Saturday 30 December 2017

ကုသိုလ်​ဟူက အကြံရလျှင်​ ချက်​ချင်းပြုပါ
*****************************
ကောင်းကျိုးလိုလား ဤစိတ်​ထားချိန်
ကိုယ်​ကားပါ​စေ ဝစီ​ချွေမြွက်
ကောင်း​ပေတတ်​ကို ​နေ့ညတွက်​နှိုင်း
ချိန်​ရက်​ပိုင်းလို့ ​​စောင့်​ဆိုင်းလို့သာ
မပြုရာဘူး။

ကိုယ်​၏​သေမင်း ကိုယ့်​​သေခြင်းကား
စောင့်​ခြင်းဘယ်​ခါ မရှိရာမို့
ကုသိုလ်​ဟူက မှန်​သမျှကို
ကြံဆမိလျှင်း ခုချက်​ချင်းသာ
မယွင်းသူငါ ပြု​စေပါ​လော့။

စိတ်​က​စေရာ ​ကောင်းနိုးရာကို
ကိုယ်​မှာထကြွ ကြိုးလုံ့လဖြင့်
ပြုကြပါ​လေ မတွန့်​​ပေဟု
ဆု​တွေ​ချွေပြီး စကားချည်းသာ
မဖြစ်​ရာဘူး။

Nicca Dâna

ဇီဝိတံ ဗျာဓိ ကာ​လောစ
ဒေဟနိ​က္ခေပနံ ဂတိ။
ပ​ဉ္စေ​တေ ဇီဝ​လောကသ္မိံ
အနိမိတ္တာန နာယ​ရေ။

၂၉.၁၂.၂၀၁၇ မ​နေ့က ​ကွယ်​လွန်​သူ ​မောင်​​နေမျိုး​အောင်​၏ ရုပ်​အ​လောင်းအားကူညီသဂြိုလ်​​ပေးရန်​ ​ရောက်​ရှိလာ​သော KLမှ နှလုံးလှ​သွေးလှူရှင်​များအသင်းအား ပရဟိတအသင်းအချင်းချင်း အပြန်​အလှန်​ ​ထောက်​ပံ့ကူညီ​သောအားဖြင့်​လည်း​ကောင်း ၊ ကျွန်ေ​တာ်​များကွမ်​တန်းမြို့ရှိ နိစ္စဒါနပရဟိတအသင်းမှ အလှူ​ငွေ RM500 ကို မိမိတို့ပရဟိတညီ​နောင်​များ ​ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းအမှတ်​တရ ဖြစ်​ပါ​စေ ဤအ​နေအားဖြင့်​လည်း​ကောင်း ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။

ကွမ်​တန်းမှအခက်​အခဲဒုက္ခကို မျှ​ဝေခံစားကူညီ​ပေးပါ​​သော နှလုံးလှ​သွေးလှူရှင်​များအသင်းမှ ဦး​ဆောင်​သူများနှင့်​ အသင်းသူ အသင်းသားများအား ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့) မှ နာ​ရေးကာယကံရှင်​များနှင့် ကွ​မ်တန်း​​​ရှိ​ရွှေမြန်​မာညီကို​မောင်​နှမအားလုံးတို့၏ကိုယ်​စား အထူးပင်​​ကျေးဇူးတင်​ရှိပါသည်​။

နှလုံးလှ​သွေးလှူရှင်​များအသင်းကြီး ဆထက်​တိုး၍ (ဉာတတ္ထစရိယာ)အများအကျိုး သယ်​ပိုးရွက်​​ဆောင်​နိုင်​ပါ​စေ​သော်​... ။

နိစ္စဒါနပရ၀ိတအသင်း(ကွမ်​တန်းမြို့)



Friday 29 December 2017


ယ​နေ့တွင်​ နှလုံးလှ​သွေးအလှူရှင်​များအသင်းနှင့်​ နိစ္စဒါနပရဟိတအသင်းတို့ ​ပူး​ပေါင်း၍ ကွယ်​လွန်​သူ​မောင်​​နေမျိုး​အောင်​၏ ကျန်​ရစ်​​သောရုပ်​အ​လောင်းအား ကွမ်​တန်း​ဆေးရုံကြီးမှ ထုတ်​​ဆောင်​ယူကာ jabor သုဿန်​တွင်​ ​ကောင်းမွန်​စွာ သဂြိုလ်​​ပေးခဲ့ကြပါသည်​။

