Friday 3 February 2017


" သိသူဖော်စား -မသိသူကျော်သွား "
သာသနာနှစ်၂၅၆၀သို့ ရောက်ခဲ့လေပြီ။ သာသနာနှစ်၂၅၀၀မှ ၃၀၀၀အတွင်းကာလကို ဝိမုတ္တိခေတ်၊ ဝိပဿနာထွန်းကားပြန့်ပွားမည့်ကာလဖြစ်၍ ဗုဒ္ဓဘာသာသာသနာတော်ကမ္ဘာသို့ ပြန့်ပွားမည်သာမက အရိယာနွယ်ဝင် သူတော်စင်များမြောက်များစွာ ပေါ်ထွန်းကြတော့မည့်ကာလဖြစ်ပေသည်။ သာသနာနှစ်၂၅၀၀၌ ဆဌမအကြိမ် သင်္ဂါယနာတင်ပွဲကို မြန်မာပြည်တွင်ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်းမှစ၍ ဗုဒ္ဓ၏အဆုံးအမများကို ဘာသာမျိုးစုံဖြင့် ရေးသားထုတ်ဝေဖြန့်ဖြူးခဲ့ကြ၍ ကမ္ဘာသူကမ္ဘာသားများစွာ လေ့လာခွင့်ရရှိခဲ့ပါသည်။ ဝိပဿနာဆိုသည့်ဝေါဟာရကိုလည်း သာသနာ့ဝန်ဆောင်ဆရာတော်ကြီးများအဆက်ဆက် မိန့်ဆိုဟောကြားလေ့ကျင့်သင်ကြားပေးခဲ့ကြသည်မှာ ဖားအောက်ဆရာတော်ကြီးလက်ထက်တွင် ရှေးရိုးလမ်းဟောင်းအတိုင်း ကျင့်ကြံပွားများ အားထုတ်ခွင့်ရကြနေပြီ ဖြစ်ပါသည်။ ဖားအောက်ဆရာတော်ကြီးသည် အနာဂတ်သာသနာတော်အတွက် ပရိယတ်နှင့်ညီညွတ်သော အကျင့်ပဋိပတ်ကို ရှေးရိုးလမ်းဟောင်းအတိုင်း တိတိကျကျခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း ဟောကြားရေးသားလေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ ဖားအောက်ဆရာတော်ကြီးသည်အနာဂတ်သာသနာတော်အတွက် ဗုဒ္ဓဘုရား၏ အဆုံးအမကျင့်စဉ်တရားတော်များအား ကမ္ဘာသို့ ပြန့်ပွားရန် ရည်ရွယ်တော်မူခဲ့ပါသည်။ ဖားအောက်ဆရာတော်ကြီး၏ အဆုံးအမသြဝါဒကို ခံယူပြီး သာသနာတော်အတွက် ဆောင်ရွက်ခွင့်ရသူများနှင့် ကျင့်ကြံပွားများအားထုတ်ခွင့်ရသည့်ပုဂ္ဂိုလ်များသည် မဟာကံထူးရှင်များဖြစ်ကြပါသည်။ ဝိမုတ္တိခေတ်ဆိုသည့် အရိယာနွယ်ဝင်သူတော်စင်များပေါ်ထွက်တော့မည့်ကာလသည် နှစ်ပေါင်း(၄၄၀)ကျန်ရှိနေပါ၍ လူတို့၏သက်တမ်းဖြင့်တွက်လျှင် လူ့ဘဝသို့ အနည်းဆုံး (၆)ဘဝပြန်လာပြီး သံသရာမှ လွတ်အောင် ကျင့်ကြံပွားများအားထုတ်ခွင့်ရှိနေကြပါသည်။ လက်ရှိအချိန်ကာလသည် ဖားအောက်ဆရာတော်ကြီးနှင့် ဆုံတွေ့နေရပြီဖြစ်၍ မိမိအကျိုးနှင့် အနာဂတ်သာသနာ့အကျိုးအတွက် ကုသိုလ်ရယူစေလိုပါကြောင်း----
https://www.facebook.com/%E1%80%96%E1%80%AC%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%9B-Pa-auk-Tawya-Main-1642148706042919/?ref=page_internal

Min Yar Zar (Kuantan Pahang Malaysia)
Image may contain: 1 person

Image may contain: cloud, mountain, sky, outdoor and nature

Image may contain: sky, mountain, outdoor and nature

No automatic alt text available.

No automatic alt text available.


Image may contain: 2 people

No comments:

Post a Comment