Thursday 3 August 2017

မလေးရှားရောက် ညီကိုမောင်နှမများနှင့် ပရဟတိအသင်းအဖွဲ့များအား အကူအညီတောင်းခံခြင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အဖ-ဦးစိန်မြထွန်း ၏သားဖြစ်သူ ကိုစောမြချေ(ခ)ကိုမင်းမင်းသည် မလေးရှားနိုင်ငံ Kemaman မြို့တွင် နေထိုင်လုပ်ကိုင်ရင်း မကျန်းမာသဖြင့် ဆေးရုံသို့သွားရောက် စစ်ဆေးခဲ့ရာ ဦးခေါင်းခွဲစိတ်ခြင်းပြုရသဖြင့် 19/7/2017 ရက်နေ့မှ စတင်ကာ ယနေ့တိုင် ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပါသည်။ 

ယခုအခါ လူနာ၏ ဆေးကုသစရိတ်အတွက် အကူအညီ လိုအပ်နေပါသဖြင့် မလေးရှားရောက် ညီကိုမောင်နှမများအနေဖြင့် တတ်အားသမျှ ဝိုင်းဝန်းကူညီကြပါရန် ကျွန်တော်များ အကျိုးဆောင်အဖွဲ့ (နိစ္စဒါနပရဟိတအသင်း-ကွမ်တန်းမြို့)မှ လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။ 

အထူးသဖြင့် ကွမ်တန်း-ကမာမန်းနယ်များရှိ ညီကိုမောင်နှမများအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်ကိုလဲ ကျွန်တော်များအကျိုးဆောင်အဖွဲ့က အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဘဏ်မှတဆင့်လှူဒါန်းလိုသူများအနေနဲ့....

MAY BANK ACC
ZAW MYO - 106099265837
သို့ဖြစ်စေ..

PUBLIC BANK ACC
ZAW MYO - 6373355326
သို့လည်းကောင်း.. ပေးပို့လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်...
ကိုဇော်မျိုး - 0169383574
ကိုဇော်မြင့်- 0169446437
ကိုမောင်မောင် - 0109884990
ကိုရာဇာ-0169505491

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

 








No comments:

Post a Comment