Friday 14 July 2017



လာဘ်ပေးမှုဖြင့် ကွမ်တန်မြို့ရှိ တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား (၂) ဦး၏ အမှုကိစ္စအား ကူညီဆောင်ရွက်ခဲ့ခြင်း

၁။မလေးရှားနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ နိုင်ငံသား အလုပ်သမား(၂) ဦးအား မလေးရှားနိုင်ငံရဲတစ်ဦးကို လာဘ်ပေးမှုဖြင့် တရားရုံး၌ တရားစွဲဆိုထားသည့် ကိစ္စနှင့်ပတ်သက်၍ အဆိုပါမြန်မာနိုင်ငံသား အလုပ်သမား(၂) ဦးအား မလေးရှားနိုင်ငံ၊ Pahan ပြည်နယ်Kuantan မြို့ရှိ တရားရုံးချုပ်တွင် ၁၃-၈-၂၀၁၇ ရက်နေ့ တွင် တရားစီရင်ချက် ချမှတ်မည်ဖြစ်ကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနှစ်(၂၀) သို့မဟုတ် ဒဏ်ကြေး ရင်းဂစ် တစ်သောင်းနှင့်အထက် ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာသံရုံးသို့ ၎င်းအလုပ်သမား (၂) ဦးနှင့် ဆက်စပ်သည့် ​ဆွေမျိုးအသိုင်းအဝန်းမှ ကူညီ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလာပါသဖြင့် သံရုံးမှ ပထမအတွင်းဝန် ဦးသက်ဇော်တိုးမှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

၂။အဆိုပါ မြန်မာနိုင်ငံသား အလုပ်သမား (၂) ဦးအမှုကိစ္စအား ၁၃-၇-၂၀၁၇ ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် မလေးရှားနိုင်ငံ၊ Pahan ပြည်နယ်Kuantan မြို့ရှိ တရားရုံးချုပ်တွင် စတင်ကြားနာ စစ်ဆေးခဲ့ပါသည်။ ကြားနာစစ်ဆေးမှုများအပြီးတွင် တရားသူကြီးမှ ၎င်းတို့ (၂) ဦးအား ထောင်ဒဏ်မှ ပလပ်၍ တစ်ဦးလျှင် ဒဏ်ကြေး ရင်းဂစ် (၃၀၀၀) စီ ချမှတ်၍ တရားစီရင်ခြင်းအမှုကိစ္စအား ပြီးဆုံးခဲ့ပါသည်။ တရားခံ(၂) ဦး ဖြစ်ကြသည့် ပီတာသန်းမောင်သည် ဒုက္ခသည်ဆိုင်ရာ အထောက်အထားကတ်ပြား ကိုင်ဆောင်ထားသည့်အတွက် ယင်းနေ့ညနေ (၁၇၀၀) နာရီအချိန်တွင် ကွင်းလုံးကျွတ် ကင်းလွတ်ခဲ့ပြီး၊ မလားနွန်စားငီး (Lalnunsangi) သည် မည်သည့်အထောက် အထား ကတ်ပြားမှ မရှိဘဲ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့်အတွက် လူဝင်မှု ကြီးကြပ်ရေး အက်ဉပဒေနှင့် ငြိစွန်းသည်ဟု ကောက်ချက်ချ၍ သက်ဆိုင်ရာနယ်မြေ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ဆောင်ခဲ့ပါသည်။ မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဉပဒေအရ ၎င်းအား ထိန်းသိမ်းရေးစခန်းသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။ မလားနွန်စားငီး (Lalnunsangi) အား ထိန်းသိမ်းထားရာစခန်းသို့ မြန်မာသံရုံးမှ သွားရောက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မြန်မာသံရုံးနှင့် OPAMM မလေးရှား
၁၄-၇-၂၀၁၇

No comments:

Post a Comment