Thursday 22 September 2016

❀ သီလေစာင့္တဲ့အခါမွာ


❀ သီလေစာင့္တဲ့အခါမွာ
၁။ ျပင္ပပစၥည္းေတြကို အပ်က္ခံၿပီးေတာ့ ေဆာက္တည္တဲ့သီလကို သီလပါရမီလို႔ေခၚတယ္။

❀ ၂။ ခႏၶာကိုယ္​နဲ႔ ကိုယ္လက္အဂၤါေတြကို အပ်က္စီးခံၿပီး ေဆာက္တည္...တဲ့သီလကို သီလဥပပါရမီလို႔ ေခၚတယ္။
❀ ၃။ အသက္အေသခံၿပီး ေစာင့္တည္တဲ့သီလကို သီလပရမတၳပါရမီလို႔ ေခၚတယ္။
❀ ဘူရိဒတၱ နဂါးမင္းႀကီးေဆာက္တည္တဲ့ သီလကိုေတာ့ သီလပရမတၳပါရမီလို႔ ေခၚတယ္။ အဆင့္အျမင့္ဆံုးသီလကို ေဆာက္တည္တယ္။ `အကယ္၍မ်ား ငါ့ရဲ႕ခႏၶာကိုယ္ကို တစ္စံုတစ္ေယာက္က ငါ့ရဲ႕အသက္ကို ရန္ ႐ွာမယ္ဆိုလည္း ငါဒီေန႔ေစာင့္တဲ့သီလကို လံုးဝ မစြန္႔လႊတ္ဘူး၊ လံုးဝ မေဖာက္ဖ်က္ဘူး၊ ခႏၶာကိုယ္​ႀကီး ေသခ်င္ေသပါေစ´ ဆိုၿပီး ေတာင္ကုန္းတစ္ခုေပၚမွာ ေခြၿပီးေတာ့ ဘူရိဒတၱ နဂါးမင္းႀကီးက သီလေစာင့္တယ္။
❀ အားလံုးသိၾကတဲ့အတိုင္းပဲ ေႁမြအလမၸာယ္သမားက ဖမ္းၿပီး ညႇင္းဆဲတဲ့အခါမွာ ေႁမြအလမၸာယ္သမားကို သူ အႏၱရာယ္​ျပဳခ်င္ရင္ လြယ္​လြယ္​​ေလးပဲ၊ နဂါးရဲ႕အဆိပ္က အင္မတန္မွ ျပင္းတယ္ေနာ္။ `ဖူး´လို႔ တစ္ခ်က္မႈတ္လိုက္တာနဲ႔ ဟိုလူ ျပာျဖစ္သြားမွာေနာ္။ သူ႔မွာ အဲဒီေလာက္ထိေအာင္ ျပင္းထန္တဲ့ အစြမ္းလက္နက္ရိွေသာ္လည္း သီလပ်က္မွာစိုးလို႔ လံုးဝ မလုပ္ဘူး၊ `အေသခံၿပီးသီလေစာင့္မယ္´လို႔ အဓိ႒ာန္​ထားတဲ့အတိုင္းကိုယ္က်င့္တရားကို မဖ်က္ဘဲနဲ႔ သီလေဆာက္တည္တယ္။
❀ ဒါ ဘာေၾကာင့္ ဒီလိုလုပ္ႏိုင္တာတုန္းဆို `အႏွစ္နဲ႔အကာ´ကို ခြဲျခားသိလို႔ ၊ ႐ုပ္ခႏၶာႀကီးဟာ အႏွစ္မဟုတ္ဘူး၊ အကာႀကီး၊ တစ္ေန႔က်ေတာ့ သူ႔ဘာသူ ပ်က္စီးသြားမွာပဲ၊ အဲဒီအခါက်ေတာ့ ဘာမွ ရလိုက္မွာမဟုတ္ဘူး၊ ခႏၶာကိုယ္​ႀကီးမွာ ျဖစ္ေနတဲ့ နာမ္တရားကို မီွေနတဲ့ ကိုယ္က်င့္တရားေလးကသာ အႏွစ္။ ဒီအႏွစ္ေလးကိုေတာ့ ငါ အပ်က္မခံဘူး လို႔ ေဆာက္တည္တာေနာ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ​္​ေပးလွဴျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။

