Sunday 12 March 2017

မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ ပကာနာနတ် pontian (မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တောင်ကုတ်)နေ မဝင်းရည် သည် ဂျေဘီ(JB)ဆေးရုံကြီးတွင် ကျောက်ကပ်ဝေဒနာကြောင့် ဆေးကုသမှု့  ခံယူနေရပါတယ်။
ဆေးကုသစရိတ်မှာ မလေးရှားရင်းဂစ် တစ်သောင်းကျော်ခန့်  ကုန်ကျမည်ဖြစ်သောကြောင့် ကုန်ကျမှု့ များပြားနေသဖြင့် ပရဟိတအသင်းများအား လူနာမဝင်းရည်ကိုယ်စား အာသောကကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှတဆင့် အကူအညီတောင်းခံကြောင်းသိရသဖြင့် ကျွန်တော်များ နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)မှလည်း လူနာအတွက် ကုသစရိတ်အဖြစ် RM1000ကို ပေးပို့ပါဝင်လှူဒါန်းခဲ့ပါသည်။
ဝေဒနာရှင်မဝင်းရည် ခံစားရသော ရောဂါဝေဒနာများသည် ပရဟိတရွှေညီကိုမောင်နှများ၏ မေတ္တာကြောင့် အမြန်ဆုံးသက်သာပျောက်ကင်း၍ ချမ်းသာနိုင်ပါစေကြောင်း ကျွန်တော်များကွမ်တန်းရှိ ပရဟိတညီအစ်ကိုမောင်နှမများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

Image may contain: 1 person, standing and indoor

Image may contain: outdoor

Image may contain: text

No comments:

Post a Comment