Tuesday 27 September 2016

ကိုမြင့်ဇော်အတွက် လိုအပ်သော ကူညီမှု

16/9/2016 ရက်နေ့က ကျွန်တော်များ နိစ္စဒါနပရဟိတအသင်းမှ ကိုမြင့်ဇော်အတွက် လိုအပ်သော ကူညီမှုများပေးနိုင်ရန် Rawang , Batu Arang ရှိ ဒုက္ခသည်လူနာများ စောက်ရှောက်ပေးရာဌာ...န Perch သို့သွားရောက်ခဲ့ကြပါသည်။ ထိုခရီးတွင် မြန်မာသံရုံးမှ ကိုသီဟမောင်မောင်လည်း ကျွန်တော်များနှင့်အတူ လိုက်ပါကူညီပေးခဲ့ပါသည်။
ထိုသို့ သွားရောက်ရာတွင် Perch ရှိ ဒုက္ခသည်လူနာများအတွက် စားသောက်မှုအဆင်ပြေစေရန် ဆန်၊ဆီ၊ကြက်သွန်၊အာလူး စသည် စားသောက်ကုန်ပစ္စည်းများကို တပါတည်းသယ်ဆောင်၍ လှူဒါန်းခဲ့ကြပါသည်။
ထိုသို့လှူဒါန်းပေးခဲ့ရာတွင် ကွမ်တန်းမြို့ရှိ ရခိုင်ညီကိုများမှလည်း RM500 ကိုအသင်းသို့လှူဒါန်းကာ ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။ လူနာအခြေအနေမှာ ယခင်ကထက်ပို၍ လန်းလန်းဆန်းဆန်းဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသဖြင့်လည်း ရင်ထဲဝမ်းသာမိပါသည်။
အခက်အခဲများကြားက အစစအရာရာ လိုအပ်သောကိစ္စရပ်များနှင့် ဆေးဝါးကုသကာ ကူညီစောင့်ရှောက်ပေးကြပါသော Perch မှဆရာမနှင့်မိတ်ဆွေများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်မိပါတော့သည်။

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)





No comments:

Post a Comment