Tuesday 21 March 2017

15/3/2017 ရက်နေ့က ဆိုင်ကယ်အက်စီးဒင့်ဖြစ်ကာ pahang ပြည်နယ် Kuantan ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေသော တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်ချီရပ်ကွက်တွင်နေထိုင်သော အဖ-ဦးလှထွန်း+အမိ-ဒေါ်သန်းမေတို့၏သား ကိုအောင်စိုးသည် သူဌေးမရှိ ကူညီမည့်သူမရှိပါသဖြင့် အကူအညီပေးပါရန် အသင်းသို့ အကြောင်းကြားလာသောကြောင့် အသင်းဦးဆောင်သူများ သွားရောက်ကာ လူနာကိုအောင်စိုးအား ဆေးကုသမှုခံယူနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ ပံ့ပိုးကူညီရာတွင် အသင်းရံပုံငွေ လိုအပ်ချက်အရ မိမိတို့ကွမ်တန်းရှိ စေတနာရှင်များကိုလဲ ဝိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံခဲ့ရာ အသင်းဝင်တစ်ဦးဖြစ်သော ဒေါ်မလေးမှတဆင့် အောက်ပါအလှူရှင်များထံမှ ကောက်ခံရရှိသောအလှူငွေများကို အသင်းတာဝန်ခံဖြစ်သော ကိုဇော်မျိုးနှင့် အသင်းဥက္ကဌ ကိုဇော်မြင့်ထံသို့ ပေးအပ်ခဲ့ပါသည်။
ဒေါ်မလေးထံမှ ရရှိသော လူနာအတွက် အလှူရှင်များနှင့် လှူဒါန်းငွေမှာ
မိကမ်း RM50၊ ပပ RM50၊ ကိုဝင်းနိုင် RM50၊ ကိုမျိုးကြီး RM50၊ ဦးမ RM50၊ အာလီ RM50၊ မီးမီး RM100၊ အီမန် RM50၊ ဇာဇာ RM50၊ မင်းဦး RM50၊ မာမူ RM50၊ စိုးအောင် RM50၊ ဒေါ်မလေး 50၊ ပလောင်ညီကို RM100တို့ဖြစ်၍ စုစုပေါင်းအပ်ငွေမှာ RM850 ဖြစ်ပါသည်။
ယင်းငွေပမာဏသည် လူနာကိုအောင်စိုး၏ ဆေးကုသမှုအတွက် မလုံလောက်ပါသော်လဲ မိမိတို့ပရဟိတအသင်းအတွက်မူ တတက်တအားဖြစ်စေခဲ့သဖြင့် ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်း တစ်ဦး၏အခက်အခဲဒုက္ခကို စာနာစိတ် ကိုယ်ချင်းစာစိတ် အချောင်ခိုချင်စိတ်မရှိပဲ ညီညွတ်မှု ရိုင်းပင်းမှုစေတနာများစွာဖြင့် ဝိုင်းဝန်းထောက်ပံ့ လှူဒါန်းပေးကြပါသော အသင်းသူအသင်းသားများ ၊ အမည်ပါ စေတနာရှင်များအား ကျွန်ုပ်တို့နိစ္စဒါနလူမှုကူညီရေးအသင်း(ကွမ်တန်းမြို့)မှ လူနာကိုအောင်စိုးကိုယ်စား ကြည်နူးစိတ်ဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။
ယနေ့နေ့လည်ပိုင်းတွင်ကိုအောင်စိုးမှာ စိုးရိမ်စရာမရှိတော့သဖြင့် ဆေးရုံမှဆင်းလိုက ဆင်းနိုင်ပြီဖြစ်ကြောင်း ဆေးရုံကြီးမှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် အသင်း၏ဦးဆောင်သူများသည် ဆေးရုံသို့သွားရောက်ကာ လူနာအတွက်ပေးဆောင်ရန်ရှိနေသော ဆေးကုသစရိတ်ကို ပေးချေကာ ကိုအောင်စိုးအား ဟာဂျီအာမက်ရှိ ၎င်းနေထိုင်ရာအိမ်သို့ အရောက်ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါသည်။
၎င်းအတွက် ကုန်ကျစရိတ်စုစုပေါင်းမှာ RM 3000 ခန့်ဖြစ်ပြီး စေတနာရှင်များ၏အလှူငွေ RM850အပြင် လိုအပ်သောကျန်ငွေများကို အသင်းရံပုံငွေမှ စိုက်ထုတ်အသုံးပြုခဲ့ကြပါသည်။ အသင်းဝင်များ သာဓုခေါ်ကြပါလေကုန်။ ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

 Image may contain: 4 people, people smiling, people standing and shoesImage may contain: 1 person, sitting and indoor

No automatic alt text available.  No automatic alt text available.
No automatic alt text available.

No comments:

Post a Comment