❀ ဤဓမၼဒါနကုသိုလ္သည္ ပညာပါရမီ၏ အားႀကီးေသာအေထာက္အပံ့ျဖစ္ပါေစသား အ႐ွင္ျမတ္ဘုရား။
Unicode Version
##########

❀ သီလစောင့်တဲ့အခါမှာ
၁။ ပြင်ပပစ္စည်းတွေကို အပျက်ခံပြီးတော့ ဆောက်တည်တဲ့သီလကို သီလပါရမီလို့ခေါ်တယ်။

❀ ၂။ ခန္ဓာကိုယ်​နဲ့ ကိုယ်လက်အင်္ဂါတွေကို အပျက်စီးခံပြီး ဆောက်တည်တဲ့သီလကို သီလဥပပါရမီလို့ ခေါ်တယ်။
❀ ၃။ အသက်အသေခံပြီး စောင့်တည်တဲ့သီလကို သီလပရမတၳပါရမီလို့ ခေါ်တယ်။
❀ ဘူရိဒတ္တ နဂါးမင်းကြီးဆောက်တည်တဲ့ သီလကိုတော့ သီလပရမတၳပါရမီလို့ ခေါ်တယ်။ အဆင့်အမြင့်ဆုံးသီလကို ဆောက်တည်တယ်။ `အကယ်၍များ ငါ့ရဲ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ငါ့ရဲ့အသက်ကို ရန် ရှာမယ်ဆိုလည်း ငါဒီနေ့စောင့်တဲ့သီလကို လုံးဝ မစွန့်လွှတ်ဘူး၊ လုံးဝ မဖောက်ဖျက်ဘူး၊ ခန္ဓာကိုယ်​ကြီး သေချင်သေပါစေ´ ဆိုပြီး တောင်ကုန်းတစ်ခုပေါ်မှာ ခွေပြီးတော့ ဘူရိဒတ္တ နဂါးမင်းကြီးက သီလစောင့်တယ်။
❀ အားလုံးသိကြတဲ့အတိုင်းပဲ မြွေအလမ္ပာယ်သမားက ဖမ်းပြီး ညှင်းဆဲတဲ့အခါမှာ မြွေအလမ္ပာယ်သမားကို သူ အန္တရာယ်​ပြုချင်ရင် လွယ်​လွယ်​​လေးပဲ၊ နဂါးရဲ့အဆိပ်က အင်မတန်မှ ပြင်းတယ်နော်။ `ဖူး´လို့ တစ်ချက်မှုတ်လိုက်တာနဲ့ ဟိုလူ ပြာဖြစ်သွားမှာနော်။ သူ့မှာ အဲဒီလောက်ထိအောင် ပြင်းထန်တဲ့ အစွမ်းလက်နက်ရှိသော်လည်း သီလပျက်မှာစိုးလို့ လုံးဝ မလုပ်ဘူး၊ `အသေခံပြီးသီလစောင့်မယ်´လို့ အဓိဋ္ဌာန်​ထားတဲ့အတိုင်းကိုယ်ကျင့်တရားကို မဖျက်ဘဲနဲ့ သီလဆောက်တည်တယ်။
❀ ဒါ ဘာကြောင့် ဒီလိုလုပ်နိုင်တာတုန်းဆို `အနှစ်နဲ့အကာ´ကို ခွဲခြားသိလို့ ၊ ရုပ်ခန္ဓာကြီးဟာ အနှစ်မဟုတ်ဘူး၊ အကာကြီး၊ တစ်နေ့ကျတော့ သူ့ဘာသူ ပျက်စီးသွားမှာပဲ၊ အဲဒီအခါကျတော့ ဘာမှ ရလိုက်မှာမဟုတ်ဘူး၊ ခန္ဓာကိုယ်​ကြီးမှာ ဖြစ်နေတဲ့ နာမ်တရားကို မှီနေတဲ့ ကိုယ်ကျင့်တရားလေးကသာ အနှစ်။ ဒီအနှစ်လေးကိုတော့ ငါ အပျက်မခံဘူး လို့ ဆောက်တည်တာနော်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ​်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

❀ ဤဓမ္မဒါနကုသိုလ်သည် ပညာပါရမီ၏ အားကြီးသောအထောက်အပံ့ဖြစ်ပါစေသား အရှင်မြတ်ဘုရား။

No comments:

Post a Comment