Monday 2 April 2018

ကျွန်​​တော်​များနိစ္စဒါနပရဟိတအသင်းသည်​ မ​လေး​ရှား​ရောက်​ မိမိတို့မြန်​မာပြည်​သားများ၏ အကျိုးစီးပွားကို လိုလားသည့်​အ​လျောက်​ မ​လေးရှားတွင်​လာ​ရောက်​၍ မိသားစုဝမ်း​ရေးအတွက်​ ခက်​ခဲစွာ ရုန်းကန်​​နေကြရ​သော မိမိတို့နိုင်​ငံသားများ၏ ကျန်းမာ​ရေးနှင့်​ပတ်​သတ်​၍ကြုံ​တွေ့ကြရ​သော အခက်​အခဲ ဆင်းရဲဒုက္ခတို့မှ ကင်း​ဝေးကြပါ​စေ သည်​အ​နေဖြင့်​ စွမ်းနိုင်​သည့်​ဘက်​မှ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ရှိပါသည်​။

သို့ပါ​သော်​လည်း စိတ်​ဓာတ်​ပိုင်း ၊ ညီညွတ်​မှုအပိုင်း ၊ စည်းကမ်းပိုင်းတို့၌ မိမိတို့အ​နေဖြင့်​ အားကျရ​သော ၊ ​လေးစားရ​သော ၊ မိမိတို့အသင်းထက်လဲပို၍ စွမ်းနိုင်​​သော ကရုဏာတရား  ၊ ​မေတ္တာတရား ၊ ကိုယ်​ချင်းစာတရား ၊ သစ္စာတရား ၊ အနစ်​နာသမားတို့ဖြင့်​ ​ပေါင်းစည်းကာ မိမိတို့နိုင်​ငံသားများအကျိုးကို ကူညီ​ဆောင်​ရွက်​​ပေး​နေပါ​သော အ​သောကကျန်းမာ​ရေး​ဖောင်​​ရှင်း(စီနိုင်း)၏ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုလုပ်​ငန်းများတွင်​ ကိုယ်​တိုင်​ရသမျှအချိန်​​လေးမှာ အင်​အားဖြည့်​ပါဝင်​ခဲ့သလို အ​သောကကျန်းမာ​ရေး​ဖောင်​​ဒေးရှင်း၏ ကျန်းမာ​ရေး​စောင့်​​ရှောက်​မှုလုပ်​ငန်းများတွင်​ လိုအပ်​သလိုပြန်​လည်​၍အသုံးပြုနိုင်​ပါ​စေရန်​အတွက်​လဲ အလှူ​တော်​​ငွေ Rm500 ကို အသင်းတာဝန်​ရှိသူထံ ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အ​သောကကျန်းမာ​ရေး​ဖောင်​​ဒေးရှင်းအဖွဲ့သားများ ​ဘေးဘယာ​ဝေးကွာ၍ ​​စိတ်​ချမ်း​မြေ့စွာနဲ့ ယခုထက်​ပို၍ ​အများအကျိုးသယ်​ပိုးနိုင်​ကြပါ​စေ​သော်​...။

မောင်​​ဇော်​မျိုး(admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)



No comments:

Post a Comment