Thursday 27 April 2017

Image may contain: 3 people, people sitting and night     Image may contain: text

Image may contain: text
Image may contain: 1 person, sitting and indoor
Image may contain: 2 people, people sitting, living room and indoor

Image may contain: 6 people, people sitting and people standing

ပါဟန်းပြည်နယ် ကွမ်တန်းမြို့တွင် သီတင်းသုံးလျက်ရှိသော ဆရာတော်ဦးသြဘာသသည် ကျန်းမာရေးအခြေအနေအရ မြန်မာပြည်သို့ ပြန်ကြွနိုင်စေရန် နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ဦးဆောင်၍ ကွမ်တန်းဒကာ ဒကာမများတို့၏ အထောက်အပံ့ကိုယူကာ လိုအပ်သော ပြန်စရိတ်နှင့်တကွ ဆရာတော်လိုအပ်ရာတွင် အသုံးပြုနိုင်စေရန် နဝကမ္မအလှူငွေများကို အသင်းမှ 24.4.17 ရက်နေ့တွင် ဆရာတော်ခေတ္တတည်းခိုသီတင်းသုံးရာ Taman Sungai Besi ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ဂါရဝပြုလှူဒါန်းပေးခဲ့ကြပါသည်။
ဆရာတော်ပြန်ရန်အတွက် လွယ်ကူအဆင်ပြေစေရန် အဖက်ဖက်မှ ကူညီပေးကြပါသော ကပုန်းနာကူအဖွဲ့မှ ဦးဆန်းဝင်းနှင့်မြန်မာသံရုံးမှ ကိုသီဟမောင်မောင်တို့အား ကွမ်တန်းရှိ ဒါယကာ ဒါယိကာမအပေါင်းတို့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထို့ပြင် ဆရာတော်အား အပြန်စရိတ်အတွက် လှူဒါန်းပေးသူတချို့ကိုလဲ အားလုံးအမြင်ရှင်းပါစေ သည်အနေနဲ့ ဖော်ပါပေးလိုက်ပါတယ်။
ဆရာတော်အပြန်စရိတ်လှူဒါန်းသူ -
ကိုမောင်ညို+မတင်အေး နှင့်အဖွဲ့မှ RM 1150
ကိုမျိုးအောင် မိသားစုမှ RM 300
ဆရာတော်အပြန်စရိတ်မှာ RM1200 ဖြစ်၍ ကျန်ငွေကို ကျောင်းခန်းငှားခအဖြစ် အသင်းမှဖြည့်စွက်ကာ အသုံးပြုခဲ့ပါသည်။
ဆရာတော်ချောမောစွာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိစေရေး အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူအားလုံးကို ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)မှ ကျေးဇူးအထူးတင်ပါကြောင်းနှင့် သာဓု သာဓု သာဓု ခေါ်ဆိုအပ်ပါသည်ခင်ဗျာ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Tuesday 25 April 2017

ပါဟန်းပြည်နယ်ကွမ်တန်းမြို့အတွင်းရှိနေထိုင်ကြကုန်သောညီကိုမောင်နှမအားလုံးရဲ့ကိုယ်စား ကျွန်တော်တို့နိစ္စဒါနအသင်းမှ ကွမ်တန်းဆရာတော်အား ကာယကံ ဝစီကံ မနောကံ ကံသုံးပါးနဲ့ပြစ်မှာမိတာများ ရှိခဲ့ရင်အားလုံးခွင့်လွှတ်ပေးတော်မူပါအရှင်ဘုရားလို့ပြောတော့ ဆရာတော်ကအားလုံးခွင့်လွှတ်ပေးပါတယ်တဲ့..... ကွမ်တန်းမှညီကိုမောင်နှမများလည်း ဆရာတော်မှပြောမှားဆိုမှားရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါတဲ့အားလုံးရဲ့ကိုယ်စား တပည့်တော်တို့လည်း ခွင့်လွှတ်ပါတယ်လို့ ဝင်ခံပြီးပါပြီ။.....အားလုံးပဲလိုအင်ဆန္ဒပြည့်ဝကြပါစေဗျာ.....

