Wednesday 9 August 2017


မလေးရှားနိုင်ငံ တနင်္ဂနူးပြည်နယ် ကမာမန်းမြို့တွင် နေထိုင်လုပ်ကိုင်နေစဉ် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့တက်ရောက်ကုသရင်း ကုန်ကျစရိတ်များလွန်းသောကြောင့် မိသားစုထံပြန်၍ ဆေးဝါးကုသမှုခံယူလိုသော ရခိုင်ပြည်နယ် ကျောက်တော်မြို့ တောင်ပေါက်ကျေးရွာနေ အဖဦးစောမြထွန်း + အမိဒေါ်စောဦးတို့၏ သားဖြစ်သူ ကိုစောမြရွှေကို ကျွန်တော်များ နိစ္စဒါနလူမှုကူညီရေးအသင်း(ကွမ်တန်းမြို့)မှသည် ဆေးရုံမှခေါ်ယူကာ လူနာအတွက် CI လျှောက်ပေးခြင်း စသည့်လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ ညနေ 5:30 အချိန်တွင် MAI လေကြောင်းလိုင်းဖြင့် အမိမြန်မာပြည်သို့ ပြန်ရန် လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။

လူနာအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြသော ARRC Malaysia မှအစ်ကိုများ ၊ လေဆိပ်တွင်လိုအပ်သည်များကို ကူညီပေးရန်ရောက်လာသော(ဦးချစ်ကောင်း၏မိတ်ဆွေ)အစ်ကိုနှင့် လူနာအတွက် CIလျှောက်ခြင်း၊ လေဆိပ်၌ကြုံရသော အခက်အခဲတချို့အား လာရောက်ကူညီဖြေရှင်းပေးပါသော (နိစ္စဒါန၏လူမှုကူညီရေးကိစ္စများတွင် အမြဲတမ်းပါဝင်လေ့ရှိသူ) ကိုသီဟမောင်မောင် စသည် ဝိုင်းဝန်းကူညီပေးကြသူများအား အထူးပဲကျေးဇူးတင်ရှိပါသည်။

နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)




No comments:

Post a Comment