Tuesday 27 December 2016

ကိုဆန်းဝင်းကြီး အမြဲပြောလေ့ရှိတယ်..
ကွမ်တန်းမှာ မောင်ဇော်မျိုးလဲ အမြဲပြောလေ့ရှိတယ်..
ဒါပေမဲ့.... နေနိုင်တဲ့သူများလဲ နေနိုင်ကြတယ်..
ကွမ်တန်းကဆရာတွေ ဖြစ်လာရင်တော့ ......... 
ဆရာပွတို့ ဆရာမောင်တို့ ဆရာကြီးတို့တွေလဲ ညသန်းခေါင်တောင် မအိပ်နိုင်ကြပါဘူး...
>>>>>>>>>>>>>>>>>>>>
နာရေးကူညီမှုဥက္ကဌ​ပြောခဲ့တဲ့စကား​လေး ​ပြောပါရ​စေ.
အရက်​ဘီယာကျ မထနိုင်​​အောင်သောက်​ကြတယ်။ အလှူခံရင် ​ပိုက်​ဆံ၁ကျပ်က​လေး​တောင် ​မထည့်ချင်ကြ​ဘူးတဲ့။ အဲ့လိုလူ​တွေ တစ်ခုခုဖြစ်​ရင်​ မ​နေတတ်​မ​နေနိုင်​တဲ့သူ​တွေကပဲ ကူညီ​ပေးကြရတယ်​တဲ့။ ဒါ​ကြောင့် အားလုံးပဲ တစ်ဖက်​တစ်လမ်းက​နေ နိုင်​ငံခြားမှာ​နေစဉ်​ ပရဟိတအလုပ်​က​လေး​​​တွေကို လုပ်​​ဆောင်​ကူညီနိုင်​​အောင်​ ကြိုးစား​ပေးကြပါလို့.....


သူငယ်​ချင်းအားလုံး တတ်​နိုင်​သ​လောက်​ကူညီ​​ပေးကြပါ။ ​ဆေးရုံကဆင်းဖို့အခက်​ခဲ ​တွေ့​နေပါတယ်။ ​မ​လေး​ငွေ28000ရှင်းဖို့ လိုအပ်​​နေပါတယ်။ ​တတ်​နိုင်​သ​လောက်​ ကူညီ​ပေးကြရန်​ ​မေတ္တာရပ်​ခံအပ်​ပါသည်။ ​ကပုန်းနာ​ရေးကူညီမှုအသင်းနှင့် ​အ​သောကကျန်းမာ​စောင့်ရှောက်​ရေးအသင်းတို့လဲ တတ်​နိုင်​သ​လောက်​ကူညီသွားပါမည်​။ အလုပ်​လုပ်​တဲ့အချိန်​ သေချာစွာလုပ်​ကိုင်​ကြပါ သူငယ်​ချင်းတို့​ရေ။.တကယ်​ဖြစ်လာရင် ​အရမ်းစိတ်​ညစ်​စရာ​တွေချည်းပါ။ ပရဟိတစိတ်​ဓာတ်​​လေးရှိ​အောင်​ နာ​ရေးကူညီမှု ဥက္ကဌ​ပြောခဲ့တဲ့စကား​လေး​ပြောပါရ​စေ.
အရက်​ဘီယာကျ မထနိုင်​​အောင်သောက်​ကြတယ်။ အလှူခံရင် ​ပိုက်​ဆံ၁ကျပ်က​လေး​တောင် ​မထည့်ချင်ကြ​ဘူးတဲ့။ အဲ့လိုလူ​တွေ တစ်ခုခုဖြစ်​ရင်​ မ​နေတတ်​မ​နေနိုင်​တဲ့သူ​တွေကပဲ ကူညီ​ပေးကြရတယ်​တဲ့။ ဒါ​ကြောင့် အားလုံးပဲ တစ်ဖက်​တစ်လမ်းက​နေ နိုင်​ငံခြားမှာ​နေစဉ်​ ပရဟိတအလုပ်​က​လေး​​​တွေကို လုပ်​​ဆောင်​ကူညီနိုင်​​အောင်​ ကြိုးစား​ပေးကြပါလို့.....
မေတ္တာဖြင့်....................