Image may contain: 6 people, people sitting and people standing

မလေးရှားနိုင်ငံ ကွမ်တန်းပြည်နယ် ကွမ်တန်မြို့တွင် သီတင်းသုံးနေထိုင်တော်မူသော မြန်မာဘုန်းတော်ကြီး ဆရာတော် ဦသြဘာသသည် ကျောက်ကပ်ရောဂါခံစားပြီး ခြေထောက်နှစ်ဖက်လုံးမှာ ယောင်ကိုင်းကာ လှမ်းမလျှောက်နိုင် ဖြစ်နေပါသည်။
ထို့အပြင် ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်က္ကံတွင်နေထိုင်သူ မလေးရှားနိုင်ငံ အမ်းပန်းမြို့နယ်တွင် နေထိုင်သော ကိုအောင်ဆန်းဝင်း (အဆုတ်ရောဂါသည်)တို့သည် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်မိသားစုများမှ မြန်မာနိုင်ငံသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (OPAMM )ထံ အကူညီပေးရန် အကူညီတောင်းခံသောကြောင့် လူနာအား အမြန်ဆုံးပြန်နိုင်ရန်အတွက် လိုအပ်သောကိစ္ဗရပ်များကို မြန်မာနိုင်ငံသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့(OPAMM)အဖွဲ့ဝင် သီတဂူအထောက်အကူပြုအဖွဲ့(မလေးရှား)နှင့် ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)တို့မှ လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပြီး ယနေ့ (၂၅.၄.၂၀၁၇)ရက်နေ့တွင် ညပိုင်းမြန်မာလေကြာင်းခရီးစဉ် MAIလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ည၁၀း၃၀မိနစ်အရောက် မင်္ဂလာဒုံလေဆိပ်တွင် စောင့်ကြိုနေသောမိသားစု ဒကာ ဒကာမများထံ အရောက်ပို့ဆောင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် မင်္ဂလာဒုံလေဆိပ်တွင် အသင့်စောင့်နေသော နာရေးကူညီမူအသင်း(ရန်ကုန်) K AMBULANCEဖြင့် ဆရာတော်အား သံဃဆေးရုံကြီး ရွှေဂုံတိုင်သို့၊ ၄င်းကျန်လူနာအားမြောက်ဥက္ကလာပဆေးရုံများသို့ ပို့ဆာင်ကာ ပြည်တွင်း ပြည်ပ ပရဟိတအသင်းများ လက်ခြင်းယှက်ကာကူညီဖေးမ ကုသိုလ်ပြုဆောင်ရွက်မည်ဖြစ်ပါသည်။
ကပုန်း(၇)ရက်သားသမီးနာရေးကူညီမူအသင်း (မလေးရှား)
Image may contain: 3 people, people sitting

ပါဟန်းပြည်နယ်ကွမ်တန်းမြို့အတွင်းရှိနေထိုင်ကြကုန်သောညီကိုမောင်နှမအားလုံးရဲ့ကိုယ်စား ကျွန်တော်တို့နိစ္စဒါနအသင်းမှ ကွမ်တန်းဆရာတော်အား ကာယကံ ဝစီကံ မနောကံ ကံသုံးပါးနဲ့ပြစ်မှာမိတာများ ရှိခဲ့ရင်အားလုံးခွင့်လွှတ်ပေးတော်မူပါအရှင်ဘုရားလို့ပြောတော့ ဆရာတော်ကအားလုံးခွင့်လွှတ်ပေးပါတယ်တဲ့..... ကွမ်တန်းမှညီကိုမောင်နှမများလည်း ဆရာတော်မှပြောမှားဆိုမှားရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါတဲ့အားလုံးရဲ့ကိုယ်စား တပည့်တော်တို့လည်း ခွင့်လွှတ်ပါတယ်လို့ ဝင်ခံပြီးပါပြီ။.....အားလုံးပဲလိုအင်ဆန္ဒပြည့်ဝကြပါစေဗျာ.....
ကိုဇော်မျိုး (နိစ္စဒါနပရဟိတအသင်း)

Tuesday 18 April 2017

14/4/2017 သင်္ကြန်အကျနေ့ batu 3 လှေဆိပ်သင်္ကြန်ပုံရိပ်များနှင့် နောက်ရက်တွင် သင်္ကြန်အတွက် သုံးပြီး ပိုငွေများကို ဦးဆောင်သူ ကိုထွန်းထွန်းထိုက်နှင့်အဖွဲ့ဝင်များမှ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)သို့ RM5000 ကို အသင်းလိုအပ်ရာတွင်အသုံးပြုနိုင်စေရန် အသင်းဦးဆောင်သူများထံ အပ်နှံလှူဒါန်းခဲ့စဉ်..
လှေဆိပ်အဖွဲ့သားများ၏ ကောင်းမှုအား ဝမ်းမြောက်စွာ သာဓုခေါ်ကြပါကုန်..
သာဓု သာဓု သာဓု
နိစ္စဒါနပရဟိတအသင်း
Image may contain: 6 people, people sitting and table                    
Image may contain: one or more people and crowd
Image may contain: 4 people, people standing Image may contain: 2 people, people sitting and indoor

Monday 17 April 2017

4/16/2017. ရက်နေ့တွင် မလေးရှားနိုင်ငံ (တိုင်ပင်း)မြို့တွင် တည်ထားကိုးကွယ်တော်မူသော (မဟာအတုလ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး)အား ကျွန်တော်တို့ ကွမ်တန်း နိစ္စဒါနပရဟိတအသင်းမှ လိုအပ်သော အကူအညီများ တက်အားတရွေ့ ကုသိုလ်ယူပေးခဲ့ပါသည်။
အားလုံးနတ်လူ သာဓုခေါ်စေသော် သာဓု သာဓု သာဓု....


ကွမ်တန်းနိစ္စဒါနပရဟိတအသင်း

   







Saturday 1 April 2017

31/3/2017 ရက်နေ့အထိ အသင်းမှ ကောက်ခံရရှိငွေနှင့် ပြန်လည်အသုံးပြုငွေ လက်ကျန်ငွေစာရင်း..

No automatic alt text available. No automatic alt text available.
No automatic alt text available. No automatic alt text available.
Image may contain: text No automatic alt text available.
No automatic alt text available.

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့ ပါဟန်းပြည်နယ် မလေးရှားနိုင်ငံ)