Monday 11 December 2017

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကျွန်​​တော်​တို့ ကွမ်​တန်းမြို့ကြီးဟာဆိုရင်​ ပြည်​နယ်​တစ်​ခုရဲ့ အကြီးဆုံးအထင်​ကရမြို့ကြီးဖြစ်​ပြီး ​ဗုဒ္ဓဘာသာဝင်​ ​မြန်​မာ​ရွေ့​ပြောင်း အလုပ်​သမားများ အ​တော်​အသင့်​ ရှိ​သောမြို့ကြီးတစ်​မြို့လဲ ဖြစ်​ပါသည်​။ 
သို့​သော်​လည်း ယခင်​သီတင်းသုံး​ခဲ့​သော ကွမ်​တန်​ဆရာ​တော်​ မြန်​မာပြည်​သို့ ပြန်​လည်​ကြွသွားပြီးသည့်​​နောက်​ပိုင်း မိမိတို့​နေထိုင်​ရာမြို့တွင်​ ​ကျောင်းမရှိ ၊ သံဃာမရှိပဲ ​နေလာခဲ့ရာ ဗုဒ္ဓဘာသာဝင်​များအဖို့ ဘုရားပွင့်​ရာကာလဖြစ်​​သော်​လည်း သြကာသကန်​​တော့ချိုးတွင်​ ပါဝင်​​သော ရပ်​ပြစ်​ရှစ်​ပါးတို့တွင်​ တစ်​ခု​သော​နေရာသို့ ​ရောက်​​နေကြသည့်​အလား ကွမ်​တန်းရှိဗုဒ္ဓဘာသာဝင်​များအဖို့ ခါကြီးရက်​ကြီးများနှင့်​ ​မွေး​နေ့အခါသမယများတွင်​ သံဃာရည်​မှတ်​၍ ကုသိုလ်​ပြု ဆွမ်းတစ်​နပ်​လှူဒါန်းရန်​ပင်​ အ​တော်​မလွယ်ကူ​သော အ​ခြေအ​နေဖြင့်​ ကြုံ​တွေ့​နေရသည်​ကို အားလုံးသိရှိ နားလည်​ကြပြီး ဖြစ်​မည်​ထင်​ပါသည်​။
"သင့်​​တော်​ရာအရပ်​မှာ အိမ်​တစ်​အိမ်​ကို ငှါးရမ်းပြီး ဘုန်းကြီး​ကျောင်းအဖြစ်​ထားရှိကာ သံဃာတစ်​ပါးပါးအား ကြွ​ရောက်​သီတင်းသုံး​စေလျှင်​ ​ကောင်းမှာပဲ" ဟု ​ပြောသူ​တွေ များ​သော်​လည်း စင်​စစ်​ဦး​ဆောင်​လုပ်​ကိုင်​လိုသူ မရှိခြင်း​ကြောင့်​ ကွမ်​တန်းအရပ်​သည်​ ရဟန်း​သံဃာနှင့်​ အဆက်​ပြတ်​ခဲ့ရသည်​မှာ အ​တော်​အသင့်​ကြာခဲ့​လေပြီ။
 "သံဃာနဲ့​ဝေး အပါယ်​​ဘေး မ​နှေး​တွေ့လိမ့်​မည်​" ဟု မိမိ၏ဆရာသမားဖြစ်​​သော ဆရာ​တော်​ဘုရား၏ တရားတစ်​ပုဒ်​တွင်​ ထည့်​သွင်းရွတ်​ဆိုခဲ့​သော ထိုစာ​ကြောင်း​လေးကို ပြန်​လည်​အမှတ်​ရမိသဖြင့်​လဲ တိုင်းတစ်​ပါးတွင်​ ​လောဘအရင်းခံသဖြင့်​ ​မောဟ ​ဒေါသတို့ဖြင့်​ စီးပွားရှာကြကုန်​​သော မိမိတို့အဖို့ ရံခါကုသိုလ်​စိတ်​ဖြစ်​၍ ဒါန သီလ ဘာဝနာ စသည်​ ကုသိုလ်​တရားများ ပွားများပြုလုပ်​နိုင်​ရန်​ သံဃာတစ်​ပါး​တော့ ရှိတန်​​ကောင်း၏ဟု ထင်​မြင်​မိပါသည်​။
 "မင်းတို့ အားတဲ့အချိန်​ ဘယ်​မှာရှိလို့လဲ.တစ်​ခုမဟုတ်​ တစ်​ခုလုပ်​​နေကြရတာပဲ မဟုတ်​လား. လူဆိုတာ ကုသိုလ်​ရဖို့ကို မအားတဲ့ကြားထဲက လုပ်​နိုင်​မှ ​တော်​ကာကျတာ.. မ​သေမချင်း လုပ်​ရမဲ့အလုပ်​​တွေထဲ ကုသိုလ်​အလုပ်​သာ ထိပ်​ဆုံးကလို့ မှတ်​ကြစမ်းပါ.. ဒါ​ကြောင့်​ ကုသိုလ်​အလုပ်​ဆိုရင်​ အချိန်​ဆိုင်းမ​နေနဲ့ ၊ သူ့ကြည့် ငါ့ကြည့်​လုပ်မ​​နေနဲ့။ အသက်​ရျူတာ ရပ်​မသွားခင်​ ခပ်​သုတ်​သုတ်​သာ လုပ်​ကြပါ" ဆို​သော သြဝါဒနဲ့အညီ အများသူငါ ကုသိုလ်​ပြုခွင့်​နဲ့ ကုသိုလ်​တရားဖြစ်​ပွားပါ​စေဟု နှလုံးမူလျက်​ မိမိတို့နိစ္စဒါနလူမှုကူညီ​ရေးအသင်းမှ ဦး​ဆောင်​မတည်​ကာ ဘုန်းကြီး​ကျောင်းအတွက်​ သင့်​​တော်​ရာ​နေရာကို 1လပိုင်း 2018တွင်​ စတင်​ငှါးရမ်းရန်​ အိမ်​ရှင်​နှင့်​လဲ သ​ဘောတူထားပြီး ဖြစ်​ပါသည်​။
သို့ဖြစ်​ပါ၍ ကွမ်​တန်းရှိညီကို​မောင်​နှမများအ​နေဖြင့်​ "ဆယ်​ဝါပြည့်​တင်း ဝိဘင်းနှစ်​ဖြာ..စသည်​.." မဟုတ်​​စေကာမူ မိမိတို့နှင့်​ သိကျွမ်းရင်းနှီး​သော ဆရာ​တော်​များထဲမှ သင့်​​လျော်​ရာ ဆရာ​တော်​တစ်​ပါးပါးကို ပင့်​​ဆောင်​၍ သီတင်းသုံး​စေလိုပါက 30.12.2017 ​နေ့ထိ အသင်းထံသို့ ဆက်​သွယ်​​မေးမြန်းနိုင်​ပါ​ကြောင်း ကုသိုလ်​အ​ရေး အသိ​ပေးနှိုး​ဆော်​လိုက်​ရပါသည်​.. သူ​တော်​​ကောင်းအ​ပေါင်းတို့..။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို )

No comments:

Post a Comment