Sunday 26 November 2017

    ကိုမင်းဦး+မအေးမြင့်တို့၏ သားလေး မောင်ဝေယံဟိန်း၏ ၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိင်စေရန် အလှူတော်ငွေ RM300 ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
     ဤကုသိုလ်ကောင်းမှုကြောင့် သားလေးဝေယံဟိန်း၏ မွေးနေ့အခါသမယမှသည် နောက်နှစ်ပေါင်းများစွာထိအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိမ္မာယဉ်ကျေး၍ ထူးချွန်ထက်မြက်သော သားကောင်းရတနာလေး ဖြစ်နိုင်ပါစေလို့ နိစ္စဒါနအဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း










Tuesday 7 November 2017


ကွမ်တန်းမြို့ အိုင်းပူတေးရှိ အလှူရှင်မိသားစုမှ နိစ္စဒါနပရဟိတအသင်းတွင် လိုအပ်သောနေရာများတွင် အသုံးပြုရန်အတွက် rm20အား လှူဒါန်းခဲ့ပါသည်။


















Sunday 5 November 2017


ကွယ်လွန်သူဦးပုနာရေးအတွက်
*************************
ကိုသက်စိုး RM10
ကိုဖြိုးဝေလှိုင် RM50
ကိုသားသား RM50
ကိုမင်းမင်းခိုင် RM50
ကိုကျော်စွာဝင်း RM20
မကြည် RM50
ကိုမြင့်သန်း RM20
ကိုစိုးလင်းနိုင် RM10
ကိုမင်းမင်းဌေး RM50
စုစုပေါင်း RM310 ကို ကွယ်လွန်သူဦးပုအတွက် ရည်စူးကုသိုလ်ပြုနိုင်ရန် နိစ္စဒါနလူမှုကူညီရေးအသင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

ဤရရှိသော အလှူငွေများကို အသင်းမှတဆင့် ဦးပုမိသားစုထံသို့ ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်ခင်ဗျာ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









ကိုအောင်ထူးမှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်စေရန် အလှူတော်ငွေ RM50 ကို စေတနာထက်သန်စွာ ပါဝင်လှူဒါန်းပါတယ်ခင်ဗျာ။

ဤသို့ပြုရ မြတ်ပုည ဒုက္ခလွတ်ပါစေ
ခန္ဓာဒုက္ခ ဝိပါက ဝဋ်မှလွတ်ပါစေ
ဤသို့ပြုရ မြတ်ပုည အမျှရပါစေ

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း






ကိုမျိုးသူရ (another one) မှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုအသုံးပြုနိုင်ပါစေရန် အလှူတော်ငွေ RM50 ကို မွန်သောစေတနာဖြင့် ပါဝင်လှူဒါန်းခဲ့ပါသည်။

ဘေးရန်ကင်းပါစေ
စိတ်ဆင်းရဲခြင်းကင်းပါစေ
ကိုယ်ဆင်းရဲခြင်းကင်းပါစေ
ကျန်းမာချမ်းသာ ကိုယ့်ခန္ဓာ ကောင်းစွာစောင့်ရှောက် မွေးမြူနိုင်ပါစေ

သာဓု သာဓု သာဓု











ယနေ့တွင် ကွယ်လွန်သူ ကိုကျော်မျိုး(ခ)ဦးပု၏(၇)ရက်မြောက် ရက်လည်နေ့တွင် နိစ္စဒါနလူမှုကူညီရေးအသင်း၏(ကိုယ်စား) အသင်းမှစည်းရုံးရေးမှူးဖြစ်သော မယုမှ ကူညီထောက်ပံ့ငွေ (၆၀၀၀၀၀)ခြောက်သိန်းကျပ်တိတိကို ဦးပု၏ဇနီးနှင့်သားထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

*ဘုရားရှင်နှင့်တကွသော သူတော်ကောင်းအပေါင်းတို့သည် ကရုဏာလျှင်ရှေ့သွားပြု၍ သတ္တဝါတို့၏အကျိုးအား သယ်ပိုးခဲ့သည် မှန်ပါ၏*

*ကျွန်ုပ်တို့ပြုအပ်သော ပရဟိတအလုပ်သည်လည်း ဘဝတူညီကိုမောင်နှမများ၏ အကျိုးကိုသာလျှင် ရှေ့ရှုလျက် သနားစာနာခြင်းတည်းဟူသော ကရုဏာစိတ်သာလျှင် ရှေ့သွားပြု၍ ပြုလုပ်ရွက်ဆောင်ကြသည် မှန်ပါ၏*

ဤစကားသည် မှန်သောစကားဖြစ်ပါ၏။ ဤမှန်သောစကားသည် သစ္စာသည်သာဖြစ်၍ ထိုသစ္စာစကားကြောင့် သတ္တဝါများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ..

