Monday 13 February 2017

MIECO MANUFACTURING SDN BHD
Lot 74, Kuantanတွင် လုပ်ကိုင်နေသော အောင်လံမြို့နယ် သမ္ဘူလအုပ်စု ဆတ်ဆူဝကျေးရွာရှိ အဖအမည် - ဦးဝင်းတင်၊ အမိအမည် - ဒေါ်အေးဟန်တို့၏သားမာင်တင်မိုးအောင်သည်....
လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက် ဒဏ်ရာရရှိပြီး ၅လခန့်ကြာသည့်တိုင် စက်ရုံမှ ထိရောက်သောကုသမှုမပေးခြင်း၊ ၎င်းစက်ရုံရှိအလုပ်သမားများအား ၃လတစ်ကြိမ်မှလစာရှင်းပေးခြင်းနှင့် သက်ဆိုင်ရာအေးဂျင့်များက ငွေရပြီးရောဆိုသော လုပ်ရပ်များကြောင့် ထိုစက်ရုံရှိ မြန်မာအလုပ်သမားတချို့နဲ့အတူ မြန်မာပြည်သို့  ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်များနိစ္စဒါနပရဟိတအသင်းမှ သတင်ကြားကြားချင်း သွားရောက်ကာ ၅လခန့်အလုပ်မလုပ်နိုင်ရှာသော မောင်တင်မိုးအောင်အတွက် ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
ထို့ပြင် ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိပါက လတ်တလောအနေဖြင့် ဒဏ်ရာကို ဆေးဝါးကုသမှုပြုနိုင်စေရန် အသင်းမှ မြန်မာငွေ သုံးသိန်းကျပ်ကို ထပ်မံ၍ ကူညီထောက်ပံ့ပေးခဲ့ပါသည်။
စကားကြွင်း ။ ။ လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုအတွက် မောင်တင်မိုးအောင်၏ ရသင့်ရထိုက်သော ခံစားခွင့်အချို့ကို ရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့သော မြန်မာသံရုံှးအလုပ်သမားရေးရာဌာနမှ တာဝန်ရှိသူများကို (လူနာမိသားစုကိုယ်စား) အထူးကျေးဇူးတင်ရှိပါကြောင်း. ။
နိစ္စဒါနပရဟိတအသင်း(ကွမ်တန်းမြို့) ပါဟန်းပြည်နယ် မလေးရှား။
Image may contain: 1 person, hat and closeupImage may contain: foodImage may contain: one or more people

No comments:

Post a Comment