Saturday 30 December 2017

ကုသိုလ်​ဟူက အကြံရလျှင်​ ချက်​ချင်းပြုပါ
*****************************
ကောင်းကျိုးလိုလား ဤစိတ်​ထားချိန်
ကိုယ်​ကားပါ​စေ ဝစီ​ချွေမြွက်
ကောင်း​ပေတတ်​ကို ​နေ့ညတွက်​နှိုင်း
ချိန်​ရက်​ပိုင်းလို့ ​​စောင့်​ဆိုင်းလို့သာ
မပြုရာဘူး။

ကိုယ်​၏​သေမင်း ကိုယ့်​​သေခြင်းကား
စောင့်​ခြင်းဘယ်​ခါ မရှိရာမို့
ကုသိုလ်​ဟူက မှန်​သမျှကို
ကြံဆမိလျှင်း ခုချက်​ချင်းသာ
မယွင်းသူငါ ပြု​စေပါ​လော့။

စိတ်​က​စေရာ ​ကောင်းနိုးရာကို
ကိုယ်​မှာထကြွ ကြိုးလုံ့လဖြင့်
ပြုကြပါ​လေ မတွန့်​​ပေဟု
ဆု​တွေ​ချွေပြီး စကားချည်းသာ
မဖြစ်​ရာဘူး။

Nicca Dâna

ဇီဝိတံ ဗျာဓိ ကာ​လောစ
ဒေဟနိ​က္ခေပနံ ဂတိ။
ပ​ဉ္စေ​တေ ဇီဝ​လောကသ္မိံ
အနိမိတ္တာန နာယ​ရေ။

No comments:

Post a Comment