Sunday 5 November 2017

ယနေ့တွင် ကွယ်လွန်သူ ကိုကျော်မျိုး(ခ)ဦးပု၏(၇)ရက်မြောက် ရက်လည်နေ့တွင် နိစ္စဒါနလူမှုကူညီရေးအသင်း၏(ကိုယ်စား) အသင်းမှစည်းရုံးရေးမှူးဖြစ်သော မယုမှ ကူညီထောက်ပံ့ငွေ (၆၀၀၀၀၀)ခြောက်သိန်းကျပ်တိတိကို ဦးပု၏ဇနီးနှင့်သားထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။

*ဘုရားရှင်နှင့်တကွသော သူတော်ကောင်းအပေါင်းတို့သည် ကရုဏာလျှင်ရှေ့သွားပြု၍ သတ္တဝါတို့၏အကျိုးအား သယ်ပိုးခဲ့သည် မှန်ပါ၏*

*ကျွန်ုပ်တို့ပြုအပ်သော ပရဟိတအလုပ်သည်လည်း ဘဝတူညီကိုမောင်နှမများ၏ အကျိုးကိုသာလျှင် ရှေ့ရှုလျက် သနားစာနာခြင်းတည်းဟူသော ကရုဏာစိတ်သာလျှင် ရှေ့သွားပြု၍ ပြုလုပ်ရွက်ဆောင်ကြသည် မှန်ပါ၏*

ဤစကားသည် မှန်သောစကားဖြစ်ပါ၏။ ဤမှန်သောစကားသည် သစ္စာသည်သာဖြစ်၍ ထိုသစ္စာစကားကြောင့် သတ္တဝါများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ..

ကျွန်ုပ်တို့ပြုလုပ် ဆည်းပူးအပ်သော ကုသိုလ်အစုအဖို့တို့ကို ဦးပုအား ..
အမျှ .. အမျှ ...အမျှ ပေးဝေပါ၏။

ကြားရာ သိရာ မြင်ရာ အရပ်ဌာနမှ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေသော်..

အမျှရသည်ဖြစ်၍လဲ ကောင်းမြတ်သော ဘုံဘဝ၌ စံစား ခံစားနိုင်ပါစေသော်..

မှတ်ချက်။ ။ ဆက်သွယ်မေးမြန်းလိုသူများ မေးမြန်းနိုင်ရန် ဦးပု၏သား ဖုန်းနံပါတ်ကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

နိစ္စဒါနပရဟိတအသင်း



No comments:

Post a Comment