ရစ်​သူမိသားစုများမှ ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်း..။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)

 






Friday 18 August 2017


အစည်းအ​ဝေးဖိတ်​ကြားခြင်း
******************
နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ နှစ်​ပတ်​လည်​အစည်းအ​ဝေးပွဲနှင့်​ 10 လပိုင်း ၂၀၁၇ တွင်​ ပြုလုပ်​ကျင်းပရန်​ရှိ​သော တရားပွဲဖြစ်​​မြောက်​​ရေးအတွက်​ ညှိနှိုင်းအစည်းအ​ဝေးပွဲ ပြုလုပ်​မည်​ဖြစ်​ပါ၍ နိစ္စဒါနအသင်းဝင်​များနှင့်​တကွ ကွမ်​တန်းမြို့နှင့်​ပတ်​ဝန်းကျင်​ရှိ ​ရွှေမြန်​မာညီကို​မောင်​နှမအ​ပေါင်းတို့အား အစည်းအ​ဝေးသို့ လာ​ရောက်​ကြပါရန်​ ​လေးစားစွာဖိတ်​ကြားအပ်​ပါသည်​။

အချိန်​။ ။22.08.2017 ရက်​​နေ့
နေ့လယ်​ ၂ နာရီမှ ည​နေ ၅နာရီထိ

နေရာ ။ ။ ဘာတုတီးဂါး ​လှေဆိပ်

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)







Monday 14 August 2017


ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍ အသုံးပြုနိုင်ပါစေရန် ​ငွေနှင်းပွင့်​မြန်​မာဆိုင်​မှ ​ကောက်​ခံရရှိ​ငွေ RM830 ကို အသင်းဦး​ဆောင်​သူ ကို​ဇော်​မျိုးသို့ ​ပေးအပ်​ခဲ့ပါသည်​။

အလှူရှင်​ ​စေတနာရှင်​များ ကျန်းမာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်း)





Saturday 12 August 2017


  ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍ အသုံးပြုနိုင်ပါစေရန် ...
သမီးလေး ယောဇာနည်ဖြူ ၏ ရက်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် အလှူတော်ငွေ RM 100 ...
ကိုအောင်လွင်မှ အလှူတော်ငွေ RM 50..
ဘာတုတီးဂါး လှေဆိပ်အဖွဲ့သားများမှ အလှူတော်ငွေ RM 600 .. 
ကိုသန်းဇော်မိုး PAF 4683 မှ RM 500..
၈၈ FOOD COURT အဖွဲ့မှ RM160 တို့ကို ပါဝင်လှူဒါန်းခဲ့ကြပါတယ်ခင်ဗျာ ။

ဤသို့ လှူဒါန်းကြသော ကုသိုလ်ရှင် စေတနာရှင်အပေါင်းတို့သည် ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းကြသည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း..။ ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)








Thursday 10 August 2017


ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ လူမှုကူညီရေးပရဟိတလုပ်ငန်းများတွင် လိုအပ်သလိုပြန်လည် အသုံးပြုနိုင်ပါစေရန် ကွမ်တန်းမြို့နေ ဒေါက်တာဒေါ်တင်မျိုးဟန် မိသားစုတို့မှ အလှူတော်ငွေ RM200 ကို ပါဝင်ကုသိုလ်ပြု လှူဒါန်းခဲ့ကြပါသည်။

အလှူရှင်မိသားစုများတို့သည် ဘေးရန်ခပ်သိမ်း ပပျောက်ငြိမ်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေသော်...။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)












Wednesday 9 August 2017


မလေးရှားနိုင်ငံ တနင်္ဂနူးပြည်နယ် ကမာမန်းမြို့တွင် နေထိုင်လုပ်ကိုင်နေစဉ် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့တက်ရောက်ကုသရင်း ကုန်ကျစရိတ်များလွန်းသောကြောင့် မိသားစုထံပြန်၍ ဆေးဝါးကုသမှုခံယူလိုသော ရခိုင်ပြည်နယ် ကျောက်တော်မြို့ တောင်ပေါက်ကျေးရွာနေ အဖဦးစောမြထွန်း + အမိဒေါ်စောဦးတို့၏ သားဖြစ်သူ ကိုစောမြရွှေကို ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း(ကွမ်တန်းမြို့)မှသည် ဆေးရုံမှခေါ်ယူကာ လူနာအတွက် CI လျှောက်ပေးခြင်း စသည့်လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ ညနေ 5:30 အချိန်တွင် MAI လေကြောင်းလိုင်းဖြင့် အမိမြန်မာပြည်သို့ ပြန်ရန် လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။

လူနာအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော ARRC Malaysia မှအစ်ကိုများ ၊ လေဆိပ်တွင်လိုအပ်သည်များကို ကူညီပေးရန်ရောက်လာသော(ဦးချစ်ကောင်း၏မိတ်ဆွေ)အစ်ကိုနှင့် လူနာအတွက် CIလျှောက်ခြင်း၊ လေဆိပ်၌ကြုံရသော အခက်အခဲတချို့အား လာရောက်ကူညီဖြေရှင်းပေးပါသော (နိစ္စဒါန၏လူမှုကူညီရေးကိစ္စများတွင် အမြဲတမ်းပါဝင်လေ့ရှိသူ) ကိုသီဟမောင်မောင် စသည် ဝိုင်းဝန်းကူညီပေးကြသူများအား အထူးပဲကျေးဇူးတင်ရှိပါသည်။

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)




Monday 7 August 2017

သားလေး ဆလိုင်းမင်းပိုင်နဲ့ ဆလိုင်းမင်းနိုင် တို့ညီအစ်ကိုနှစ်ဦးမှ ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း၏ လူမှုကူညီရေးလုပ်ငန်းရပ်များတွင် လိုအပ်သလိုပြန်လည်အသုံးပြုနိုင်ပါစေရန် အလှူတော်ငွေ RM50ကို မွန်မြတ်သောစေတနာဖြင့် ဘဏ်မှတဆင့် ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)







Friday 4 August 2017

ယခင်လ ကောက်ခံရရှိငွေ ၊ ပြန်လည်အသုံးပြုငွေ နှင့် ယခု လက်ကျန်ငွေစာရင်း ။

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)
 



 


Thursday 3 August 2017

မလေးရှားရောက် ညီကိုမောင်နှမများနှင့် ပရဟတိအသင်းအဖွဲ့များအား အကူအညီတောင်းခံခြင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အဖ-ဦးစိန်မြထွန်း ၏သားဖြစ်သူ ကိုစောမြချေ(ခ)ကိုမင်းမင်းသည် မလေးရှားနိုင်ငံ Kemaman မြို့တွင် နေထိုင်လုပ်ကိုင်ရင်း မကျန်းမာသဖြင့် ဆေးရုံသို့သွားရောက် စစ်ဆေးခဲ့ရာ ဦးခေါင်းခွဲစိတ်ခြင်းပြုရသဖြင့် 19/7/2017 ရက်နေ့မှ စတင်ကာ ယနေ့တိုင် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပါသည်။ 

ယခုအခါ လူနာ၏ ဆေးကုသစရိတ်အတွက် အကူအညီ လိုအပ်နေပါသဖြင့် မလေးရှားရောက် ညီကိုမောင်နှမများအနေဖြင့် တတ်အားသမျှ ဝိုင်းဝန်းကူညီကြပါရန် ကျွန်တော်များ အကျိုးဆောင်အဖွဲ့ (နိစ္စဒါနပရဟိတအသင်း-ကွမ်တန်းမြို့)မှ လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။ 

အထူးသဖြင့် ကွမ်တန်း-ကမာမန်းနယ်များရှိ ညီကိုမောင်နှမများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်ကိုလဲ ကျွန်တော်များအကျိုးဆောင်အဖွဲ့က အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဘဏ်မှတဆင့်လှူဒါန်းလိုသူများအနေနဲ့....

MAY BANK ACC
ZAW MYO - 106099265837
သို့ဖြစ်စေ..

PUBLIC BANK ACC
ZAW MYO - 6373355326
သို့လည်းကောင်း.. ပေးပို့လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်...
ကိုဇော်မျိုး - 0169383574
ကိုဇော်မြင့်- 0169446437
ကိုမောင်မောင် - 0109884990
ကိုရာဇာ-0169505491

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

 








Wednesday 2 August 2017

 မလေးရှားနိုင်ငံ Kemaman ​ဆေးရုံမှ ဦး​ခေါင်းခွဲလူနာအား ယ​နေ့ည ၁၂နာရီလောက်တွင် သွား​ရောက်​ကြည့်​ရှု့၍ လိုအပ်​သည်​များ ကူညီ​ပေးခဲ့ကြပါသည်။....

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)