Friday 2 February 2018

အကြိမ် (၂၀)-မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး၌ ဟောကြားသော ဖားအောက်တောရဆရာတော်ကြီးရဲ့ သြ၀ါဒ


အကြိမ် (၂၀)-မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး၌ ဟောကြားသော ဖားအောက်တောရဆရာတော်ကြီးရဲ့ သြ၀ါဒ

ဤကဲ့သို့သော သံဃာ့ အစည်းအဝေးကြီးမှာ တပည့်တော်၏ သြ၀ါဒကထာထက် ပိုမိုသင့်လျော်သော သြ၀ါဒကထာမှာ ဘုရားရှင်တို့၏ သြ၀ါဒကထာပင် ဖြစ်ပါသည်ဘုရား။ အရှင်ဘုရားတို့ ကြားဖူးကြသည့်အတိုင်း သြ၀ါဒ ပါတိမောက္ခပါဠိတော်လာရှိ (ပါဠိရွတ်) သြ၀ါဒ ပါတိမောက္ခပါဠိတော်ကို ဖွင့်ဆိုတော် မူကြကုန်သော အဋ္ဌကထာတို့နဲ့အညီ ရဟန်းတို့ည်သည် မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ၊ သမထ ၀ိပဿနာ ကုသိုလ်တို့ဖြင့် ပြည့်စုံစေရာ၏၊ မိမိ၏ အဆင့်ကို အရဟတ္တမဂ်၊ အရဟတ္တဖိုလ် တိုင်အောင်သော သမထ ၀ိပဿနာ ရေစင်၊ မဂ်ရေစင်တို့ဖြင့် ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင် ဆေးကြောသုတ်သင်လျက် ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမပင် ဖြစ်ပေ၏။ အဓိသိက္ခာ အမည်ရသော သိက္ခာပုဒ်သည် မွန်မြတ်သော အကျင့်သည် နိဗ္ဗာန်ကို () သည်ဟု ဘုရားရှင်က ဟောတော်မူ၏။

ရဟန်းဟူသည် သူတပါးကို မညှဉ်းဆဲရာ၊ သူတပါးကို ညှဉ်းဆဲသောသူသည် ရဟန်းမဟုတ်။ သူတပါးကို မကဲ့ရဲ့ မစွပ်စွဲရ၊ မညှဉ်းဆဲရ၊ ပါတိမောက္ခ သာဝရ သီလကို စောင့်ရှောက်ရာ၏။ စားရာ၌အတိုင်းအရှည်ကို သိရ၏။ ဆိတ်ငြိမ်သော ကျောင်းရှိရာ နေရာသို့ ကြွရောက်နေထိုင်ရ၏။ သမာပတ်ရှစ်ပါးတည်းဟူသော () သိက္ခာကို ပွားများအားထုတ်ရ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမ ဖြစ်ပေ၏။ ပါဠိတော်၊ အဋ္ဌကထာတို့နဲ့အညီ အထက်ပါ သြ၀ါဒပါဠိတော် ဆိုလိုရင်းမှာ ရဟန်းတော်ဟူသည် ပါတိမောက္ခသာဝရ သီလ၊ အိန္ဒြိယ သာဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ ပစ္စယသန္နိဿိတသီလ ဤသီလလေးပါးတည်းဟူသော အဓိသီလသိက္ခာ၊ သမာပတ်ရှစ်ပါးတည်းဟူသော အဓိစိတ္တသိက္ခာ၊ အရဟတ္တမဂ် တိုင်အောင်သော ၀ိပဿနာ ဉာဏ်စဉ်ဟူသော အဓိပညာသိက္ခာ ဤသိက္ခာသုံးရပ် အကျင့်မြတ်တို့အပေါ် အရဟတ္တမဂ်တိုင်အောင်သော ကုသိုလ်ရေစင်တို့ဖြင့် မိမိတို့၏ စိတ်တွေကို ကိလေသာ အညစ်အကြေးတို့မှ ကင်းစင်အောင် ဆေးကြောသုတ်သင်ကြပါ။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒကထာ ဖြစ်ပေသည်။ ဤအဆုံးအမ သြ၀ါဒကထာကို ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ ပြည့်ပြည့်စုံစုံ ကျင့်ကြံတော်မူကြပါဟု ရိုသေလေးမြတ်စွာ တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။

သာသနာတော်ကြီး အရှည်တည်တံ့ရေးအတွက် ပရိယတ်တခုတည်းဖြင့် တည်တံ့အောင် စွမ်းဆောင်နိုင်ကြမည် မဟုတ်ပါဘုရား။ ပရိယတ်၊ ပဋိပတ်နှစ်ခုစလုံး ညီတူတိုးတက်အောင် စွမ်းဆောင်နိုင်ကြပါမှ သာသနာတော်ကြီး အရှည်တည်တံ့ခိုင်မြဲမည် ဖြစ်ပါသည်ဘုရား။ သို့အတွက် ပရိယတ်တရားတော်နဲ့ လျော်ညီသော ပဋိပတ်ကျင့်စဉ်များ တိုးတက်ထွန်းကားရေးတွက် ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ အနေဖြင့် ဦဆောင်ကာ ကြိုးပမ်းတော်မူကြပါရန် လျှောက်ထား တောင်းပန်အပ်ပါသည်ဘုရား။ (ဖားအောက်တောရ ဆရာတော်ကြီး - ၂၉-၀၁-၁၈)https://www.facebook.com/bhikkhuguninda/videos/1370833179695348/

                       

No comments:

Post a Comment