Friday 12 May 2017

No automatic alt text available.
မလေးရှား ပဲရပ်ပြည်နယ် ကန်ပါမြို့တွင် နေထိုင်လုပ်ကိုင်လျက်ရှိသော မစန်းစန်းမြင့်သည် စေတနာသဒ္ဓါတရား ထက်သန်သူဖြစ်သည်နှင့်အညီ အကူအညီလိုအပ်နေသော နေရာများတွင် အခါအားလျော်စွာ အလှူငွေများပို့လှူပေးလျက်ရှိရာ ယခုအခါတွင် ကျွန်တော်များ မလေးရှားရောက်မြန်မာလူငယ်များ လူမှုကူညီရေးအသင်း(ကွမ်တန်း)၏ ပရဟိတလုပ်ငန်းများတွင် ပါဝင်အင်အားဖြည့်လိုသော စေတနာဖြင့် အသင်းဝင်အဖြစ်ပါဝင်ခဲ့ပါသည်။
သို့အတွက် အသင်းမှသတ်မှတ်သော အသင်းဝင်တစ်ဦး၏ လစဉ်အလှူငွေဖြစ်သော ၁၀ လစာ RM300 ကို အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးအား ဘဏ်မှတဆင့် ထည့်ဝင်ပေးခဲ့ပါသည်။
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

No comments:

Post a Comment