Wednesday 3 January 2018

နိစ္စဒါနပရဟိတအသင်းမှ ဦး​ဆောင်​၍ ကွမ်​တန်းမြို့၌ မြန်​မာဘုန်း​ကြီး​ကျောင်းဖြစ်​​မြောက်​​ရေးအတွက်​ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရာတွင်​ ​ကျောင်းအတွက်​လိုအပ်​ရာတွင်​ပြန်​လည်​အသုံးပြုနိုင်​ပါ​စေ ဤအ​နေဖြင့်​ Batu 3 ​လှေဆိပ်​မိသားစုများဖြစ်​ကြ​သော...
ကို​ထွေး​လေး မိသားစုမှ RM100
ကိုရန်​နိုင်​စိုး မိသားစုမှ RM100
ကိုသန်း​ဇော်​မိုး မိသားစုမှ RM100
ကို​အောင်​သူ မိသားစုမှ RM100
ကိုတင်​​ဌေး မိသားစုမှ RM100
ကို​ဇော်​မင်း မိသားစုမှ RM100
ကိုထန်းခက်​ မိသားစုမှ RM100
စုစု​ပေါင်း အလှူ​ငွေ Rm 700 ကို သံဃဂုဏ်​ရည်​မှတ်​လို့ ဝိဟာရဒါနဖြစ်​ပါ​စေ ဤအ​နေဖြင့်​ စု​ပေါင်း၍လှူဒါန်းခဲ့ကြပါသည်​။

{{ ​စေတနာသည်​ကံဖြစ်​၍ ထိုကံသည်​ (ဗုဒ္ဓဘာသာတို့အလိုအရ ရဟန္တာ​​ဖြစ်​ပြီး​ချိန်​မှစ၍ ပြု​သောကံမှအပ) ဘယ်​​သောအခါမှ ​ပျောက်​ပျက်​မသွား​ပေ။ ​ထို့​ကြောင့်​ ​စေတနာအ​လျောက်​ ကံကိုပြုလျှင်​ ပြုသည့်​ကံအ​လျောက်​ ပြုသူထံသို့ ထို​စေတနာနှင့်​တူ​သော အကျိုး​ပေးသည်​ မုချရရှိခံစားကြရမည်​သာ။ ကမ္မသကတသမ္မာဒိဋ္ဌိဟူသည်​ မိမိတို့၏​ကောင်းကံ ဆိုးကံထိုနှစ်​တန်​ကို မည်​သည့်​ဖန်​ဆင်းရှင်​ကမျှ ဖန်​တီးဖြစ်​​ပေါ်​စေသည်​မဟုတ်​။ မိမိတို့ကိုယ်​တိုင်​မှ ဖြစ်​​သော ကာယကံ ဝစီကံ မ​နောကံတို့မှဖြစ်​​သော အကျိုးဆက်​မှ​နေ၍ ဖြစ်​​ပေါ်လာရခြင်းဖြစ်​၏။ ထို၌ ​မောင်​ဖြူ ​ ​မောင်​နီ ​မောင်​ညို ​မောင်​မဲဟူ၍မရှိ။ ရုပ်​၊နာမ်​ ခန္ဓာအားဖြင့်​လဲ ခွဲပြန်​​သော်​ ပညတ်​သာဖြစ်​၍ အမှန်​စင်​စစ်​ အ​ကောင်​အထည်ဟူ၍ ပြစရာမရှိ၊ ဆုပ်​ကိုင်​ပြ၍လဲမရ ။ သ​ဘောမျှသာဖြစ်​​၍ ထိုသ​ဘောသည်​ပင်​ ကြာရှည်​မမြဲ​သောအားဖြင့်​ ခဏဖြစ်​၍ခဏပျက်​ကြကုန်​၏။ 

ထို့​ကြောင့်​ မမြဲ​သော အနိစ္စသ​ဘောလက္ခဏာရှိပါ၏။ မမြဲခြင်းဖြင့်​ ဖက်​လဲတကင်း​နေရခြင်း​ကြောင့်​လဲ ​တောင့်​တခြင်း ​ကြောင့်​ကြခြင်းတို့ဖြင့်​ ဆင်းရဲ​သော ဒုက္ခသ​ဘောလက္ခဏာ ဖြစ်​ပါ၏။ ကိုယ့်​​ခန္ဓာ ကိုယ်​မပိုင်​ ၊ ကိုယ့်​စိတ်​ ကိုယ်​မပိုင်​။ ကိုယ့်​​စေတနာ​လေးပင်​ ခိုင်​မြဲ​အောင်​ အစိုးရခြင်းငှါ မစွမ်းနိုင်​သဖြင့်​ မင်းမရှိ​သောတိုင်းပြည်​ ၊ အိမ်​​ထောင်​ဦးစီးမရှိ​သော မိသားစုကဲ့သို့ ဖြစ်​ချင်​တိုင်းဖြစ်​၍ ပျက်​ချင်​တိုင်း ပျက်​၍သာ ကိုယ့်​အလိုသို့မလိုက်​​သော အနတ္တသ​ဘောလက္ခဏာသာတည်း​။}}
(ဤကား မိမိဉာဏ်​မီသမျှ မိမိနားလည်​သမျှ​သော "ကမ္မသကတာသမ္မာဒိဋ္ဌိ" ၏အဓိပ္ပါယ်​တည်း။)

ထို့​ကြောင့်​ အလှူရှင်​မိသားစုများသည်​ ဒါနမှသည်​ ဝိပဿနာထိ​အောင်​ ဆင်​ခြင်​နိုင်​ကြသည်​ဖြစ်​၍ အလှူ​ပေး အလှူခံတို့တွင်​ "ငါ" ဟူ၍မရှိ ။ ရုပ်​နဲ့နာမ်​သာ ရှိ၍ ထိုရုပ်​နာမ်​တို့သည်​လဲ သ​ဘောမျှသာဖြစ်​လျက်​ မမြဲ​သော ဆင်းရဲ​သော အစိုးမရ​သော သ​ဘောတရားမျှသာပါတကားဟူ၍ ကိုယ်​စီ ကိုယ်​စီ နှလုံးသွင်းနိုင်​ကြပါ​စေ..

ထိုမှသည်​ "အတ္တငါ ၊ မာနငါ ၊ ဒိဋ္ဌိငါ" တို့မှ အစွဲကင်းသဖြင့်​ မိမိတို့စိတ်​နှလုံးဝယ်​ အမြဲရှင်း​နေ​သော အရိယာသူ​တော်​​ကောင်းများ ဖြစ်​နိုင်​ကြပါ​စေသတည်း။

ဤ​ကောင်းမှု ကုသိုလ်​ကံ​စေတနာသည်​ အခါများစွာသံသရာ၌ ကမ်းမှန်းမသိ လမ်းမသိ၍ စမ်းတဝါးဝါးဖြင့်​ မြှုပ်​​မျှောရခြင်းတည်းဟူ​သော ဝိနိပါတ​ဘေး စသည်​အ​ကြောင်း ​ဘေးအ​ပေါင်းတို့မှ ကင်းလွတ်​၍ အမွန်​ချမ်းသာ နိဗ္ဗူတာကို ကံ ဉာဏ်​ ဝီရိယ ​ထောက်​ကူမသဖြင့်​ ​အမှန်​မ​သွေ ​ရောက်​ရှိနိုင်​ကြပါ​စေကုန်​​သော်​...ဝ်​။

Admin
နိစ္စဒါနပရဟိတအသင်း

No comments:

Post a Comment