Friday 12 May 2017

Image may contain: 2 people, people sitting
ဘာတူးတီးဂါးလှေဆိပ်တွင် မြန်မာအချင်းချင်း ပြဿနာဖြစ်ရာမှ ဆေးရုံသို့ရောက်ရှိနေသော လှေသားဦးလေးကြီးကိုလဲ အသင်းမှဦးဆောင်သူများ သွားရောက်ကာ လိုအပ်သော အချိုရည်ဗူး ရေသန့်ဗူးနှင့် စားစရာအချို့ကို ပေးအပ်၍ ကြည့်ရှုအားပေးခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Image may contain: 2 people, people sitting, people standing and indoor
ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း (ကွမ်တန်း)မှ ဦးဆောင်သူများသည် ယမန်နေ့ညက မNanh Shan Lapai (ကချင်တိုင်းရင်းသူ)အား လိုအပ်သော ဆေးဝါးကုသမှုများခံယူစေရန် ကွမ်တန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
ဆေးရုံတွင်တစ်နေ့ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးအတန်အသင့် ပြန်လည်ကောင်းမွန်နေပြီဖြစ်သဖြင့် ဆရာဝန်များ၏ခွင့်ပြုချက်အရ ယနေ့ညတွင် ၎င်းနေထိုင်ရာနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)
Image may contain: 2 people, people sitting
30ရက်နေ့က မွေးဖွားသော ကိုဇာနည်+မနှင်းနှင်းတို့၏ ကလေးငယ်အတွက် လိုရာအသုံးပြုနိုင်ရန် အသင်းမှ RM300 ကိုထောက်ပံ့လှူဒါန်းခဲ့ပါသည်။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)


No comments:

Post a Comment