Friday 18 November 2016

ကိုသိန်းထွေးအောင်တစ်ယောက် ကောင်းရာ မွန်ရာ ဘုံဌာနသို့ ရောက်ရှိနိုင်ပါစေသော်..

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကွမ်တန်းမြို့ Jalan Beserahတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် (ပျားရချောင်းကျေးရွာ)နေ အဖ - ဦးထွန်းအေး + အမိ ဒေါ်သန်းနွဲ့ တို့၏သားဖြစ်သူ ကိုသိန်းထွေးအောင် အသက်(၂၉) သည် မနေ့ညက ရုတ်တရက် ကွယ်လွန်သွားပါသဖြင့် အတူနေသူငယ်ချင်းများမှ အသင်းထံသို့ အကူအညီတောင်းခံလာရာ ကျနော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ဦးဆောင်သူများသွားရောက်၍ လိုအပ်သည်များ ကူညီပေးခဲ့ကြပြီး ယနေ့ 18/11/2016 သောကြာနေ့ မွန်းလွဲပိုင်းတွင် ကိုသိန်းထွေးအောင်၏ ရုပ်အလောင်းအား ကွမ်တန်းဆေးရုံကြီးမှတဆင့် Gambang သုဿန်သို့ သယ်ဆောင်ကာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြပါသည်။

ကိုသိန်းထွေးအောင်တစ်ယောက် ကောင်းရာ မွန်ရာ ဘုံဌာနသို့ ရောက်ရှိနိုင်ပါစေသော်..
ကိုဇော်မျိုး 
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
 
 
 
 
 
 





No comments:

Post a Comment