Sunday 4 September 2016

   

❀ မုသားစကား ဆိုမိျငားမူ..
❀ ဘုန္​းၾကီးတို႔ သီရိလကၤာမွာ ေနတုန္းက သီရိလကၤာသမၼတႀကီးက
သူငယ္ငယ္ငယ္တုန္းက အေတြ႔အၾကံဳတစ္ခု ေျပာျပတယ္။
❀ သီရိလကၤာမွာ Sunday School ေတြရိွတယ္။ အေျခခံဗုဒၶဘာသာေတြ သင္ၾကားပို႔ခ်ေပးတယ္။ `မုသာဝါဒေျပာလို႔ လက္ေတြ႔အက်ိဳးခံရတာတစ္ခုကို ေျပာစမ္း။´ ေက်ာင္းသားေလးေတြကို ဆရာကေမးတယ္။
❀ ဆိုပါေတာ့ မုသာဝါဒဆိုတာ `မုသားစကား၊ ဆိုမိျငားမူ၊ စကားမပီ၊ သြားမညီဘဲ´ စသည္ျဖင့္ ဆိုးက်ိဳး​ေတြကို ျပတယ္။ အဲဒါ ေနာင္ဘဝမွ ျဖစ္ရမယ့္ဟာ။
❀ အခုဘဝ ဘာျဖစ္တုန္းလို႔ေမးေတာ့ ေက်ာင္းသားေလးတစ္ေယာက္ကေျပာတယ္။ `သူ႔စကား ဘယ္သူမွ မယံုဘူး´တဲ့။ အဲဒါ လက္ေတြ႔ခံရတာ။ `မုသားေျပာတဲ့လူရဲ႕စကားကို ဘယ္သူမွ မယံုၾကေတာ့ဘူး´ ဒီလူက မယံုရဘူး လိမ္တတ္္တယ္ ျဖစ္သြားေရာ၊ အဲဒါ လက္ေတြ႔ခံစားရတဲ့ အက်ိဳးတစ္ခုပဲ။
❀ လိမ္ၿပီးလို႔ရိွရင္ `ငါလိမ္တာ သူသိသြားရင္ ႐ွက္စရာႀကီး´ ႐ွက္တတ္တဲ့လူေပါ့။ ေကာင္းတာတစ္ခုမွ မရိွဘူး။ မ႐ွက္တတ္တဲ့လူကေတာ့ ထပ္လိမ္ဦးမွာေပါ့ေနာ္။တစ္ခ်ိဳ႕က်ေတာ့ အ႐ွက္ကုန္ေနတာကိုး။
❀ ဘယ္သူ႔ကိုမွ မလိမ္တဲ့ပုဂၢိဳလ္က ရဲရင့္တယ္ေလ။ ငါ ဘယ္သူ႔မွ မလိမ္ဘူး။ ဘာေျပာေျပာ မွန္တာပဲေျပာတဲ့ပုဂၢိဳလ္ကို လူတိုင္းကလည္း ေလးစားၾကတယ္။ ယံုၾကည္​ၾကတယ္။ သူ႔အေနနဲ႔လည္းပဲ ငါဟာ မဟုတ္​တာကို ဘယ္ေတာ့မွ မေျပာဘူး ဆိုတဲ့အတြက္ `ငါလိမ္မိတာႀကီး အလိမ္ေပၚလိမ့္မယ္´ဆိုတဲ့ စိုးရိမ္​စိတ္​လည္း မရိွေတာ့ဘူး။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
Unicode Version
==========
❀ မုသားစကား ဆိုမိငြားမူ..
❀ ဘုန်​းကြီးတို့ သီရိလင်္ကာမှာ နေတုန်းက သီရိလင်္ကာသမ္မတကြီးက
သူငယ်ငယ်ငယ်တုန်းက အတွေ့အကြုံတစ်ခု ပြောပြတယ်။
❀ သီရိလင်္ကာမှာ Sunday School တွေရှိတယ်။ အခြေခံဗုဒ္ဓဘာသာတွေ သင်ကြားပို့ချပေးတယ်။ `မုသာဝါဒပြောလို့ လက်တွေ့အကျိုးခံရတာတစ်ခုကို ပြောစမ်း။´ ကျောင်းသားလေးတွေကို ဆရာကမေးတယ်။
❀ ဆိုပါတော့ မုသာဝါဒဆိုတာ `မုသားစကား၊ ဆိုမိငြားမူ၊ စကားမပီ၊ သွားမညီဘဲ´ စသည်ဖြင့် ဆိုးကျိုး​တွေကို ပြတယ်။ အဲဒါ နောင်ဘဝမှ ဖြစ်ရမယ့်ဟာ။
❀ အခုဘဝ ဘာဖြစ်တုန်းလို့မေးတော့ ကျောင်းသားလေးတစ်ယောက်ကပြောတယ်။ `သူ့စကား ဘယ်သူမှ မယုံဘူး´တဲ့။ အဲဒါ လက်တွေ့ခံရတာ။ `မုသားပြောတဲ့လူရဲ့စကားကို ဘယ်သူမှ မယုံကြတော့ဘူး´ ဒီလူက မယုံရဘူး လိမ်တတ််တယ် ဖြစ်သွားရော၊ အဲဒါ လက်တွေ့ခံစားရတဲ့ အကျိုးတစ်ခုပဲ။
❀ လိမ်ပြီးလို့ရှိရင် `ငါလိမ်တာ သူသိသွားရင် ရှက်စရာကြီး´ ရှက်တတ်တဲ့လူပေါ့။ ကောင်းတာတစ်ခုမှ မရှိဘူး။ မရှက်တတ်တဲ့လူကတော့ ထပ်လိမ်ဦးမှာပေါ့နော်။တစ်ချို့ကျတော့ အရှက်ကုန်နေတာကိုး။
❀ ဘယ်သူ့ကိုမှ မလိမ်တဲ့ပုဂ္ဂိုလ်က ရဲရင့်တယ်လေ။ ငါ ဘယ်သူ့မှ မလိမ်ဘူး။ ဘာပြောပြော မှန်တာပဲပြောတဲ့ပုဂ္ဂိုလ်ကို လူတိုင်းကလည်း လေးစားကြတယ်။ ယုံကြည်​ကြတယ်။ သူ့အနေနဲ့လည်းပဲ ငါဟာ မဟုတ်​တာကို ဘယ်တော့မှ မပြောဘူး ဆိုတဲ့အတွက် `ငါလိမ်မိတာကြီး အလိမ်ပေါ်လိမ့်မယ်´ဆိုတဲ့ စိုးရိမ်​စိတ်​လည်း မရှိတော့ဘူး။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
ေမတၱာျဖင့္ ျပန္လည္မွ်ေ၀သည္။
ကုိေဇာ္မ်ဳိး (ကြမ္တန္းနိစၥဒါနပရဟိတအသင္း)

No comments:

Post a Comment