ကျွန်ုပ်တို့ပြုလုပ် ဆည်းပူးအပ်သော ကုသိုလ်အစုအဖို့တို့ကို ဦးပုအား ..
အမျှ .. အမျှ ...အမျှ ပေးဝေပါ၏။

ကြားရာ သိရာ မြင်ရာ အရပ်ဌာနမှ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေသော်..

အမျှရသည်ဖြစ်၍လဲ ကောင်းမြတ်သော ဘုံဘဝ၌ စံစား ခံစားနိုင်ပါစေသော်..

မှတ်ချက်။ ။ ဆက်သွယ်မေးမြန်းလိုသူများ မေးမြန်းနိုင်ရန် ဦးပု၏သား ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

နိစ္စဒါနပရဟိတအသင်း



Friday 3 November 2017

ကိုအီမန်း+မသီခိုင်တို့၏ သမီးလေး မကြယ်စင်ဖူး၏ ၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိင်စေရန် အလှူတော်ငွေ RM110 ကို ပေးအပ်လှူတန်းခဲ့ပါတယ်ခင်ဗျာ။

ဤကုသိုလ်ကောင်းမှုကြောင့် သမီးလေးမကြယ်စင်ဖူး၏ မွေးနေ့အခါသမယမှသည် နောက်နှစ်ပေါင်းများစွာထိအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိမ္မာယဉ်ကျေး၍ ထူးချွန်ထက်မြက်သော သမီးကောင်းရတနာလေး ဖြစ်နိုင်ပါစေလို့ နိစ္စဒါနအဖွဲ့သားများမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း





Wednesday 1 November 2017

ယခင်ရက်က ကွယ်လွန်သူဦးပု မြန်မာပြည်သို့အလည်မပြန်မီ ၎င်းအတွက်ထည့်ဝင်ရမဲ့ (၁၀)လပိုင်းနှင့် (၁၁)လပိုင်းအတွက် လစဉ်ကြေးနှစ်လစာကို သူပြန်မရောက်မီ အသင်းသို့ မပျက်မကွက်ထည့်ဝင်ပေးပါရန်နှင့် သူပြန်လာလျှင် ပြန်ပေးပါမည်ဟု အသင်းတာဝန်ရှိသူထံ အခါခါမှာကြားခဲ့ပါသည်။

ယခုအခါ ဦးပုသည် မြန်မာပြည်ရှိမိသားစုအိမ်၌ပင် ရုတ်တရက်ကွယ်လွန်ခဲ့ပြီဖြစ်ရာ အသင်းဝင်အဖြစ်မှ ဦးပုအား ပယ်နုတ်ပြီးဖြစ်တော့၏။ ထို့ကြောင့်၎င်းမှာကြားခဲ့သည့်အတိုင်း (၁၀)လပိုင်းနှင့်(၁၁)လပိုင်းအတွက် အသင်းလစဉ်ကြေးကို ထည့်သွင်းဖော်ပြတော့မည်မဟုတ်ပေ။ သို့အတွက် ဦးပုအနေဖြင့်လဲ ထိုငွေကို ပြန်ပေးစရာမလိုတော့ပါ။


သို့သော် အသင်းအတွက် လှူဒါန်းလိုသော ၎င်း၏ဆန္ဒပြည့်ပါစေ ဤအနေဖြင့် အသင်း၏ဦးဆောင်သူနှစ်ဦးမှ ဦးပုအားရည်းစူး၍ အသင်းအတွက် လိုအပ်ရာတွင် ပြန်လည်၍ အသုံးပြုနိုင်စေရန် RM60 ကိုထည့်ဝင် လှူဒါန်းပေးခဲ့ပါသည်။


ကိုကျော်မျိုး(ခ)ဦးပုသည် အသင်း၌တွယ်ငြိခြင်းစိတ်ကိုစွန့်၍ မိမိလိုရာဘုံဘဝသို့ သွားရောက်နိုင်ပါစေ..။ မိမိတို့ပြုသမျှ ကုသိုလ်အဖို့ကိုလဲ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေ။


၎င်းကိုယ်တိုင်ပြုခဲ့ရသော ကုသိုလ်တို့၏အရှိန်ကြောင့်၎င်း..

မိမိတို့ပြုလုပ်အားထုတ်ခဲ့ရသော ပရဟိတလုပ်ငန်း၏ မွန်မြတ်သောကုသိုလ်အရှိန်တို့ကြောင့်၎င်း..
ကောင်းမြတ်သော ဘုံဘဝတွင် ရောက်ရှိခံစားနိုင်ပါစေသော်..

