Tuesday 22 August 2017

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပေါက်တော ပလောင်ကျေးရွာတွင်နေထိုင်သော  ဦးမောင်အေး + ဒေါ်စောသိန်းတို့၏သား မောင်ကျန်သာ(ခ)မောင်ကျော်မိုး အသက်(28)နှစ်သည်​  မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့တွင် ​နေထိုင်​လုပ်​ကိုင်​ရင်း မ​တော်​တဆ ကားအက်ဆီးဒင့်ဖြစ်ကာ 20.8.2017​နေ့တွင်​ ​သေဆုံးခဲ့ပါသည်။
မိသားစုများ၏ အကူညီတောင်းခံမူကြောင့် ကျွန်​​တော်​များ နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းမှ လိုအပ်​သည်​များ လိုက်​လံ​ဆောင်​ရွက်​​ပေးခဲ့ကြပြီး ယနေ့  ၂၂.၈.၂၀၁၇--ရက်နေ့တွင် ကပုန်းနာ​ရေးကူညီမှုအသင်းနှင့်​ပူး​ပေါင်းကာ ​သေဆုံးသူ ​မောင်​ကျော်​မိုး၏ ကြွင်းကျန်​​သောရုပ်​ကလပ်​အား မီးသဂြိုလ်​ရန်​ ကွမ်တန်းဂျာဘူမီးသဂြိုလ်​အရပ်​၌ ဆွေမျိုး မိသင်္ဂဟများ  နိစ္စဒါနပရဟိတလူမူကူညီရေးအသင်းနှင့် ကပုန်းနား​ရေးကူညီမှုအသင်းတို့မှ ​နောက်ဆုံးခရီးစဉ်ကို ကူညီဖေးမသဂြိုလ် ပြီးစီးခဲ့ကြပါသည်။

လာ​ရောက်​အားဖြည့်​ကူညီ​ပေးခဲ့ကြပါ​သော ကပုန်းဥက္ကဌနှင့်​တကွ ကပုန်း(၇)ရက်​သားသမီးအသင်းအား ကျွန်​​တော်​များနယ်​​မြေခံ နိစ္စဒါနအသင်းသားများနှင့်​ ကျန်​ရစ်​သူမိသားစုများမှ ​ကျေးဇူးအထူးတင်​ရှိပါ​ကြောင်း..။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)

 






No comments:

Post a Comment