Monday 2 April 2018

ကျွန်​​တော်​များ နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်း)သည်​ မ​လေးရှား​ရောက်​မြန်​မာနိုင်​ငံသားများ၏ အကျိုးစီးပွားကို လိုလားသည့်​အ​လျောက်​ မိမိတို့နိုင်​ငံသားများ၏ ကျန်းမာ​ရေး သာ​ရေး နာ​ရေး စသည့်​ အဖက်​ဖက်​မှ မိမိတို့စွမ်းနိုင်​သ​လောက်​ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ ရှိပါသည်​။

ထို့အတူ ပရဟိတလုပ်​​ဆောင်​​နေကြ​သော အသင်းအဖွဲ့များတွင်​ မိမိတို့အ​နေဖြင့်​ ​လေးစားအားကျရ​သော ​အသင်းအဖွဲ့များလည်း ရှိပါ၏။ ဤတွင်​ မိမိတို့အသင်းတွင်​ ရန်​ပုံ​ငွေ မလုံ​လောက်​​သော်​လည်း (လတ်​တ​လောအ​ခြေအ​နေအရ) သူတပါးထံ၌ ​ချေးငှါးအ​ကြွေးတင်​ခံ၍ မိမိတို့တာဝန်​ယူ ကူညီ​ဆောင်​ရွက်​​ပေးရ​သော လူနာအဆင်​​ပြေ​စေ​ရေး ၊ မြန်​မာပြည်​သို့လွယ်​ကူစွာ ပြန်​လည်​​ရောက်​ရှိနိုင်​​ရေး စသည်​အတွက်​ (စွမ်းနိုင်​သည်​ထက်​ပို၍) ​စေတနာအပြည့်​ဖြင့်​ ကူညီ​ဆောင်​ရွက်​​ပေးလျက်​ရှိ​သော  ဂျိုဟိုး ရတနာစက္ကနာကူအသင်း ၊ JBAO ၊ သာသနာ့​ရောင်​ခြည်​အသင်း ၊ ထွန်းသစ်​စပရဟိတအသင်း စသည်​ လူမှုကူညီ​ရေးအသင်းအဖွဲ့များ၏ ပရဟိတစိတ်​ဓာတ်​များကား (ယူလိုသူများမဟုတ်​ ကူလိုသူများ ၊ နာမည်​ရလိုသူများမဟုတ်​ ​ပေးဆပ်​သူများသာဖြစ်​၍)​လေးစားအတုယူစရာ​ပေ။

ဂျိုဟိုးမြို့သို့ ​ရောက်​ခိုက်​မှာ ၎င်းအဖွဲ့များ၏ဦး​ဆောင်​သူများနှင့်​အတူ ပရဟိတလုပ်​ငန်းများတွင်​ လိုက်​ပါအင်​အားဖြည့်​ခွင့်​ရသဖြင့်​လဲ အလွန်​​ကျေနပ်​မိပါ​၏။ အထူးသဖြင့်​ ရတနာစက္ကမှ ဦး​အောင်​ ၊ ထွန်းသစ်​စမှ ကိုထွန်းထွန်း ၊ မနက်​ကစ မိုးချုပ်​သည့်​တိုင်​ တစ်​​နေ့လုံးပရဟိတအတွက်​ အချိန်​​ပေးကာ လိုက်​ပါ​ဆောင်​ရွက်​​ပေးပါ​သော JBAO ကို​အောင်​မျိုးဦး တို့သည်​ကား ​လေးစားစရာပင်​။


ထို့​ကြောင့်​ မိမိတို့မစွမ်း​သော်​လည်း စွမ်းနိုင်​သူများပြုကြသည့်​ ပရဟိတလုပ်​ငန်းများတွင်​ မုဒိတာပွား​သောအားဖြင့်​ ရတနာစက္ကနာ​ရေးကူညီမှုအသင်းတွင်​ လိုအပ်​သလိုအသုံးပြုနိုင်​​စေရန်​ RM300 ကို အသင်းကိုယ်​စားလှူဒါန်း​ပေးခဲ့ပါသည်​။

ရတနာစက္ကနာ​ရေးကူညီမှုအသင်းကြီး ပရဟိတသစ္စာဖြင့်​ ယခုထက်​ပို၍ မိမိတို့၏နိုင်​ငံသားများ၏အကျိုးကို သယ်​ပိုးထမ်းရွက်​နိုင်​ပါ​စေ​သော်​..

မောင်​​ဇော်​မျိုး(Admin)
နိစ္စဒါနပရဟိတအသင်း(ကွမ်​တန်းမြို့)



No comments:

Post a Comment