Sunday 4 June 2017

Image may contain: 2 people, people sitting and indoor

Image may contain: 3 people, people standingNo automatic alt text available.No automatic alt text available.
Image may contain: 6 people
Image may contain: 1 person, sittingImage may contain: 1 person, smiling, standing and indoor
Image may contain: one or more people and indoorImage may contain: 1 person, sitting and indoor
ကျေးဇူးတင် ဝမ်းမြောက်ပါ၏
************************
28/6/2016 ရက်နေ့တွင် ကျန်းမာရေးအခြေအနေ ဆိုးဝါး၍ကြည့်ရှုမည့်သူ မရှိပဲ ဒုက္ခရောက်နေသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုကျော်မြင့်ကို နိစ္စဒါနလူမှုကူညီရေး ပရဟိတအသင်းမှ သွားရောက်ကြည့်ရှုခဲ့ကြပြီး အခြေအနေအရ အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးနေထိုင်ရာအိမ်သို့ ခေါ်ယူကာ အပြင်ဆေးခန်းတွင်ပြ၍ စောင့်ရှောက်ခဲ့ကြပါသည် ။
သို့သော် အခြေအနေမှာ ပို၍ဆိုးရွားလာသဖြင့် 5/7/2016 တွင် HTAA ကွမ်တန်းအရေးပေါ်ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှု ခံယူစေခဲ့ပါသည်။ သို့သော် အလွန်များလှသော ဆေးကုသစရိတ်ကြောင့် အသင်း၏ရန်ပုံငွေကို တွက်ချင့်ကာ ရက်မကြာမီမှာပဲ ဆရာဝန်၏ခွင့်ပြုချက်ယူကာ ကိုဇော်မျိုးအိမ်သို့ ပြန်လည်ခေါ်ယူကာ စောင့်ရှောက်ထားခဲ့ပြန်ပါသည်။
အိမ်တွင်တစ်လခန့်ထားပြီးသော် မသက်သာသဖြင့် Rawang ACTS သို့ပို့ဆောင်ပေးခဲ့ကာ ၄င်းအတွက်တစ်စုံတစ်ရာ အကူအညီလိုအပ်ပါက အသင်းသို့ဆက်သွယ်၍ အကူအညီတောင်းခံပါရန်လည်း တာဝန်ခံဆရာမကို မှာကြားခဲ့ကြပြီး အလျင်းသင့်သလို အသင်းမှရံခါသွားရောက် ကြည့်ရှုအားပေးမှုများလည်း ရှိခဲ့ကြပါသည်။
ACTS တွင်နေစဉ် ကိုကျော်မြင့်အတွက် ဆေးဝါးကုသရာ၌ လိုအပ်သော ငွေများကိုလည်း အသင်းမှတာဝန်ယူကာ အလျင်းသင့်သလို ဘဏ်မှတဆင့် ပေးဆောင်ခဲ့ကြပါသည်။ယခုအခါ ၄င်း၏ကျန်းမာရေး အခြေအနေမှာ ပြန်လည်ကျန်းမာလာပြီဖြစ်သောကြောင့် မြန်မာပြည်သို့ပြန်နိုင်ရန်အတွက် CI လျှောက်ခြင်း ၊ လေဆိပ်သို့ပို့ဆောင်ပေးခြင်းများကို နှလုံးလှအဖွဲ့မှ မေတ္တာဖြင့် အကျိုးဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ၄င်းအတွက်ကုန်ကျမှု ပြန်စရိတ်ကိုမူ မိမိတို့အသင်းမှပင် ဘဏ်မှတဆင့်ပေးချေခဲ့ကြပါသည်။
ရေစက်ပါလို့ သူများနိုင်ငံမှာ လာဆုံခဲ့ကြပြီး ကံမကုန်လို့ သားသမီး ဆွေမျိုးတွေနဲ့ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ ကိုကျော်မြင့်အတွက် ဝမ်းသာပီတိ ဖြစ်ရသလို လူတစ်ယောက်ရဲ့အသက်တစ်ချောင်းကို စိတ်ရှည် ဇွဲသန် သည်းခံ၍ ကရုဏာရှေ့သွား မေတ္တာထားကာ ပရဟိတစိတ်သက်သက်နဲ့ ကယ်ခွင့်ရခဲ့သော မိမိတို့ပရဟိတညီကိုမောင်နှမများ၏ ကုသိုလ်ပုညအတွက်လဲ တွေးမိကာပီတိဖြာခဲ့မိပါသည်။
ကိုကျော်မြင့်အတွက် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြသော စေတနာရှင်များ ၊ နိစ္စဒါနအသင်းဝင်များ ၊ ပြန်လည်ကျန်းမာသည်အထိ စောင့်ရှောက်ပေးထားသော ACTS မှဆရာမ မနန်းမွန်နဲ့ စေတနာ့ဝန်ထမ်းညီကိုများ ၊ အမြဲတမ်းလိုက်ပါကူညီအားပေးလေ့ရှိသော ကိုသီဟမောင်မောင် ၊ CIနဲ့ လေဆိပ်အထိ ကူညီအကျိုးဆောင်ပေးခဲ့ကြသော နှလုံးလှအဖွဲ့မှ ညီကိုများ အားလုံးကို ကိုကျော်မြင့်ကိုယ်စား ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)မှ အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

No comments:

Post a Comment