Wednesday 21 September 2016

လူေတြ အထင္ႀကီးေနၾကတာက အကာေတြပါ။



❀ လူေတြ အထင္ႀကီးေနၾကတာက အကာေတြပါ။ ေလာကမွာ လူေတြအမ်ားက ဘာေတြအထင္ႀကီးသလဲဆိုရင္ ရိွတဲ့ပစၥည္းဥစၥာေတြေပၚမွာ အထင္ႀကီးၾကတယ္၊
ရာထူးေပၚမွာ အထင္ႀကီးၾကတယ္၊ အာဏာပါဝါေပၚမွ...
ာအထင္ႀကီးၾကတယ္၊
ရာထူးဆိုတာလဲ တစ္ခဏပဲ၊ အာဏာပါဝါဆိုတာလဲ တစ္ခဏပဲ။ စည္​းစိမ္​ဥစၥာဆိုတာလဲ တစ္ခဏပဲ၊ အကန္႔အသတ္ေတြနဲ႔ခ်ည္းပဲ၊ အကုန္လံုး ဘယ္အရာမွ ခိုင္ျမဲတာမရိွဘူး။ အဲဒါေတြအေပၚမွာ လူေတြ ေန႔စဥ္နဲ႔အမွ် ႐ွာေဖြၿပီး တပ္မက္ေနၾကတာ လက္လြတ္မခံႏိုင္ၾကတာ ဒါေတြအတြက္ပဲ။

❀ သဒၶါတရားပ်က္သြားလို႔ ကိုယ္က်င့္တရားပ်က္သြားလို႔ ဆိုတာမ်ိဳးကို စိုးရိမ္ေသာကေရာက္ရမွာကို မသိဘူး၊ တကယ္စိုးရိမ္သင့္တာကေတာ့
-ကိုယ္က်င့္တရားပ်က္ျခင္း
- အသိအျမင္ပ်က္စီးျခင္း
ဒါေတြကမွ စိုးရိမ္စရာေကာင္းတာ။

ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

Unicode Version
°°°°°°°°°°°°°°°

❀ လူတွေ အထင်ကြီးနေကြတာက အကာတွေပါ။ လောကမှာ လူတွေအများက ဘာတွေအထင်ကြီးသလဲဆိုရင် ရှိတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာ အထင်ကြီးကြတယ်၊
ရာထူးပေါ်မှာ အထင်ကြီးကြတယ်၊ အာဏာပါဝါပေါ်မှာအထင်ကြီးကြတယ်၊
ရာထူးဆိုတာလဲ တစ်ခဏပဲ၊ အာဏာပါဝါဆိုတာလဲ တစ်ခဏပဲ။ စည်​းစိမ်​ဥစ္စာဆိုတာလဲ တစ်ခဏပဲ၊ အကန့်အသတ်တွေနဲ့ချည်းပဲ၊ အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။ အဲဒါတွေအပေါ်မှာ လူတွေ နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ။

❀ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာကို မသိဘူး၊ တကယ်စိုးရိမ်သင့်တာကတော့
-ကိုယ်ကျင့်တရားပျက်ခြင်း
- အသိအမြင်ပျက်စီးခြင်း
ဒါတွေကမှ စိုးရိမ်စရာကောင်းတာ။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

-----------------------------------------------------။----------------------------------------------------------
❀ ဘဝဆိုတာ သိပ္႐ွည္ခဲ့ၿပီ၊ ဘယ္ေလာက္မ်ား ႐ွည္တုန္းဆိုရင္ ေျပာလို႔မဆံုးေအာင္႐ွည္တယ္၊ ဒါေၾကာင့္ ျမတ္​စြာဘုရားက `ဘဝသံသရာမွာ အေမမေတာ္ဘူးတဲ့ ပုဂၢဳိလ္​လည္း မရိွဘူး၊ အေ...ဖမေတာ္ဘူးတဲ့ ပုဂၢဳိလ္​လည္း မရိွဘူး၊ ညီအကို ေမာင္ႏွမ မေတာ္ဘူးတဲ့ ပုဂၢဳိလ္​လည္း မရိွဘူး´၊ ကဲ လူလူခ်င္းေတြ႔တဲ့အခါ သူဟာ တစ္ခ်ိန္တုန္းက ငါ့အေမ ျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့သားျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့သမီး ျဖစ္ခဲ့ဘူးမွာပဲ၊ ငါ့အေဒၚ စသည္ျဖင့္ေပါ့ေလ၊ ေဆြမ်ိဳးေတြအေနနဲ႔ တြက္ၾကည့္လိုက္မယ္ ဆိုလို႔ရိွရင္​ လူကိုပဲေတြ႔ေတြ႔ တိရစၧာန္​ကိုပဲေတြ႕ေတြ႕ အၾကင္နာတရားနဲ႔ ေမတၱာထားႏိုင္ဖို႔ အဲဒီလို စဥ္းစားလိုက္ပါတဲ့။ အဲဒီလို စဥ္းစားလိုက္မယ္ဆိုရင္ မုန္းစရာႀကီးဆိုတာ ေပ်ာက္သြားလိမ့္မယ္ေနာ္။
❀ ကိုးပါးသီလထဲမွာ အထြဋ္တင္ ေဆာက္တည္ထားတဲ့ ​ေမတၱာသဟဂေတန ေစတသာ သဗၺပါဏဘူေတသု- သတၱဝါေတြအေပၚမွာ ​ေမတၱာထားတယ္။ မုန္းစရာပုဂၢိဳလ္ေတြ႔ရင္ ဟိုအရင္ဘဝတုန္းက ငါ့အေမ (သို႔မဟုတ္​) ငါ့အေဖ၊ ငါ့ေဆြမ်ိဳး ေတာ္ခဲ့ဖူးမွာပဲ၊ တို႔တစ္‌‌ေတြဟာ ေမ့ေနၾကလို႔ ၊ သံသရာမွာ ေဆြမ်ိဳးေတြပဲလို႔ ႏွလံုးသြင္းလိုက္မယ္ဆိုရင္ အမုန္းတရားေတြဟာ ေပ်ာက္ကြယ္သြားမွာပါ။
❀ အဓိကကေတာ့ ကိုယ့္သႏၱာန္မွာ အမုန္​းတရားေပ်ာက္ဖို႔ပဲ ျဖစ္တယ္။ ဘယ္လိုပဲ စဥ္းစားစဥ္းစား ကိုယ့္သႏၱာန္မွာ အမုန္းတရားေပ်ာက္သြားၿပီဆိုရင္ ႏွလံုးသားဟာ ေအးခ်မ္းသြားမွာ ေသခ်ာတယ္၊ အခ်ိန္မဆိုင္းဘဲနဲ႔ ေအးခ်မ္းလာမွာ၊ ခုလိုစဥ္းစားလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ကိုယ့္သႏၱာန္မွာ ပူေလာင္ေနမႈဟာ ေအးျမသြားမွာ ေသခ်ာတယ္။ ဗုဒၶတရားေတာ္ကို လက္ေတြ႔က်င့္သံုးတယ္ဆိုတာ အဲဒါမ်ိဳးကို ေျပာတာေနာ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။
Unicode Version
##########