မိမိတို့ပြုခဲ့သမျှ​သော ကုသိုလ်​အဖို့ဘာဂကို ဘဝတမလွန်​​ပြောင်း​ရွေ့သွား​သော ​မောင်​​နေမျိုး​အောင်​အား အမျှ .. အမျှ.. အမျှ.. ​ပေး​ဝေငှပါ၏။ ​ရောက်​ရာ မြင်​ရာ ကြားရာ ဘုံဌာနမှ သာဓု​ခေါ်ဆိုနိုင်​ပါ​​စေ..။ ​ကောင်းမြတ်​​သော ဘုံဌာနများ၌လည်း ​ရောက်​ရှိနိုင်​ပါ​စေ​သော်​...။

နိစ္စဒါနပရဟိတအသင်း







Thursday 28 December 2017


"ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗု​ဒ္ဓေန ဝဏ္ဏိတံ" ဟူ​သော ဘုရားမြတ်​စွာ ​ဟောကြား​တော်​ဆုံးမ​တော်​မူသည့်​အတိုင်း အလှူတို့တွင်​ ​ကျောင်းအလှူသည်​ အမြတ်​ဆုံးအလှူဖြစ်​ပါသည်​။ သို့ဖြစ်​ပါ၍ ကွမ်​တန်းမြို့၌ ဘုန်းကြီး​ကျောင်းဖြစ်​​မြောက်​​ရေးအတွက်​နှင့်​ ​ကျောင်းအတွင်းလိုအပ်​​သော ပစ္စည်းများဝယ်​ယူနိုင်​ရန်​ ​အောက်​ပါအလှူရှင်​များမှ နိစ္စဒါနပရဟိတအသင်းသို့ အလှူ​ငွေများ ထည့်​ဝင်​လှူဒါန်းခဲ့ကြပါသည်​။

၁။ကိုထွန်းထွန်းထိုက်​ မိသာစု RM100
၂။ကိုအီမန်း မိသားစု RM100
၃။ကို​ဇော်​ မိသားစု RM100
၎။ကိုနိုင်​ကြီး မိသားစု RM100
၅။ကို​အောင်​ပု မိသားစု RM100
၆။ကိုသန့်​​ဇော်​ထွန်း မိသားစု RM100
၇။ကိုရုပ်​ဆိုး မိသားစု RM100
စုစု​ပေါင်း RM700 ကိုအသင်းဘဏ္ဍာ​ရေးမှူးထံသို့ ​ပေးအပ်​လှူဒါန်းခဲ့ကြပါသည်​။

အများ​မျှော်​လင့်​​တောင့်​တလျက်​ရှိ​သော ဘုန်းကြီး​ကျောင်းဖြစ်​တည်​​ရေးအတွက်​ အ​ပြောနဲ့သာမဟုတ်​ လက်​​တွေ့အားဖြင့်​လဲ အားတက်​သ​ရောပါဝင်​ လှူဒါန်းကြပါ​သော ​စေတနာရှင်​ ကုသိုလ်​ရှင်​အ​ပေါင်းတို့သည်​ ​..
ဘေးရန်​ခပ်​သိမ်း ကင်း​ဝေးကြပါ​စေ..
စိုးရိမ်​ခပ်​သိမ်း ကင်း​ဝေးကြပါ​သော..
ဆင်းရဲခပ်​သိမ်း ကင်း​ဝေးကြပါ​စေ..
နှလုံးစိတ်​ဝမ်း ​အေးချမ်းကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း

Tuesday 12 December 2017

ကို​နေလင်း​အောင်​မိသားစုမှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးနိုင်​​စေရန်​ အလှူ​ငွေ RM50 ကို ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အလှူရှင်​မိသားစုများ သက်​ရှည်​ကျန်းမာ၍ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း











Monday 11 December 2017

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကွမ်းတန်းမြို့မှာ လုပ်​ကိုင်​ ​နေထိုင်​ကြကုန်​​သော ဗုဒ္ဓဘာသာဝင်​ သူ​တော်​​ကောင်းအ​ပေါင်းတို့ခင်​ဗျာ..

