Wednesday 2 November 2016

ကိုဇာနည်အောင်မှ နိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို ပြန်လည်အသုံးနိုင်ရန် အလှူငွေ RM100 ကို ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

ကိုဇာနည်အောင်မှ နိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို ပြန်လည်အသုံးနိုင်ရန် အလှူငွေ RM100 ကို ပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
သာဓု..သာဓု.သာဓု..
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)


တရားမမေ့သူ
========
တစ်ရံရောအခါ ကလိင်္ဂတိုင်း၊ ဒန္တပုရမြို့၌ ကရဏ္ဍမင်းအုပ်စိုး၏။ တစ်နေ့သ၌ ထိုမင်းသည် အခြံအရံတို့နှင့် အတူ ဥယျာဉ်တံခါးဝတွင် သရက်သီးမှည့်များ အပြွတ်လိုက်သီးနေသော သရက်ပင်ကို မြင်သည်။
မင်းသည် သရက်သီး သုံးဆောင်လိုသော ဆန္ဒ ဖြစ်လာသဖြင့် ဆင်ပေါ်မှပင် သရက်သီး တစ်ခိုင်ကို လှမ်း၍ ဆွတ်ယူသည်။
ထို့နောက်ကျောက်ဖျာထက်တွင် ထိုင်လျက် သုံးဆောင်၏။
မှူး၊ မတ်၊ ပုဏ္ဏား စသော အခြံအရံတို့သည် သရက်သီးကို မင်းကြီး ဦးဦးဖျားဖျား သုံးဆောင်ပြီးပြီဟု ဆိုကာ ကျန်သရက်သီးများကို ပစ်ခတ်ကြ၏။ လက်လှမ်းမမီသည်တို့ကို တုတ်၊ ခဲ စသည်တို့ဖြင့် ပစ်ခတ်ကြ၏။ ထို့နောက် စားသုံးကြ၏။ တစ်ခဏအတွင်းမှာပင် သရက်ပင်သည် အသီးများ ကင်းမဲ့၍ အကိုင်းအခက်တို့ ကျိုးပဲ့ပျက်စီး သွားကြလေသည်။
မင်းကြီးသည် တစ်နေ့ပတ်လုံး ဥယျာဉ်ကစားပြီးလျှင် ညနေချိန်သို့ ရောက်မှ နန်းတော်သို့ ပြန်မည်ပြု၏။ ထိုအခါ ဥယျာဉ်တံခါးဝ၌ အကိုင်းအခက်တို့ ကျိုးပဲ့ကာ မတင့်မတယ် ဖြစ်နေသော သရက်ပင်ကို မြင်၏။
ဤတွင် သရက်ပင်ရင်း၌ ရပ်လျက် " ဤ သရက်ပင်ကား နံနက်အခါက အကိုင်းအခက် အသီးအခိုင်နှင့် ပြည့်စုံလျက် တင့်တင်လှသည်။ ယခုကား အကိုင်းအခက်တို့လည်း ကျိုးပဲ့နေပြီ။ အသီးအခိုင်တို့လည်း ကင်းမဲ့နေပြီ " ဟူ၍ မြည်တမ်းမိသည်။
သို့ မြည်တမ်းရာမှ မနီးမဝေးရှိ အသီးမသီးသော သရက်ပင်ကို မြင်ပြန်လျှင် " ထိုသရက်ပင်ကား အသီးမရှိ၍ မပျက်စီး။ အကိုင်းအခက်နှင့် ပြည့်စုံလျက် တင့်တယ်စွာ တည်နေဘိသည်။ အလားတူပင် လူ့အဖြစ်သည် အသီးရှိသော သရက်ပင်နှင့် တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့်တူ၏။ ဥစ္စာရှိသူမှာ ဘေးရှိ၏။ ဥစ္စာမရှိသူကား ဘေးမရှိ။ ငါသည် မေ့လျော့နေ၍ မဖြစ်တော့။ အသီးမရှိသော သရက်ပင်ကဲ့သို့ ကျင့်ရာ၏ " ဟူ၍ ဆိုကာ အသီးသီးသော သရက်ပင်ကို အာရုံပြုသည်။
သို့အာရုံပြုရင်း ၀ိပဿနာတရားကို ပွားများရာ ထူးမြတ်သော ဥာဏ်ကို ရ၍ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်) ဖြစ်သွားပေ၏။
သရက်ပင်ရင်း၌ မင်းကြီးရပ်၍ တရား ရှုမှတ်နေသည်မှာ ကြာမြင့်လှသဖြင့် မှူးမတ်တို့က " အရှင်မင်းကြီး၊ ရပ်နေသည်မှာ ကြာမြင့်ပြီ " ဟု သတိပေးကြ၏။
မင်းကြီးက " အမတ်တို့၊ ငါသည် မင်းမဟုတ်တော့၊ ပစ္စေကဗုဒ္ဓါ ဖြစ်နေပြီ " ဟုပြန်၍ မိန့်တော်မူသည်။ အမတ်တို့ကလည်း မင်းကြီး၏ ဖြစ်ပုံကို မသိသဖြင့် ပြန်လည်လျှောက်ထားကြ၏။
" အရှင်မင်းကြီး၊ ပစ္စေကဗုဒ္ဓါတို့ကား အရှင်မင်းကဲ့သို့ မဟုတ်ပါ။
အဘယ်သို့နည်း။"
" အရှင်မင်းကြီး၊ ပစ္စေကဗုဒ္ဓါတို့သည် ဆံ၊ မုတ်ဆိတ် မရှိ။
ဖန်ရေစွန်းသော အ၀တ်ကိုလည်း ၀တ်ကြပါ၏။ "
ဤတွင် မင်းကြီးသည် ဦးခေါင်းကို လက်ဖြင့် သုံးသပ်လိုက်ရာ မင်းအသွင်ပျောက်သွားသည်။ ဆံ၊ မုတ်ဆိတ်တို့ ကင်း၍ ဦးပြည်းဖြင့် ဖြစ်သွားသည်။ မင်းဝတ်တန်ဆာတို့ ကွယ်၍ သင်္ဃန်း၊ သပိတ်စသည်တို့ ဆောင်သော ရဟန်းအသွင် ထင်ရှားဖြစ်ပေါ်သည်။ မြေ၌ မရပ်၊ ကောင်းကင်၌ ရပ်လျက်တည်နေတော်မူသည်။
မှူးမတ်အပေါင်းလည်း အံ့ချီးမဆုံး ဖြစ်ကြသည်။ ပျပ်ဝပ်စွာ ထိုင်လျက် ရိုသေစွာ ရှိခိုးကြသည်။ ပစ္စေကဗုဒ္ဓါဖြစ်နေသော မင်းကြီးက
" သင်တို့အားလုံး ကုသိုလ်ကောင်းမှု ပြုရန် မမေ့လျော့ကြကုန်လင့်။ " ဟူ၍ ဆိုဆုံးမပြီးလျှင် ကောင်းကင်ခရီးဖြင့် ဟိမ၀န္တာရှိ နန္ဒမူလိုဏ်သို့ ကြွသွားလေသတည်း။

No comments:

Post a Comment