Sunday 12 March 2017

တိုင်ပင်းမြို့၌ တည်းထားကိုးကွယ်ကြမည့် ရွှေတိဂုံပုံတူစေတီတော်အား 12 ရက်နေ့ ရွှေသင်္ကန်းကပ်လှူရန် သွားကြမည့်အစီအစဉ်အား အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်လိုက်ပါကြောင်းနှင့် 16/4/2017 နေ့ ထီးတော်တင်ပွဲသို့ သွားရောက်ပါမည့်အကြောင်း အသိပေးကြေငြာအပ်ပါသည်။
ထီးတော်တင်ပွဲသို့ လိုက်ပါလိုသော ကွမ်တန်း(ပါဟန်း)မှ ညီကိုမောင်နှမများအနေဖြင့် 14/4/2017 နောက်ဆုံးထား၍ ကိုဇော်မျိုးထံသို့ ကြိုတင်ကာ စာရင်းပေးထားကြပါရန် ဖြည့်စွက်ကြေငြာအပ်ပါသည်။
နိစ္စဒါနပရဟိတအသင်း (ကွမ်တန်းမြို့)

မလေးရှားနိုင်ငံ Kampar မြို့တွင် နေထိုင်လုပ်ကိုင်လျက်ရှိကြသော ကုသိုလ်ရှင်များဖြစ်ကြသည့်...
ကိုမြင့်သူ+မစန်းစန်းမြင့် မိသားစု RM95
ဧရာရွှေစင်မြန်မာဆိုင်မိသားစု RM50
ကိုဇော်ကြီး RM50
ကိုကုလားကြီး RM50
ကိုပြုံး RM50
ကိုထက်လင်း RM30
မစန်းစန်းRM20
ဒေါ်စန်းစန်းနွယ် RM30
မီးမီးသွန်း မြတ်ရတီမိုး 15
ကိုဝေလင်းဦး RM20
မနှင်းခိုင် RM15
မဂျူးမေ RM15
ကိုသက်ခိုင် RM10
အားလုံးပေါင်း RM 450 ကို မလေးရှားနိုင်ငံတိုင်ပင်းမြို့ သာသနာ့ရက္ခတောရ(SBS)ရှိ
ဥာဏ်တော် ၂၇ ပေအမြင့်ရှိသော ရွှေတိဂုံပုံတူ မဟာအတုလ ဆုတောင်းပြည့်စေတီတော် တည်ထားကိုးကွယ်ရာတွင် ကုသိုလ်ဒါနပါဝင်နိုင်စေရန် ရည်သန်၍ ကျွန်တော်များနိစ္စဒါနပရဟိတအသင်း(ကွမ်တန်း)သို့ ဘဏ်မှတဆင့်ပေးပို့ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။
ဤသို့ လှူဒါန်းရသော ကုသိုလ်ရှင်များတို့သည်..
ထိမဲ့ခလုတ် ဆုတ်ပါစေ..
လာမဲ့ဘေး ဝေးပါစေ..
မသူတော်ဘေးမှ ဝေးပါစေ..
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ..
ဤသို့ ကာလဒါနကုသိုလ်ကို လှူဒါန်းရသော ကုသိုလ်စေတနာတို့သည် နိဗ္ဗာန်၏အထောက်အပံ့ကောင်း ဖြစ်ပါစေသတည်း။
သာဓု.. သာဓု.. သာဓု
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့)
No automatic alt text available.  No automatic alt text available.

No comments:

Post a Comment