ကျွန်​​တော်​တို့ ကွမ်​တန်းမြို့ကြီးဟာဆိုရင်​ ပြည်​နယ်​တစ်​ခုရဲ့ အကြီးဆုံးအထင်​ကရမြို့ကြီးဖြစ်​ပြီး ​ဗုဒ္ဓဘာသာဝင်​ ​မြန်​မာ​ရွေ့​ပြောင်း အလုပ်​သမားများ အ​တော်​အသင့်​ ရှိ​သောမြို့ကြီးတစ်​မြို့လဲ ဖြစ်​ပါသည်​။ 
သို့​သော်​လည်း ယခင်​သီတင်းသုံး​ခဲ့​သော ကွမ်​တန်​ဆရာ​တော်​ မြန်​မာပြည်​သို့ ပြန်​လည်​ကြွသွားပြီးသည့်​​နောက်​ပိုင်း မိမိတို့​နေထိုင်​ရာမြို့တွင်​ ​ကျောင်းမရှိ ၊ သံဃာမရှိပဲ ​နေလာခဲ့ရာ ဗုဒ္ဓဘာသာဝင်​များအဖို့ ဘုရားပွင့်​ရာကာလဖြစ်​​သော်​လည်း သြကာသကန်​​တော့ချိုးတွင်​ ပါဝင်​​သော ရပ်​ပြစ်​ရှစ်​ပါးတို့တွင်​ တစ်​ခု​သော​နေရာသို့ ​ရောက်​​နေကြသည့်​အလား ကွမ်​တန်းရှိဗုဒ္ဓဘာသာဝင်​များအဖို့ ခါကြီးရက်​ကြီးများနှင့်​ ​မွေး​နေ့အခါသမယများတွင်​ သံဃာရည်​မှတ်​၍ ကုသိုလ်​ပြု ဆွမ်းတစ်​နပ်​လှူဒါန်းရန်​ပင်​ အ​တော်​မလွယ်ကူ​သော အ​ခြေအ​နေဖြင့်​ ကြုံ​တွေ့​နေရသည်​ကို အားလုံးသိရှိ နားလည်​ကြပြီး ဖြစ်​မည်​ထင်​ပါသည်​။
"သင့်​​တော်​ရာအရပ်​မှာ အိမ်​တစ်​အိမ်​ကို ငှါးရမ်းပြီး ဘုန်းကြီး​ကျောင်းအဖြစ်​ထားရှိကာ သံဃာတစ်​ပါးပါးအား ကြွ​ရောက်​သီတင်းသုံး​စေလျှင်​ ​ကောင်းမှာပဲ" ဟု ​ပြောသူ​တွေ များ​သော်​လည်း စင်​စစ်​ဦး​ဆောင်​လုပ်​ကိုင်​လိုသူ မရှိခြင်း​ကြောင့်​ ကွမ်​တန်းအရပ်​သည်​ ရဟန်း​သံဃာနှင့်​ အဆက်​ပြတ်​ခဲ့ရသည်​မှာ အ​တော်​အသင့်​ကြာခဲ့​လေပြီ။
 "သံဃာနဲ့​ဝေး အပါယ်​​ဘေး မ​နှေး​တွေ့လိမ့်​မည်​" ဟု မိမိ၏ဆရာသမားဖြစ်​​သော ဆရာ​တော်​ဘုရား၏ တရားတစ်​ပုဒ်​တွင်​ ထည့်​သွင်းရွတ်​ဆိုခဲ့​သော ထိုစာ​ကြောင်း​လေးကို ပြန်​လည်​အမှတ်​ရမိသဖြင့်​လဲ တိုင်းတစ်​ပါးတွင်​ ​လောဘအရင်းခံသဖြင့်​ ​မောဟ ​ဒေါသတို့ဖြင့်​ စီးပွားရှာကြကုန်​​သော မိမိတို့အဖို့ ရံခါကုသိုလ်​စိတ်​ဖြစ်​၍ ဒါန သီလ ဘာဝနာ စသည်​ ကုသိုလ်​တရားများ ပွားများပြုလုပ်​နိုင်​ရန်​ သံဃာတစ်​ပါး​တော့ ရှိတန်​​ကောင်း၏ဟု ထင်​မြင်​မိပါသည်​။
 "မင်းတို့ အားတဲ့အချိန်​ ဘယ်​မှာရှိလို့လဲ.တစ်​ခုမဟုတ်​ တစ်​ခုလုပ်​​နေကြရတာပဲ မဟုတ်​လား. လူဆိုတာ ကုသိုလ်​ရဖို့ကို မအားတဲ့ကြားထဲက လုပ်​နိုင်​မှ ​တော်​ကာကျတာ.. မ​သေမချင်း လုပ်​ရမဲ့အလုပ်​​တွေထဲ ကုသိုလ်​အလုပ်​သာ ထိပ်​ဆုံးကလို့ မှတ်​ကြစမ်းပါ.. ဒါ​ကြောင့်​ ကုသိုလ်​အလုပ်​ဆိုရင်​ အချိန်​ဆိုင်းမ​နေနဲ့ ၊ သူ့ကြည့် ငါ့ကြည့်​လုပ်မ​​နေနဲ့။ အသက်​ရျူတာ ရပ်​မသွားခင်​ ခပ်​သုတ်​သုတ်​သာ လုပ်​ကြပါ" ဆို​သော သြဝါဒနဲ့အညီ အများသူငါ ကုသိုလ်​ပြုခွင့်​နဲ့ ကုသိုလ်​တရားဖြစ်​ပွားပါ​စေဟု နှလုံးမူလျက်​ မိမိတို့နိစ္စဒါနလူမှုကူညီ​ရေးအသင်းမှ ဦး​ဆောင်​မတည်​ကာ ဘုန်းကြီး​ကျောင်းအတွက်​ သင့်​​တော်​ရာ​နေရာကို 1လပိုင်း 2018တွင်​ စတင်​ငှါးရမ်းရန်​ အိမ်​ရှင်​နှင့်​လဲ သ​ဘောတူထားပြီး ဖြစ်​ပါသည်​။
သို့ဖြစ်​ပါ၍ ကွမ်​တန်းရှိညီကို​မောင်​နှမများအ​နေဖြင့်​ "ဆယ်​ဝါပြည့်​တင်း ဝိဘင်းနှစ်​ဖြာ..စသည်​.." မဟုတ်​​စေကာမူ မိမိတို့နှင့်​ သိကျွမ်းရင်းနှီး​သော ဆရာ​တော်​များထဲမှ သင့်​​လျော်​ရာ ဆရာ​တော်​တစ်​ပါးပါးကို ပင့်​​ဆောင်​၍ သီတင်းသုံး​စေလိုပါက 30.12.2017 ​နေ့ထိ အသင်းထံသို့ ဆက်​သွယ်​​မေးမြန်းနိုင်​ပါ​ကြောင်း ကုသိုလ်​အ​ရေး အသိ​ပေးနှိုး​ဆော်​လိုက်​ရပါသည်​.. သူ​တော်​​ကောင်းအ​ပေါင်းတို့..။

နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို )

နိစ္စဒါနပရဟိတအသင်း၏ အသင်းဝင်တစ်ဦးဖြစ်​သူ ဦး​အောင်​စိုး၏မိခင်​ တနင်္သာရီတိုင်း ထားဝယ်​မြို့ စန်းချီရပ်​​နေ ကွယ်လွန်သူ​ဒေါ်သန်း​မေ၏နာရေးအား ကူညီသည့်အနေဖြင့် အသင်းမှမြန်မာငွေကျပ်၂ သိန်းနှင့်ညီမျှ​​သော RM610 ကို (ကွယ်လွန်သူမိခင်အတွက်ရည်စူး၍ ကုသိုလ်ပြုနိုင်ပါစေ ဤအနေဖြင့်) သားဖြစ်သူ​အသင်းဝင်ဦး​​အောင်စိုး​သို့ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)










Saturday 9 December 2017

မစန်းစန်း​မော်​မှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးနိုင်​​စေရန်​ အလှူ​ငွေ RM100 ကို ​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

အလှူရှင်​မိသားစုများ သက်​ရှည်​ကျန်းမာ၍ ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာကြပါ​စေ..

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း






Thursday 7 December 2017

ကို​ဝေယံ(BHPဆီဆိုင်​)မှ နိစ္စဒါနလူမှုကူညီ​ရေးအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​အသုံးပြုနိုင်​​စေရန်​ RM50 ကို​ ပါဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း




Monday 4 December 2017

3.11.2017ရက်​​နေ့တွင် ​ပီနန်းဆရာ​တော်​ဘုရားကြီး၏ အန္တိမဈာပနသို့ သွား​ရောက်​ကာ ဆရာ​တော်​ဘုရားကြီး၏ရုပ်​ကလပ်​​တော်​အား ​နောက်​ဆုံးအားဖြင့်​ ပူ​ဇော်​ကန်​​တော့ခဲ့ပြီး ဈာပနကျင်းပ​ရေး ​ကော်​မတီအဖွဲ့သို့ အလှူ​တော်​​ငွေ RM500 ကို​ပေးအပ်​လှူဒါန်းခဲ့ပါသည်​။

ဤကုသိုလ်​အဖို့ဘာဂသည်​ ပါဝင်​လှူဒါန်းကြသူ အလှူရှင်​အ​ပေါင်းနှင့်​တကွ အသင်းသူ အသင်းသားအားလုံးတို့၏ ကုသိုလ်​အလှူဖြစ်​ပါသည်​။ ထို့​ကြောင့်​ ကွမ်​တန်းရှိအလှူရှင်​များနှင့်​ အသင်းဝင်​များအားလုံး ဝမ်း​မြောက်​နု​မော်​ သာဓု​ခေါ်နိုင်​ကြပါ​စေ​သော်​...

