Monday 1 January 2018

2018၏နှစ်​သစ်​သို့ စတင်​ရောက်​​ရှိ​သော 1.1.2018ရက်​​နေ့တွင်​ 29.12.2017ရက်​​နေ့တွင်​ ဘဝ​ခန္ဓာ​ဟောင်းကိုစွန့်​၍ ဘဝခန္ဓာသစ်​သို့​ရောက်​ရှိသွား​သော (ကွယ်​လွန်​သူ)​မောင်​​နေမျိုး​အောင်​ကိုအ​ကြောင်းပြု၍ ကျန်​ရစ်​သူလုပ်​​ဖော်​ကိုင်​ဘက်​ အ​ပေါင်းအသင်းများမှ (အ​ပေါင်းအသင်း​ မိတ်​​ဆွေ​ကောင်းပီသစွာဖြင့်) ​နေအိမ်​သို့ ​သံဃာ​တော်​များပင့်​ဖိတ်ကာ ​ဆွမ်း၊သင်္ကန်းပရိက္ခရာနှင့်​တကွ နဝကမ္မဝတ္ထု​ငွေအစုစုတို့ကို သံဃဂုဏ်​အာရုံပြုလို့ လှူဒါန်းခဲ့ကြပါသည်​။

ထို့​နောက်​ သရဏဂုံနှင့်​တကွ ငါးပါးသီလခံယူ​​ဆောက်​တည်​ကြပြီးလျှင်​ ​ကွယ်​လွန်​သူ​မောင်​​နေမျိုး​အောင်​အားရည်​စူးကုသိုလ်​အဖြစ်​ သာဓုခ်ါဆိုနိုင်​ပါ​စေ​ကြောင်း အမျှအတန်း​ပေး​ဝေခဲ့ကြပါသည်​။ မိမိတို့ နိစ္စဒါနပရဟိတအသင်းမှလဲ လိုအပ်​သည်​များကို ဝိုင်းဝန်းကူညီကာ နှစ်​ဦးကုသိုလ်​အဖြစ်​ဖြင့်​ မိမိတို့ကြိုးစားပြုလုပ်​ခဲ့သမျှ​သော  ကုသိုလ်​အဖို့ဘာဂအစုစုတို့ကို ​မောင်​​နေမျိုး​အောင်​အား အမျှ .အမျှ.အမျှ ​ပေး​ဝေခဲ့ကြပါသည်​။

ညီငယ်ေ​မာင်​​နေမျိုး​အောင်​တစ်​​ယောက်​ ​ကောင်းရာသုဂတိ​ရောက်​ပါ​စေ​သော်​..

နိစ္စဒါနပရဟိတအသင်း



No comments:

Post a Comment