Wednesday 1 November 2017

ယခင်ရက်က ကွယ်လွန်သူဦးပု မြန်မာပြည်သို့အလည်မပြန်မီ ၎င်းအတွက်ထည့်ဝင်ရမဲ့ (၁၀)လပိုင်းနှင့် (၁၁)လပိုင်းအတွက် လစဉ်ကြေးနှစ်လစာကို သူပြန်မရောက်မီ အသင်းသို့ မပျက်မကွက်ထည့်ဝင်ပေးပါရန်နှင့် သူပြန်လာလျှင် ပြန်ပေးပါမည်ဟု အသင်းတာဝန်ရှိသူထံ အခါခါမှာကြားခဲ့ပါသည်။

ယခုအခါ ဦးပုသည် မြန်မာပြည်ရှိမိသားစုအိမ်၌ပင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီဖြစ်ရာ အသင်းဝင်အဖြစ်မှ ဦးပုအား ပယ်နုတ်ပြီးဖြစ်တော့၏။ ထို့ကြောင့်၎င်းမှာကြားခဲ့သည့်အတိုင်း (၁၀)လပိုင်းနှင့်(၁၁)လပိုင်းအတွက် အသင်းလစဉ်ကြေးကို ထည့်သွင်းဖော်ပြတော့မည်မဟုတ်ပေ။ သို့အတွက် ဦးပုအနေဖြင့်လဲ ထိုငွေကို ပြန်ပေးစရာမလိုတော့ပါ။


သို့သော် အသင်းအတွက် လှူဒါန်းလိုသော ၎င်း၏ဆန္ဒပြည့်ပါစေ ဤအနေဖြင့် အသင်း၏ဦးဆောင်သူနှစ်ဦးမှ ဦးပုအားရည်းစူး၍ အသင်းအတွက် လိုအပ်ရာတွင် ပြန်လည်၍ အသုံးပြုနိုင်စေရန် RM60 ကိုထည့်ဝင် လှူဒါန်းပေးခဲ့ပါသည်။


ကိုကျော်မျိုး(ခ)ဦးပုသည် အသင်း၌တွယ်ငြိခြင်းစိတ်ကိုစွန့်၍ မိမိလိုရာဘုံဘဝသို့ သွားရောက်နိုင်ပါစေ..။ မိမိတို့ပြုသမျှ ကုသိုလ်အဖို့ကိုလဲ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေ။


၎င်းကိုယ်တိုင်ပြုခဲ့ရသော ကုသိုလ်တို့၏အရှိန်ကြောင့်၎င်း..

မိမိတို့ပြုလုပ်အားထုတ်ခဲ့ရသော ပရဟိတလုပ်ငန်း၏ မွန်မြတ်သောကုသိုလ်အရှိန်တို့ကြောင့်၎င်း..
ကောင်းမြတ်သော ဘုံဘဝတွင် ရောက်ရှိခံစားနိုင်ပါစေသော်..

အမျှ အမျှ အမျှ


သာဓု သာဓု သာဓု


နိစ္စဒါနပရဟိတအသင်း








No comments:

Post a Comment