Wednesday 1 November 2017

နိစ္စဒါနအသင်းသူ အသင်းသားအားလုံးနှင့် ကွမ်တန်းမြို့ရှိ ညီကိုမောင်နှမများအား အသိပေး နှိုးဆော်အပ်ပါသည်။

လွန်ခဲ့သောလေးရက်ခန့်က ဘဝဟောင်းကို စွန်ခွာ၍ ဘဝသစ်သို့ ပြောင်းရွေ့သွားပြီဖြစ်သော အသင်းဝင် ကိုကျော်မျိုး(ခ)ဦးပု၏ နာရေးအတွက်

ကျွန်တော်/ကျွန်မတို့များ နိစ္စဒါနလူမှုကူညီရေးအသင်းတွင် အသင်းသို့ စတင်ဝင်ရောက်ခဲ့ချိန်မှ လစဉ်အသင်းကြေးကို မပျက်မကွက်ထည့်ဝင်ခဲ့သည့်အပြင် အသင်း၏လူမှုကူညီရေး ပရဟိတလုပ်ငန်းများတွင် လိုအပ်သလို အလှူငွေများထည့်ဝင်ပေးခြင်း ၊ ကျိုးကြောင်းပြလျက် အသင်းအတွက် ကောင်းနိုးရာရာများကို တိုက်တွန်းအားပေးခြင်းစသည်ဖြင့် ပရဟိတအသင်းဝင်တစ်ဦးပီပီ မိမိတာဝန်ကို မိမိသိတတ်၍ တာဝန်ကျေပွန်ခဲ့သော အသင်းသားတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

သို့အတွက်ကြောင့် ဦးပုကိုအကြောင်းပြု၍ ကျန်ရစ်သူမိသားစုများမှ ကုသိုလ်ကောင်းမှုများပြုလုပ်ကာ အမျှအတန်းပေးဝေနိုင်ကြပါစေရန် ရည်သန်၍ အသင်းမှထောက်ပံ့ငွေ ငါးသိန်းကျပ်ကို မတည်ကူညီပေးမှာဖြစ်ပြီး မိမိတို့မိတ်ဆွေအပေါင်းအသင်း ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ဦးပုအတွက် နောက်ဆုံးခရီးအနေဖြင့် ကူညီပံ့ပိုးလိုသူများသည်လည်း နိစ္စဒါနလူမှုကူညီရေးအသင်း သို့ဆက်သွယ်၍ နီးစပ်ရာစည်းရုံးရေးမှုးများမှတဆင့်  ကူညီထောက်ပံ့နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

နိစ္စဒါနပရဟိတအသင်း

ဆက်သွယ်ရန် - 0169383574

No comments:

Post a Comment