Thursday 1 February 2018

လွန်​ခဲ့​သော ၆ ရက်​​ကျော်​က ကွယ်​လွန်​အနိစ္စ​ရောက်​သွား​သော ဦးသန်း​အောင်​အတွက်​ ရည်​စူး၍ တစ်​ဆိုင်​တည်းအတူလုပ်​ကိုင်​သူမှ အလှူ​တော်​​ငွေ Rm100 ကို ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း၏ ပရဟိတလုပ်​ငန်းများ​ဆောင်​ရွက်​ရာတွင်​ လိုအပ်​သလို ပြန်​လည်​၍အသုံးပြုနိုင်​​စေရန်​အတွက်​ လှူဒါန်းခဲ့ပါသည်​။

သာဓု သာဓု သာဓု

ထို့ပြင်​ ကွယ်​လွန်​သူ ဦးသန်း​အောင်​သည်​  ယ​နေ့ ကျန်​ရစ်​သူ သူငယ်​ချင်းတစ်​စု၏ ပရဟိတအတွက်​ လှူဒါန်းရ​သော ​ကောင်းမှုကံ​စေတနာ..

(၇)ရက်​​မြောက်​​နေ့၌ နိစ္စဒါနဝိဟာရ​ကျောင်း(ကွမ်​တန်းမြို့)ရှိ သံဃာ​တော်​အရှင်​မြတ်​တို့အား သင်္ကန်း၊ထီး၊ဖိနပ်​၊ယပ်​ အစရှိ​သော ပရိက္ခရာစုံတို့ကို လှူဒါန်းရ​သော ​ကုသိုလ်​ကံ​စေတနာ...

ဘုရားအမှူးရှိ​သော သံဃာ​တော်​အရှင်​မြတ်​တို့အား ဆွမ်း​ဘောဇဉ်​ အဖြာဖြာတို့ဖြင့်​ ပြုစုလုပ်​​ကျွေး ဆက်​ကပ်​လှူဒါန်းခြင်းဟူ​သော ကုသိုလ်​ကံ​စေတနာ..

ကျောင်း​နေရာငှါးရမ်းခအတွက်​ လှူဒါန်းရ​သော ဝိဟာရဒါန​ကောင်းမှုကံ​စေတနာ... စသည်​ဖြင့်​..

အသိဉာဏ်ပညာရှိ​သော မိ​​ဘ​ကောင်း ဆရာသမား​ကောင်းတို့၏ သား,တပည့်​များ ဖြစ်​ကြသည့်​အား​လျော်​စွာ ဦးသန်း​အောင်​ ​မ​သေဆုံးမီကာလ နာမကျန်းဖြစ်​စဉ်ကလည်း ပြုသင့်ြ​ပုအပ်​​သော အမှုတို့ကို မအားသည့်​ကြားက ​စေတနာအပြည့်​ စိတ်​ဓာတ်​အပြည့်​ဖြင့်​ ကိုယ်​တိုင်​ပါဝင်​​ဆောင်​ရွက်​ကြခြင်း ၊ ​သေပြီးကာလမှာလဲ ပြုသင့်​ပြုအပ်​​သော ကုသိုလ်​များကို ပြုလုပ်​ကြ၍ အမျှအတန်း ​ပေး​ဝေကြခြင်း စသည်​တို့သည်​ မိတ်​​ဆွေစစ်​ မိတ်​​ဆွေမှန်​များ၏ အင်္ဂါရပ်​များသည်​ ဖြစ်​ပါသည်​။  မိတ်​​ဆွေတု မိတ်​​ဆွေ​ယောင်​များကား ထိုသို့မဟုတ်​ကြပါ။

ထို့​ကြောင့်​ ယ​နေ့ မိတ်​​ဆွေစစ်​များ၏ ပြုလုပ်​အပ်​​သော ​ကောင်းမှုအစုစုတို့ကို ကွယ်​လွန်​သူ ဦးသန်း​အောင်​သည်​ ​ရောက်​ရာ ကြားရာ ဘုံဌာနမှ ဝမ်း​မြောက်​စွာ သာဓု​ခေါ်ဆိုနိုင်​ပါ​စေ​ကြောင်းနှင့်​ ဦးသန်း​အောင်​တစ်​​ယောက်​ ​ကောင်းရာဘုံဘဝသို့ လား​ရောက်​နိုင်​ပါ​စေ​ကြောင်း ဆုမွန်​​ကောင်း ​တောင်းအပ်​ပါသည်​​။

နိစ္စဒါနပရဟိတအသင်း



No comments:

Post a Comment