Monday 5 June 2017

Image may contain: 5 people, people standing

ကျေးဇူးတင် ဝမ်းမြောက်ပါ၏
*******************
မျက်လုံးထိခိုက်ဒဏ်ရာဖြင့် ပါဟန်းပြည်နယ် ကွမ်တန်းဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိသော ဘာတူးတီဂါး လှေဆိပ်မှ ဦးပိုင်ကိုးကို 4.4.2017 ရက်နေ့ညနေပိုင်းတွင် အသင်းမှဦးဆောင်သူများက ကွာလာလာမ်ပူလေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး မြတ်အုပ်စု ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ညောင်ရှင်ကုန်းကျေးရွာ အဘ - ဦးလှသင်း ၊ အမိ - ဒေါ်တင်လှိုင်တို့၏ သားဖြစ်ပြီး ၎င်း၏ထိခိုက်မိသော မျက်စိကိုမြန်မာပြည်၌ ပြန်လည်၍ကုသနိုင်စေရန် ကွမ်တန်းဆေးရုံမှ ဆရာဝန်၏ထောက်ခံချက်ကို ရယူကာ အသင်းမှတာဝန်ယူ၍ ပြန်ပို့နိုင်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပါသည်။
လူနာ၏ဆေးရုံတွင် ကုန်ကျမှု ကုသစရိတ်များကို ၎င်း၏အလုပ်ရှင်မှ တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ၎င်းပြန်စရိတ်အတွက် CI ဖိုးကုန်ကျငွေကို အောက်ဖော်ပြပါ စေတနာရှင်များကလဲ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြပါသည်။
ငွေနှင်းပွင့် မြန်မာဆိုင် RM.300
ရွေထားဝယ်များဘုံအလှူငွေ RM.300
လှမိုးခိုင် RM 10
မင်းအောင် RM 20
မင်းကြီး RM 20
ရှမ်းအိုး RM 25
ကိုဖြိုး RM25
ဖိုးသီရား RM25
ဖိုးနီရား RM25
သူရိန် RM50
မျိုးအောင် RM50
နေသူရစိုး RM50
ခိုင်ထွန်း RM50
ငယ်ငယ် RM50
ဝင်းသန်း RM50
ကျော်ဌေးလှိုင်RM50 တို့ဖြစ်ပြီး စုစုပေါင်းရငွေမှာ RM1150 ဖြစ်ပါသည်။
လိုအပ်သောငွေများကို နိစ္စဒါနပရဟိတအသင်း၏ အသင်းရန်ပုံငွေထဲမှ စိုက်ထုတ်ကူညီပေးခဲ့ပြီး အားလုံးအဆင်ပြေ ပြီးမြောက်သည်အထိ အသင်းမှတာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
လူနာအတွက် လိုအပ်သော CI လျှောက်ခြင်း ၊ ပူထရာဂျာရာ၌လက်ဗွေနှိပ်ခြင်း စသည်ကိစ္စရပ်များကို အသင်းမှဦးဆောင်သူများနှင့်အတူ သီတဂူအထောက်အကူပြုအဖွဲ့မှ ကိုသီဟမောင်မောင်မှ မေတ္တာဖြင့် လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး ၎င်း၏ဇနီးနှင့်အတူ လေဆိပ်ထိတိုင်အောင်ပင် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ဦးပိုင်ကိုး၏ အမှုကိစ္စအဝဝကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြပါသော လှေဆိပ်ညီကိုများ ၊စေတနာရှင် အလှူရှင်များ ၊ ငွေနှင်းပွင့်မြန်မာဆိုင်မိသားစုနှင့်တကွ မအားလပ်သည့်ကြားက မေတ္တာဖြင့်ပါဝင်ကူညီပေးပါသော ကိုသီဟမောင်မောင်...
စသည်စသည်... ကျေးဇူးတင်ထိုက်သူများအားလုံးကို လူနာ၏ကိုယ်စား ကျွန်တော်များ #နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Zaw Myo (Admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

No comments:

Post a Comment