Thursday 25 January 2018

လွန်​ခဲ့​သောတစ်​ပတ်​ခန့်​က ကွမ်​တန်း​ဆေးရုံကြီးတွင်​ ​ဆေးကုသမှုခံယူလျက်​ရှိ​သော မ​ကွေးတိုင်း ​ချောက်​မြို့နယ်​ နရွဲ​တောအုပ်​စု- နရွဲ​တော(​တောင်​)ရပ်​ကွပ်​​နေ အဖအမည်​ ဦးသိန်း​အောင်​ ၊ အမိအမည်​ ​ဒေါ်သန်းတို့၏သား ဦးသန်း​အောင်​သည်​ မသက်​သာသဖြင့်​ ​ဆေးရုံမှဆင်းကာ နိစ္စဒါနအသင်းမှဦး​ဆောင်​၍ ၎င်းအားမြန်​မာပြည်​ရှိ မိသားစုများထံသို့ အချိန်​မီပြန်​ပို့နိုင်​ရန်​စီစဉ်​ကြသခိုက်​ ဦးသန်း​အောင်​မှာ ​လေယာဉ်​စီး၍မဖြစ်​နိုင်​​သော အ​ခြေအ​နေ​ကြောင့်​ ၎င်းအားအတန်​အသင့်​ကျန်းမာလာမှ မိသားစုထံသို့ ပြန်​ပို့မည်​ဟု သ​ဘောပိုက်​ကြသည့်​အ​လျှောက်​ အလုပ်​သမားသံအရာရှိနှင့်​ကပုန်းဥက္ကဌတို့၏ အကူအညီဖြင့်​ Batu Arang ရှိ ဒုက္ခသည်​လူနာများ​​စောင့်​​ရှောက်​​ရေး​ဆေးရုံ perch သို့​ ​ခေတ္တ​စောက်​​ရှောက်​မှုပြုနိုင်​ရန်​ သွား​ရောက်​ထားရှိခဲ့ကြပါ​သော်​လည်း ကံအား​လျော်​စွာ ထို​နေ့ည​နေတွင်​ပင်​ ကွယ်​လွန်​သွားခဲ့ပါသည်​။

ကျွန်ုပ်​တို့ ကြိုးပမ်းမှုများ အရာမထင်​ဖြစ်​ခဲ့​ချေပြီ..မိသားစုနဲ့ထပ်​တူ စိတ်​မ​ကောင်းလဲ ဖြစ်​မိ၏။

ဦသန်း​အောင်​ ​ကောင်းရာသုဂတိ ​ရောက်​ပါ​စေလို့သာ..

နိစ္စဒါနပရဟိတအသင်း





No comments:

Post a Comment