Monday 11 September 2017

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် မဌေးဌေးမှ အလှူငွေ RM50 ၊ မစန်းစန်း(kampar)မှ အလှူငွေ RM200 ကို ဘဏ်မှတဆင့် ပေးပို့လှူဒါန်းခဲ့ပါသည်။

မိမိတို့အသင်းမှ ကူညီထောက်ပံ့ပေးမည့် အလှူငွေများသည် မည်သည့်လူမျိုး မည်သည့်ဘာသာ စသည် ရည်ညွှန်းလှူဒါန်းမည်မဟုတ်ပဲ ရခိုင်ပြည်နယ်အတွင်းရှိ အကူအညီလိုအပ်နေသော ပြည်သူများအား ဘာသာလူမျိုးမခွဲခြားပဲ ပရဟိတစိတ်ထားဖြင့် လှူဒါန်းပေးမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် သူတော်ကောင်းတို့ချီးမွှမ်းအပ်သော ထိုဒါနအတွက် ပေးလှူကြသော အလှူရှင်အပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ..
စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းပါစေ.. 
ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









No comments:

Post a Comment