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း









Friday 1 December 2017

11 လပိုင်း 2017 အတွက် ငွေစာရင်းရှင်းတမ်းပါ..

မှတ်ချက်။ ။ အသင်းဝင်များသည်၎င်း ၊ အလှူငွေထည့်ဝင်ထားသူများသည်၎င်း 11 လပိုင်းတွင် မိမိတို့အလှူငွေ ထည့်ဝင်ထားသော်လဲ ဤစာရင်းရှိ သက်ဆိုင်ရာ ဇယားကွက်တွင် မိမိတို့အမည်စာရင်း မပါဝင်ပါက (စာရင်းတင်​သူမိမိ၏ချွတ်​​​ချော်​မှုလဲ ဖြစ်​​ကောင်းဖြစ်​နိုင်​ပါသည်​။ သို့ဖြစ်​ပါ၍ အကယ်​၍မိမိတို့အမည်​ကို မ​တွေ့ရှိပါက) တိတ်တဆိတ်မနေကြပါဘဲနဲ့ မိမိတို့ထံ အလှူငွေကောက်ခံသူ (သို့) အသင်းနာယက ၊ အသင်းဥက္ကဌတို့ထံ အသိပေး မေးမြန်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်​..
ကိုထွန်းထွန်းထိုက် 0148315464
ကိုဇော်မြင့် - 0169446437
ကိုဝင်းကို - 01133677715









ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်းမှ ပီ်​နန်းဆရာ​တော်​ဘုရားကြီး၏အန္တိမဈာပနပွဲသို့ သွား​ရောက်ပူ​ဇော်​ကန်​​တော့ကြမည်​ဖြစ်​ရာ (လွန်သူမိဘ၂ပါးအားရည်စူး၍) ကိုတင်မောင်ဇော် မိသားစုမှ RM50 ကို နိစ္စဒါနပရဟိတအသင်းသို့ ထည့်​ဝင်​လှူဒါန်းခဲ့ပါတယ်​ခင်​ဗျာ... 

ဤသို့ပြုရ လှူဒါန​ကြောင့်​..
စိုးရိမ်​ခပ်သိမ်း​​​ကင်းကြပါ​စေ 
ကြောင့်​ကြခပ်​သိမ်းကင်းကြပါ​စေ
ဆင်းရဲခပ်​သိမ်းကင်းကြပါ​စေ
နှလုံးစိတ်​ဝမ်း ​အေးချမ်းကြပါ​စေ

သာဓု သာဓု သာဓု


နိစ္စဒါနပရဟိတအသင်း









ကမ္ဘာ့သာသနာပြု ​ကျေးဇူးရှင်​ပီနန်းဆရာ​တော်​ဘုရားကြီး၏ အန္တိမဈာပနပူဇာပွဲသို့ ကျွန်​​တော်​တို့နိစ္စဒါနပရဟိတအသင်းမှ သွား​ရောက်​ပူ​ဇော်​ကန်​​တော့ကြမည်​ဖြစ်​ပါသည်​။ သို့ဖြစ်​ပါ၍ သဒ္ဓါတက်​အားသ​ရွေ့ လှူဒါန်းလိုသူများ လှူဒါန်းနိုင်​ကြပါ​ကြောင်း ကွမ်​တန်းက​ရွှေညီကို သူ​တော်​​ကောင်းအ​ပေါင်းတို့အား အသိ​ပေးနှိုး​ဆော်​အပ်​ပါသည်​။
••••••••••••••••••••

ကို​ဇော်​+မ​လေးနွယ် RM 50
နေဝင်းထွန်း+မိနန္ဒာ RM 30
ခွန်​မိုးည RM100
ကိုမဟာ​ဌေး RM40
လှမိုးခိုင်​ RM20
အသီးသီး ကုသိုလ်​ပါဝင်​လှူဒါန်းထားပြီး ဖြစ်​ပါ​ကြောင်း ထပ်​တင့်​​ဖော်​ပြအပ်​ပါသည်​။

သာဓု သာဓု သာဓု

နိစ္စဒါနပရဟိတအသင်း