အမျှ အမျှ အမျှ


သာဓု သာဓု သာဓု


နိစ္စဒါနပရဟိတအသင်း









ကိုမင်းမင်းမှ နိစ္စဒါနလူမှုကူညီရေးအသင်း၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သလို ပြန်လည်၍အသုံးပြုနိုင်ပါစေရန် အလှူတော်ငွေ RM50 ကို စေတနာရောက် သဒ္ဓါပေါက်ကာ ထည့်ဝင်လှူဒါန်းပါတယ်ခင်ဗျာ။

ဤကုသိုလ်စေတနာစွမ်းပကားကြောင့်..
ဘေးရန်ကင်းပါစေ..
ကိုယ်ဆင်းရဲ ကင်းပါစေ..
စိတ်ဆင်းရဲကင်းပါစေ..
ကျန်းမာ ချမ်းသာ ကိုယ်ခန္ဓာ ကောင်းစွာ ဆောင်ရွက်နိုင်ပါစေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း














နိစ္စဒါနအသင်းသူ အသင်းသားအားလုံးနှင့် ကွမ်တန်းမြို့ရှိ ညီကိုမောင်နှမများအား အသိပေး နှိုးဆော်အပ်ပါသည်။

လွန်ခဲ့သောလေးရက်ခန့်က ဘဝဟောင်းကို စွန်ခွာ၍ ဘဝသစ်သို့ ပြောင်းရွေ့သွားပြီဖြစ်သော အသင်းဝင် ကိုကျော်မျိုး(ခ)ဦးပု၏ နာရေးအတွက်

ကျွန်တော်/ကျွန်မတို့များ နိစ္စဒါနလူမှုကူညီရေးအသင်းတွင် အသင်းသို့ စတင်ဝင်ရောက်ခဲ့ချိန်မှ လစဉ်အသင်းကြေးကို မပျက်မကွက်ထည့်ဝင်ခဲ့သည့်အပြင် အသင်း၏လူမှုကူညီရေး ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို အလှူငွေများထည့်ဝင်ပေးခြင်း ၊ ကျိုးကြောင်းပြလျက် အသင်းအတွက် ကောင်းနိုးရာရာများကို တိုက်တွန်းအားပေးခြင်းစသည်ဖြင့် ပရဟိတအသင်းဝင်တစ်ဦးပီပီ မိမိတာဝန်ကို မိမိသိတတ်၍ တာဝန်ကျေပွန်ခဲ့သော အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

သို့အတွက်ကြောင့် ဦးပုကိုအကြောင်းပြု၍ ကျန်ရစ်သူမိသားစုများမှ ကုသိုလ်ကောင်းမှုများပြုလုပ်ကာ အမျှအတန်းပေးဝေနိုင်ကြပါစေရန် ရည်သန်၍ အသင်းမှထောက်ပံ့ငွေ ငါးသိန်းကျပ်ကို မတည်ကူညီပေးမှာဖြစ်ပြီး မိမိတို့မိတ်ဆွေအပေါင်းအသင်း ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဦးပုအတွက် နောက်ဆုံးခရီးအနေဖြင့် ကူညီပံ့ပိုးလိုသူများသည်လည်း နိစ္စဒါနလူမှုကူညီရေးအသင်း သို့ဆက်သွယ်၍ နီးစပ်ရာစည်းရုံးရေးမှုးများမှတဆင့်  ကူညီထောက်ပံ့နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

နိစ္စဒါနပရဟိတအသင်း

ဆက်သွယ်ရန် - 0169383574

10 လပိုင်း 2017 အတွက် ငွေစာရင်းရှင်းတမ်းပါ..

မှတ်ချက်။ ။ အသင်းဝင်များသည်၎င်း ၊ အလှူငွေထည့်ဝင်ထားသူများသည်၎င်း 10 လပိုင်းတွင် မိမိတို့အလှူငွေ ထည့်ဝင်ထားသော်လဲ ဤစာရင်းရှိ သက်ဆိုင်ရာ နယ်မြေကိုယ်စားလှယ်များ၏ ဇယားကွက်တွင် မိမိတို့အမည်စာရင်း မပါဝင်ပါက တိတ်တဆိတ်မနေကြပါဘဲနဲ့ မိမိတို့ထံ အလှူငွေကောက်ခံသူ (သို့) အသင်းနာယက ၊ အသင်းဥက္ကဌတို့ထံ အသိပေး မေးမြန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

airputih မှ နယ်မြေကိုယ်စားလှယ်ဖြစ်သော မယုထံသို့ အလှူငွေထည့်ဝင်ထားသော အလှူရှင်များ အသင်းဝင်များအနေဖြင့် ဤစာရင်းတွင် မဖော်ပြနိုင်သည်ကို နားလည်ကြပါရန်နှင့် မယုပြန်ရောက်မှသာ ထိုစာရင်းကို သီးခြားထပ်၍ ကြေငြာပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်.. 
ကိုထွန်းထွန်းထိုက် 0148315464
ကိုဇော်မြင့် - 0169446437
ကိုဝင်းကို - 01133677715