❀ ဘဝဆိုတာ သိပ်ရှည်ခဲ့ပြီ၊ ဘယ်လောက်များ ရှည်တုန်းဆိုရင် ပြောလို့မဆုံးအောင်ရှည်တယ်၊ ဒါကြောင့် မြတ်​စွာဘုရားက `ဘဝသံသရာမှာ အမေမတော်ဘူးတဲ့ ပုဂ္ဂိုလ်​လည်း မရှိဘူး၊ အဖေမတော်ဘူးတဲ့ ပုဂ္ဂိုလ်​လည်း မရှိဘူး၊ ညီအကို မောင်နှမ မတော်ဘူးတဲ့ ပုဂ္ဂိုလ်​လည်း မရှိဘူး´၊ ကဲ လူလူချင်းတွေ့တဲ့အခါ သူဟာ တစ်ချိန်တုန်းက ငါ့အမေ ဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့သားဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့သမီး ဖြစ်ခဲ့ဘူးမှာပဲ၊ ငါ့အဒေါ် စသည်ဖြင့်ပေါ့လေ၊ ဆွေမျိုးတွေအနေနဲ့ တွက်ကြည့်လိုက်မယ် ဆိုလို့ရှိရင်​ လူကိုပဲတွေ့တွေ့ တိရစၧာန်​ကိုပဲတွေ့တွေ့ အကြင်နာတရားနဲ့ မေတ္တာထားနိုင်ဖို့ အဲဒီလို စဉ်းစားလိုက်ပါတဲ့။ အဲဒီလို စဉ်းစားလိုက်မယ်ဆိုရင် မုန်းစရာကြီးဆိုတာ ပျောက်သွားလိမ့်မယ်နော်။
❀ ကိုးပါးသီလထဲမှာ အထွဋ်တင် ဆောက်တည်ထားတဲ့ ​မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု- သတ္တဝါတွေအပေါ်မှာ ​မေတ္တာထားတယ်။ မုန်းစရာပုဂ္ဂိုလ်တွေ့ရင် ဟိုအရင်ဘဝတုန်းက ငါ့အမေ (သို့မဟုတ်​) ငါ့အဖေ၊ ငါ့ဆွေမျိုး တော်ခဲ့ဖူးမှာပဲ၊ တို့တစ်‌‌တွေဟာ မေ့နေကြလို့ ၊ သံသရာမှာ ဆွေမျိုးတွေပဲလို့ နှလုံးသွင်းလိုက်မယ်ဆိုရင် အမုန်းတရားတွေဟာ ပျောက်ကွယ်သွားမှာပါ။
❀ အဓိကကတော့ ကိုယ့်သန္တာန်မှာ အမုန်​းတရားပျောက်ဖို့ပဲ ဖြစ်တယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ကိုယ့်သန္တာန်မှာ အမုန်းတရားပျောက်သွားပြီဆိုရင် နှလုံးသားဟာ အေးချမ်းသွားမှာ သေချာတယ်၊ အချိန်မဆိုင်းဘဲနဲ့ အေးချမ်းလာမှာ၊ ခုလိုစဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာ ပူလောင်နေမှုဟာ အေးမြသွားမှာ သေချာတယ်။ ဗုဒ္ဓတရားတော်ကို လက်တွေ့ကျင့်သုံးတယ်ဆိုတာ အဲဒါမျိုးကို ပြောတာနော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။
ျပန္လည္မွ်ေ၀ျခင္း
ကိုေဇာ္မ်ဳိး (နိစၥဒါနပရဟိတအသင္း) 

No comments:

Post a Comment