Image may contain: 1 person, sitting and sleeping   Image may contain: 7 people


Wednesday 21 December 2016

ယခုလအသင်းဝင်များထံမှ လက်ရှိကောက်ခံရရှိငွေနှင့်ပြန်လည်အသုံးပြုငွေ လက်ကျန်ငွေစာရင်း.။

ယခုလအသင်းဝင်များထံမှ လက်ရှိကောက်ခံရရှိငွေနှင့်ပြန်လည်အသုံးပြုငွေ လက်ကျန်ငွေစာရင်း.။ အလှူငွေထည့်ဝင်ထားပြီးသော အသင်းဝင်များအနေဖြင့် ဤစာရင်းတွင်မပါဝင်ပါက Nicca Dâna အကောင့်သို့ cb မှ ဖြစ်စေ ကိုဇော်မျိုးထံသို့ viber ကဖြစ်စေ အကြောင်းကြား အသိပေးကြပါခင်ဗျာ ။ ။
adim ko zaw myo
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

No automatic alt text available.No automatic alt text available.

No automatic alt text available.No automatic alt text available.

No automatic alt text available.

Tuesday 13 December 2016

ယခုလ နိစ္စဒါနပရဟိတအသင်းသို့ ပါဝင်လှူဒါန်းကြသော စေတနာရှင်အလှူရှင်များစာရင်းပါ။

ယခုလ နိစ္စဒါနပရဟိတအသင်းသို့ ပါဝင်လှူဒါန်းကြသော စေတနာရှင်အလှူရှင်များစာရင်းပါ။
အများအကျိုးအတွက် ပါဝင်လှူဒါန်းကြသူများ၏ စေတနာဒါန ဤကောင်းမှုအဖို့ကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုကြပါကုန်..။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

No automatic alt text available.No automatic alt text available.

88 food court မှ ရွှေညီကိုများမှ ကျွန်တော်များနိစ္စဒါန ပရဟိတအသင်း၏ လူမှုကူညီရေးလုပ်ငန်းများတွင် လိုအပ်သလိုပြန်လည်၍ အသုံးပြုနိုင်စေရန် အလှူငွေ RM 160 ကိုပါဝင်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
သာဓု. သာဓု. သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)

"အဓိဋ္ဌာန်"

တစ်နေ့တစ်ကျပ် ရက်မပြတ်
နေ့ဆက်ကုသိုလ် ပြုပါ့မယ်။
တစ်လသုံးဆယ် စုလို့ရယ်
ပေါင်းစုကုသိုလ် ပြုကြမယ်။

ငါတို့လက်များ ပေါင်းစုအား
လူပီသဖို့ ရှေ့သို့သွား။
ဆင်းရဲဒုက္ခ ရောက်သူများ
တို့စွမ်းအားနဲ့ ပြုံးစေသား။ ။

နိစ္စ ဒါန
Image may contain: 4 people, people standing

17.11.2016ရက်နေ့ညတွင် ကွယ်လွန်သွားသော မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် (ပျားရချောင်းကျေးရွာ)နေ အဖ - ဦးထွန်းအေး + အမိ ဒေါ်သန်းနွဲ့ တို့၏သားဖြစ်သူ ကိုသိန်းထွေးအောင်၏ရုပ်အလောင်းအား 18.11.2016 တွင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြပြီး စိတ်ဝေဒနာဖြင့်ကျန်ရစ်သူ ၄င်း၏ဇနီးအား မြန်မာပြည်သို့ ပြည်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးဝန်ထမ်းများအကူအညီဖြင့် မြန်မာသံရုံး၌ CI လျှောက်ပေးခြင်း ၊ လိုအပ်သော အထောက်အထား စာရွက်စာတမ်းများအတွက် မလေးလဝကသို့ ပို့ဆောင်ပေးခြင်း စသည်အပြင် အပြန်စရိတ်အတွက် လိုအပ်သော ငွေကြေးထောက်ပံ့ပေးမှုများကို ကျနော်များနိစ္စဒါနပရဟိတအသင်းမှ လိုက်ပါဆောင်ရွက်ကူညီပေးခဲ့ပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

Image may contain: 1 person, standingImage may contain: 1 person, standing

ညအချိန်မတော် 888 food court အနီးတွင် မြွေကိုက်ခံရသဖြင့် အသင်းထံသို့ အကူအညီတောင်းခံလာသော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိန်ဗန်ကျေးရွာနေ အဖ - ဦးရန်ခိုလွန်း ၊ အမိ - ဒေါ်လိန်ဘ တို့၏သား ပေါင်နို့ (ချင်း) အား ကျနော်များ နိစ္စဒါနပရဟိတအသင်းမှ ဦးဆောင်သူများလိုက်ပါ၍ ကွမ်တန်းဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင်၍ဆေးဝါးကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)